By The Voice, Shweproperty.com
Updated at 5 January 2018
မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ခြံမြေ တစ်ပေပတ်လည်နှုန်း ထားများကို ပေါက်ဈေးနှင့် ကိုက် ညီမှုရှိစေရန် နှစ်စဉ်ပြင်ဆင်ပေး သင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံ မြေဝန်ဆောင်မှု အသင်း အတွင်း ရေးမှှူး ဒေါ်မို့မို့အောင်က ပြော ကြားသည်။
၂၀၁၁ မှ ၂၀၁၃ အထိ အိမ် ခြံမြေ ဈေးကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်ခြံမြေဈေး များ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်း လာသဖြင့် လက်ရှိပေါက်ဈေးနှင့် ကိုက်ညီစေရန် ပြင်ဆင်ပေးစေလို ကြောင်း ၎င်းကဆိုသည်။
‘‘အိမ်ခြံမြေဈေးတက်ရင် တက်သလို၊ ကျရင်ကျသလို ပြင် ဆင်ပေးစေချင်ပါတယ်။ ကာလ ပေါက်ဈေးနဲ့အညီ ဖြစ်စေချင်တာ ပါ။ အရင်နှုန်းထားအတိုင်း လုပ် နေရင် ပြည်သူတွေလည်း အခွန် ထမ်းရတာ အဆင်မပြေပါဘူး။ ပြီးတော့ ပေါက်ဈေးတွေကိုလည်း တိုင်းနဲ့ပြည်နယ်အလိုက် ပွင့်လင်း မြင်သာမှုရှိစွာ အခွန်ရုံးမှာကပ် ထားစေချင်ပါတယ်’’ ဟု ဒေါ်မို့မို့ အောင်က ဆိုသည်။
ရန်ကုန်တိုင်းနှင့် မန္တလေး တိုင်းကလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်တို့တွင် အိမ်ခြံမြေပေါက် ဈေး တစ်ပေပတ်လည်နှုန်းထား များကို သက်ဆိုင်ရာ အစိုးရရုံးများတွင် ကပ်ထားမှုမရှိသဖြင့် အိမ်ခြံ မြေဝယ်ယူသူများသည် ဆောင် ရမည့် အခွန်နှုန်းထားကို မသိရှိ ကြောင်း ၎င်းကဆိုသည်။
‘‘ဈေးနှုန်းတွေဆိုတာက အ ချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ တစ်နှစ်တစ်ခါ ပြောင်းတယ်ဆို တာ အလှမ်းဝေးနေသေးတယ်။ ဖြစ်နိုင်ရင် ခြောက်လတစ်ကြိမ် လောက် ပြောင်းသင့်တယ်။ ဈေး တွေဆိုတာကလည်း တစ်လမ်း တည်းမှာတင် ဈေးက ငါးမျိုး လောက်ရှိတယ်’’ ဟု ရွှေအိမ်ကမ္ဘာ အကျိုးဆောင်လုပ်ငန်း တည် ထောင်သူ ဦးသိန်းလှညိုက ဆို သည်။
အိမ်ခြံမြေ တည်နေရာ၊အိမ် မျက်နှာမူသည့် အရပ်မျက်နှာ၊ လမ်းအနေအထား၊ ဈေးနှင့်နီးမနီး စသည့် အချက်များအပေါ် မူတည် ၍ ဈေးနှုန်းကွာခြားကြောင်း ၎င်း ကဆိုသည်။
အိမ်ခြံမြေတစ်ပေပတ်လည် နှုန်းထားများကို ပေါက်ဈေးနှင့် ညီ စေရန် ပြင်ဆင်ပေးပါက ရောင်း ဝယ်သူများ ရောင်းမှား ဝယ်မှား ဖြစ်မှု နည်းပါးမည်ဖြစ်ကြောင်းဦးသိန်းလှညိုက ဆိုသည်။
ရန်ကုန်မြို့ရှိ တစ်ပေပတ် လည်နှုန်းထားများသည် အများ ဆုံး ကျပ်လေးသိန်းမှ ရန်ကုန်မြို့ စွန်များတွင် ငါးထောင်ကျပ်ခန့် သာရှိကြောင်း အိမ်ခြံမြေဝန် ဆောင်မှုအသင်း မှတ်တမ်းများ တွင် ဖော်ပြထားသည်။
Ref : The Voice
Photo Credit : MMbiztoday
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties