By Shwe Kyaw, Shweproperty.com
Updated at 8 April 2020
လက်ရှိအချိန်သည် ကိုဗစ် ၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ်အကျိုးဆက်များ သက်ရောက်နေသည့်အချိန်ပင်ဖြစ်သည်။ ထိုအကျိုးဆက်နှင့်အတူ အခွင့်အရေးများလည်းရှိနေသည်။ ထိုအခွင့်အရေးများသည် အိမ်ရာ ဝယ်ယူလိုသူအတွက်ဟု ဆိုနိုင်ပေမည်ဖြစ်သည်။ အိမ်ခြံမြေဈေးကွက်အတွင်း အိမ်ရာချေးငွေ ဘဏ်အတိုးနှုန်းများ လျှော့ချခြင်းများကြောင့် လည်းကောင်း ရောင်းရန်စိုင်းပြင်းနေသော အိမ်ရာအများအပြားရှိနေခြင်းကြောင့်လည်းကောင်း ယခု အချိန်သည် ဝယ်ယူက စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိမည့် အချိန်ကာလဖြစ်သည်။ တနည်းအားဖြင့် ဝယ်သူ့ဈေးကွက် ပီပြင်လာသည်ဟု ဆိုရပေမည်။ ဝယ်သူ့ဈေးကွက် ပီပြင်လာမှုနှင့်အတူ အိမ်ရာဈေးနှုန်းများလည်း ကျဆင်းလာနိုင်ကြောင်း ယူဆနိုင်သည်။ စင်ကာပူနိုင်ငံတွင်လည်း ပုဂ္ဂိလက အိမ်ရာဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း Colliers International (စင်ကာပူ) က သုံးသပ်ထားသည်။ Covid-19 ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိပြီး စင်ကာပူနိုင်ငံ၏အိမ်ခြံမြေ အရောင်းအဝယ်များ သိသိသာသာ ကျဆင်းလာကြောင်းတွေ့ရသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်အတွင် ပုဂ္ဂိလက အိမ်ခြံမြေဈေးနှုန်းများသည် တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းအထိကျဆင်းနိုင်ကြောင်း Colliers International (စင်ကာပူ) က သုံးသပ်ထားသည်။
Written By: Shwe Kyaw (ShweProperty.com)
Poseted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties