By Buildersguide, Shweproperty.com
Updated at 18 January 2018
၂ဝ၁၈ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလားအလာအကောင်းဆုံးကဏ္ဍများအဖြစ် အိမ်ခြံမြေကဏ္ဍ၊ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊စားသောက်ကုန်လုပ်ငန်းများ၊နှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ဝင်ရောက်မြှုပ်နှံရန်အတွက် နိုင်ငံတကာမှ လုပ်ငန်းရှင်များမှ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)အတွင်းရေးမှူးမှ ပြောကြားကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်လျှင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် စိတ်ဝင်စားမှုအများဆုံးဖြစ်နေသည်။အထူးသဖြင့် အလုပ်သမားအများအပြားခန့်နိုင်သည့် လုပ်ငန်းများကို MIC အနေနှင့် Promote လုပ်နေကြောင်း သိရသည်။အဓိက မှာ Low Technology နှင့် Labour Intensive အား အဓိက လုပ်နေခြင်းဖြစ်သည်။ Food Processing နှင့်ပတ်သက်ပြီးအလားအလာအများကြီးကောင်းလာနိုင်ပြီး ACE ၏အကျိုးဆက်များပင်။ထို့ကြောင့် Food Processing ကဏ္ဍတွင် ပို၍အားကောင်းလာသည်။ ဆက်၍အားကောင်းလာနိုင်သည့် ကဏ္ဍမှာ အိမ်ခြံမြေကဏ္ဍနှင့် တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍတို့ဖြစ်သည်။ ကုမ္ပဏီဥပဒေသစ်ကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ငွေများစီးဝင်လာခြင်း၊ကွန်ဒိုမီနီယံနှင့် ပတ်သက်သည့် နည်းဥပဒေထွက်ရှိလာခြင်းကြောင့် ကာလအတန်ကြာအေးစက်နေသည့်အိမ်ခြံမြေဈေးကွက်ပြ န်လည်လှုပ်ခတ်လာနိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့်၂ဝ၁၇ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် ဆက်သွယ်ရေးကဏ္ဍမှာအများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်စပြီး ၂ဝ၁၈ခုနှစ်အတွင်းတွင်လည်း တယ်လီကွန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆက်လက်အားကောင်းနေမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလားအလာရှုထောင့်မှ ကြည့်ပါက ကောင်းလာနိုင်သည့် အချက်များရှိသကဲ့သို့ ဆိုးလာနိုင်သည့်အချက်များလည်းရှိကြောင်း သို့သော်လည်းကောင်းသည့်အချက်မှာ ပိုများသည်ဟုသိရသည်။ ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်များကြောင့်မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး စာချုပ်ချူပ်ဆိုရန်အတွက် အီးယူဘက်မှ ရပ်ဆိုင်းလိုက်သဖြင့် ၂ဝ၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့အနောက်နိုင်ငံ များ၏ရင်းနှီးမြှုပ်နှံမှုများအလုံးအရင်းနှင့် ဝင်ရောက်လာရန် မျှော်မှန်း၍မရကြောင်း သိရသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုမြင့်တက်နေပြီး အထူးသဖြင့် အာဆီယံနိုင်ံများ၊ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ အဓိက စိတ်ဝင်စားမှု မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ဒီဇင်ဘာတတိယပတ်အထိ မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ငါးဘီလျံကျော်ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံသည်အများဆုံးဝင်ရောက်မြှုပ်နှံထားကြောင်း သိရသည်။ Ref & Photo Credit : Buildersguide Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties