By The Trade Times, Shweproperty.com
Updated at 7 August 2015
အိမ်ရာတိုက်ခန်း ဝယ်ယူရာတွင် မူလပိုင်ရှင် စစ်မှန်ကြောင်း အထောက်အထားခိုင်လုံမှ ဝယ်ယူနေထိုင်သင့်ပါသည်။ ဇူလိုင်လ ၃၀ရက်နေ.တွင် လှိုင်သာယာမြို.နယ် (၁၅)ရပ်ကွက်အတွင်းရှိ ဝန်ထမ်းကြီး အိမ်ရာဝင်းအတွင်းမှ လူနေအိမ်နဲ. ဂိုဒေါင် ၄၇လုံးကို ဖြိုဖျက်ခဲ့ပါသည်။ ထို လူနေအိမ်နဲ. ဂိုဒေါင်များဟာ တရားမဝင်တည်ဆောက်ထားတာပါ။ ထိုသို. ဖြိုဖျက်ခဲ့ရာ မသိဘဲ့ ဝယ်ယူနေထိုင်သူများဟာ အခက်အခဲများနဲ. တွေ.ခဲ့ရပါသည်။
အဆိုပါနေရာသည် မြို.ရွာနှင့် အိုးအိမ်ဖွံ.ဖြိုးရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများနေထိုင်ရန် နိုင်ငံတော်မှ ချပေးခဲ့သော နေရာ ဖြစ်ပါသည်။ ဝယ်ယူသူများသည် နေခွင့်ရှိသူက ရောင်းချသဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး အကြောင်းစုံကို မသိကြပါ။
“ဒီနေရာမှာနေတာ ကြာပါပြီ။ တခြားအကြောင်းအရာတွေ ကျွန်မတို.လည်း မသိပါဘူး။ ဒီအိမ်လေးကို ကျွန်မ ပိုက်ဆံပေးပြီး ဝယ်ထားတာပါ။ ရွှေ.ပြောင်းပေးရမယ်လို. ရက်အတိအကျ တရားဝင် မကြေညာခဲ့ဘူး” ဟု ထိုဝင်းအတွင်း နေထိုင်ခဲ့သူ မတင်မာအေးက ပြောသည်။
ဇူလိုင်လ ၃၀ရက်နေ. နံနက် ၆နာရီခန်.တွင် ထိုဝင်းအတွင်းရှိ တရားမဝင် ဆောက်လုပ်ထားသည့် နေအိမ်များအား ဖြိုဖျက်ခဲ့ပါသည်။
“ဖယ်ရှားပေးဖို. ပြောလာတာ ၂၀၁၃ ခုနှစ်ကတည်းကပါ။ အခုအချိန်ထိ ဖယ်ရှားပေးခြင်း မရှိတဲ့အပြင် အိမ်ကြီးအိမ်ကောင်း ဆောက်လုပ်တာတွေ ပါရှိလာတာကြောင့် အခုလို ဝင်ဖျက်ရတဲ့ အထိ ဖြစ်လာခဲ့တာပါ” ဟု မြို.ရွာနှင့် အိုးအိမ် ဖွံ.ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဖြိုဖျက်ခံရသည့် ကျူးကျော်ဝင်းအတွင်း တိုက်ခံအိမ်များ ရှိသလို ကန်ထရိုုက်တာကို အပ်၍ ဆောက်လုပ်နေသည့် မြေနေရာများလည်း ရှိပါသည်။ အချို.လူများမှာ ဈေးနှုန်းသက်သာသဖြင့် နောက်ခံကိုမကြည့်ဘဲ ဝယ်ယူ၊ ငှားရမ်းနေခဲ့ကြသည်။
ဖျက်သိမ်းသည့်အထဲတွင် ပါတီရုံးခန်းများလည်း ပါဝင်ပြီး၊ မိမိဘာသာ မိမိတို. ဖျက်သိမ်းပေးခဲ့ကြောင်းသိရသည်။
မြို.ရွာနှင့် အိုးအိမ်ဖွံ.ဖြိုးမှု ဦးစီးဌာနမှ ဖျက်သိမ်းရန် ထုတ်ပြန်ခဲ့ပြီး၊ ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီမှ အဆိုပါကိစ္စကို ဦးဆောင်ဖြေရှင်းခဲ့ပါသည်။ ထိုကြောင့် ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်မောင်တင့်က ယခုလို နစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးနှင့် ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်စေလိုကြောင်း၊ ဝယ်သူများအနေဖြင့်လည်း အသေးစိတ်စုံစမ်းပြီးမှသာ ဝယ်ယူသင့်ကြောင်း ပြောကြားခဲ့ပါသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties