By Kumudra, Shweproperty.com
Updated at 23 July 2018
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က အခု ၂၀၁၈ ခုနှစ်အတွင်းမှာ ကောင်းလာနိုင်တယ်လို့ Colliers International Consulting ကုမ္မဏီက သိရပါတယ်။
လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်းမှာ ဈေးကွက်ကကျဆင်းနေပေမဲ့ ဝယ်လိုအားလုံးဝကျဆင်းနေတာမျိုး မဟုတ်ဘဲ အငှားဈေးကွက်မှာလည်း ကောင်းမွန်နေဆဲပဲလို့ ဆိုပါတယ်။
'အိမ်ခြံမြေဈေးကွက်မှာဆိုရင် နိုုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအခန်းမြေငှားလာတာတွေလဲ မြင့်တက်လာပြီး အစိုးရအနေနဲ့ ကွန်ဒိုဥပဒေ၊ နည်းဥပဒေတွေအနည်းငယ် ဖြေလျှော့ပေးပြီး လမ်းဖွင့်ပေးလိုက်ရင် အလားအလာကောင်းနိုုင်ပါတယ်လို့ Colliers International Deputy Managing Director Myanmar Karlo Adrain Pobre က ပြောပါတယ်။
ငှားရမ်းမှုတွေအနေနဲ့ဆို တယ်လီနောတို့လို၊ အူရီဒူးတို့လို ကုမ္မဏီကြီးတွေဝင်ရောက်လာပြီး မြေငှား၊ အခန်းငှားတာတွေမြင့်လာပြီး တယ်လီနောဆိုရင်အစပိုင်းမှာ ၃ဝဝ စတုရန်းမီတာလောက်ပဲရှိတယ်။ နောက်စက်မှု ၁ လမ်းထဲတာဝါဆောက်လုပ်လာတယ်။ အူရီဒူးက ဆိုရင်လည်း MICT Park ထဲမှာနေရာရပြီးတော့ နိုုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကြီးတွေလုပ်ကိုင်လာကြတယ်လို့ Karlo Adrian Pobre က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့တွင်းအခန်းအငှားတွေမှာဆိုရင်လည်း နေရာအလိုက်ဖြစ်နေပြီး ရန်ကုန်မြို့ကိုသုံးနေရာပိုင်းခြားထားပါတယ်။
မြို့တွင်းခုနစ်မြို့နယ်မှာဆိုရင်လည်း ရုံးခန်းအငှားတွေများပြီးတော့ နောက်ပိုင်းမှာဆိုရင် ရန်ကင်း၊ ဗဟန်းတို့၊ အလုံတို့၊ ကမာရွတ်၊ ကြည့်မြင်တိုင်တို့၊ ဒဂုံတို့ဘက်တွေတိုးချဲ့လာကြပါတယ်။
ရန်ကင်း၊ ဗဟန်းဘက်မှာဆိုရင် ပရောဂျက်ကြီးတွေ တည်ဆောက်နေတာတွေကြောင့် downtown အပြင်ဘက်ကို ထပ်ချဲ့လိုက်ရင်ကောင်းတဲ့နေရာတွေဖြစ်ပြီး အိမ်ခြံမြေ ဈေးကွက်ကလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနိုင်တယ်လို့သိရပါတယ်။ ဒါ့ပြင်ဈေးကွက်လိုအပ်ချက်ဖြစ်တဲ့ Service Apartment တွေပေးနိုင်ရင် ဈေးကွက်ပြန် ပြီး အားကောင်းလာနိုုင်ပါတယ်။
ဈေးကွက်လိုအပ်ချက်
မြန်မာနိုင်ငံရဲ့အများစုဆောက်လုပ်တဲ့ ကွန်ဒိုတွေကဆို 3 bedroom၊ 4 bedroom တွေဈေးကွက်ထဲများနေပြီးတော့ နိုုင်ငံခြားသားတွေအခက်အခဲရှိပြီး ဈေးနှုန်းတွေ ပိုပြီးများနေတယ်လို့ သိရပါတယ်။
ဒါ့ပြင် ကြီးကျယ်ခမ်းနားတဲ့ ရေကူးကန်တွေ၊ စားသောက်ဆိုင်ကြီးတွေထားတာထက် gym၊ ကော်ဖီဆိုင်လေးတွေလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လုပ်ပေးသင့်တယ် လို့ ဆိုပါတယ်။
'နိုင်ငံခြားသားတစ်ယောက်နှစ်ယောက်လောက်လာရင် အခန်းငှားမယ်ဆိုရင် အခန်းတစ်ခန်း၊ နှစ်ခန်းလောက်ပဲ ငှားဖို့စိတ်ဝင်စားတာများတယ်၊ ရန်ကုန်ကို နိုင်ငံခြားသားတွေ စီးပွားရေးလုပ်ဖို့လာတာများတယ်၊ အဲဒီလိုအခန်းသုံးခန်း ၊ လေးခန်းလောက်ငှားရင်ပိုက်ဆံပိုကျမယ်၊ နောက်ပိုင်းလဲအဆင့်မြင့်တဲ့ဈေးကြီးတာတွေပဲပိုဆောက် လာကြတယ်၊ bed-room ကလေးတွေအများဆုံးလိုအပ်နေတယ်လို့ Karlo Adrian Pobre က သူ့ရဲ့အကြံပြုချက်ကိုထည့်သွင်းပြောပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ မြင့်မားတဲ့ အခြေအနေကနေ မှန်ကန်သွားတဲ့ ဈေးဘက်ကိုကျဆင်းသွားပြီးတော့ ရောင်းချသူတွေဘက်ကဝယ်လိုအားနဲ့ကိုက်ညီတဲ့ထုတ် ကုန်တွေထုတ်ပေးနိုင်ရင် ဈေးကွက်မှာ ပိုပြီးအားကောင်းလာနိုုင်မှာဖြစ်ပါတယ်လို့ သိရပါတယ်။
တန်ဖိုးကြီးတဲ့ ကွန်ဒိုတွေကိုဝယ်လိုအားနည်းမယ်။ တန်ဖိုးသင့် Apa- rtment တွေဘက်ဝယ်လာကြမယ်။ ဒါကြောင့် ဝယ်လိုအားက လုံးဝကျဆင်းတာမျိုးမဟုတ်ဘဲ ရောင်းချသူတွေအနေနဲ့ ဈေးကွက်လိုအပ်ချက်နဲ့အညီ ဆောင်ရွက်နိုင်ရင် ဈေးကွက်မှာကောင်းမွန်လာနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာဆိုရင် အခန်းဝယ်ယူတဲ့ သူတွေမှာ ၂၀၁၂ခုနှစ်က ၂၀၁၄ ခုနှစ်ထိ အခန်းဝယ်ယူမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီးတော့ ၂၀၁၅ ခုနှစ်မှာ ပြန်ကျသွားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာဆိုရင်ဝယ်လိုအားဟာမျှတတဲ့ ဈေးနှုန်းတွေ၊ နိုုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတာကြောင့် ၇၀ ရာခိုင်နှုန်းအထိပြန် တက်လာနိုင်ဖို့ ခန့်မှန်းထားကြောင်းသိရပါတယ်။
မြေဈေးကွက်
မြေဈေးကွက်မှာဆိုရင် သာမန်ရောင်းလိုအားဝယ်လိုအားထက်ပိုတဲ့ဈေးမြင့်တက်နေတာကြောင့် မြေဈေးကွက်မှာဝယ်လိုအားမရှိသလောက်ဖြစ်နေပါတယ်။
ရန်ကုန်ရဲ့ တချို့နေရာတွေမှာဆိုရင် တစ်စတုရန်းပေကို ဒေါ်လာတစ်သောင်းလောက်ပေါက်ဈေးရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် အဆင်မပြေမှုတွေရှိနေပေမဲ့ မြေပိုင်ရှင်တွေအနေနဲ့ ဈေးဆက်ထိန်းထားတာတွေရှိတယ်။
မြေဈေးကွက်ဝယ်လိုအားမရှိပေမဲ့ မြေပိုင်ရှင်တွေကဆက်ထိန်းထားတယ်။ မြေဈေးက သာမန်ရောင်းလို အားထက်ပိုတဲ့ စုဆောင်းစရိတ်ပါပါတာကြောင့် မြေဈေးက အလိုလိုနေရင်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။
မြေဈေးနှုန်းမြင့်မားရခြင်းမှာ အရင်တုန်းက ငွေကြေးဖောင်းပွမှုတွေများတဲ့အချိန်က ငွေကိုဘဏ်မှာမအပ်ဘဲ မြေ=ကို ဥစ္စာဓနပိုင်ဆိုင်မှုနဲ့ အနာဂတ်စုဆောင်းမှုတွေအဖြစ် ဝယ်လာကြပြီး လက်ရှိမှာဆိုရင် သူတို့အနေနဲ့ စုဆောင်းမှုစရိတ်ပါ ပါနေတာကြောင့် ဈေးကွက်မှာ မြင့်တက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties