By Myanmar Builders Guide, Shweproperty.com
Updated at 3 July 2018
ယခုနှစ်အတွင်း အိမ်ခြံမြေအရောင်း၊ အငှားဖြစ်ထွန်းမှု သွက်သွက်လက်လက်ဖြင့် ပြန်လည်မြင့်တက်လာနေကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှသိရသည်။
“ ဝါကျွတ်ကာလပြီးတဲ့ နောက်ပိုင်းမှာဆိုရင်တော့ ပြန်ပြီးတော့ တက်လာမယ်လို့ မှန်းထားပါတယ်။ ၂ဝ၁၇ နဲ့ ၂ဝ၁၈ ယှဉ်လိုက်မည် ဆိုလျှင် ပထမသုံးလပတ်အတွင်း အရောင်းရော၊အငှားပါ ၂ဝ၁၈ ခုနှစ်မှာ ပိုပြီးတော့ဖြစ်လာတာကို တွေ့ရတယ်။ ၁၅ ရာခိုင်နှုန်းလောက်အထိ ပိုပြီးတော့ ဖြစ်လာတယ်″ ဟု သိရသည်။
ထို့ပြင် အရောင်းအဝယ်အေးစက်နေသည့် ရန်ကုန်မြို့ဧရိယာနှင့် စီမံကိန်းဖော်ဆောင်မည့်နေရာများတွင် အိမ်ခြံမြေအရောင်း၊ အဝယ်များ ပိုမိုဖြစ်ထွန်းနေကြောင်း သိရသည်။
“ အရမ်းအေးတဲ့ ကာလမှ နည်းနည်းလေး သက်ဝင်လှုပ်ရှားလာပါတယ်။ တကယ်လည်း အရောင်းအဝယ်လုပ်လာကြတယ်။ တကယ်လည်း ပြန်ဖြစ်လာတယ်။ ငွေကတော့ နည်းနည်းပြန်ပေါ်လာတယ်။
ဖြစ်လာတဲ့ဟာက ရန်ကုန်မြို့ဆိုရင် ဖွံ့ဖြိုးပြီးတဲ့ မြို့နယ်တွေက တော်တော်လေး အရောင်းအဝယ်အေးသွားတာပေါ့။ ဈေးသက်သာပြီး စီမံကိန်းဧရိယာတွေဆီ ရွှေ့ပြီးလုပ်ကြတာပေါ့။
အခု နောက်ပိုင်း စီမံကိန်းဧရိယာနဲ့ ရန်ကုန်မြို့တွင်း ၃၄ မြို့နယ်မှာ ပြန်ဖြစ်လာတာပေါ့လေ” ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ မှ ပြောဆိုသည်။
အိမ်ခြံမြေဈေးကွက်သည် ၂ဝ၁၇ ခုနှစ်အတွင်း အေးစက်နေခဲ့ပြီး ကွန်ဒိုမီနီယံဥပဒေပေါ်ထွက်လာမှုကြောင့် ယခုနှစ်ဈေးကွက်အတွင်း အရောင်းအဝယ် ပြန်လည် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties