By Kumudra, Shweproperty.com
Updated at 31 July 2018
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဈေးနှုန်းကျဆင်းတယ်ဆိုတာထက် ဈေးကွက်နိယာမအရ မှန်ကန်တဲ့ ဈေးနှုန်းကို ချဉ်းကပ်သွားတာ ဖြစ်တယ်လို့ နိုင်ငံတကာ အိမ်ခြံမြေ သုံးသပ်ရေးအဖွဲ့ဖြစ်တဲ့ Colliers International အတိုင်ပင်ခံကုမ္ပဏီက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာရောင်းလိုအားကောင်းနေတာဖြစ်တဲ့ အတွက် အိမ်ခြံမြေဈေးကွက်ကျနေတယ်လို့ ပြောလို့ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အိမ်ခြံမြေလုပ်ငန်းကို ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဝယ်ယူသူတွေ အမှန်တကယ် ဝယ်ယူနိုင်တဲ့ အမျိုးအစားကို ရွေးချယ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ အဆိုပါအဖွဲ့ရဲ့ Depurt Managing Director Kario Adrian Pobre က သုံးသပ်ပြောကြားပါတယ်။
ဈေးကွက်ဖွံ့ဖြိုးလာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အိမ်ခြံမြေလုပ်ငန်းတွေ ဖွံ့ဖြိုးလာတယ်၊ ရောင်းချနိုင်တဲ့ အခန်းအရေအတွက်က များလာတယ်၊ ဒါကြောင့် ဈေးကွက်ရဲ့ သဘာဝအတိုင်းပဲ ဈေးနှုန်းတွေက ပိုပြီးတော့ မှန်ကန်ပြီး လက်တွေ့ကျတဲ့ဘက်ကို ချဉ်းကပ်သွားတာ ဖြစ်တယ် ' လို့ Karlo Adrian Pobra က ဆိုပါတယ်။
Ref : Kumudra
Photo Credit : Tripsavvy
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties