By The Kumudra, Shweproperty.com
Updated at 27 January 2015
အရောင်းအဝယ်အေးစက်နေတဲ့ အခြေအနေမှာ အိမ်ခြံမြေရောင်းထွက်ချင်တယ်ဆိုရင် တကယ်ရောင်းနိုင်မယ့် ဈေးပြောမှသာ အရောင်းအဝယ်ဖြစ်နိုင်မယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
"ရောင်းမယ့်သူကတော့ ဈေးတင်းခံနေရင် မဖြစ်နိုင်ဘူး၊ ကိုယ်ကမဖြစ်မနေရောင်းမှ ဖြစ်မယ်ဆို အလျှော့အတင်းရှိမှ ပွဲဖြစ်မှာ၊ ခေါ်ဈေးပြောမယ်ဆိုရင်တောင် အခုအချိန်က လက်ရှိပေါက်ဈေးကိုပဲ ပြောမှဖြစ်မယ်၊ ဝယ်သူတွေကလည်း အခုဈေးကို အဆမတန် ဆစ်တာတွေရှိတယ်"လို့ ဒဂုံသီးသန့်အကျိုးဆောင်မကေသီက ပြောပါတယ်။
ဈေးကွက်မှာ ငွေလိုအပ်တဲ့ ရောင်းတဲ့သူလောက်ပဲ ထုတ်ရောင်းကြသလို ဝယ်သူဘက်ကလည်း တကယ်နေဖို့ဝယ်သူတွေ ရှိတာပါ။ အများစုကတော့ အိမ်ခြံမြေဈေးကွက် ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို စောင့်ကြည့်နေကြတာလို့ သိရတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "ဒီအချိန်ဈေးကွက်မှာကတော့ အရင်က ဈေးဝင်ကစားနေကြသူတွေတောင် အခုဈေးကွက်က ထွက်ပြီး အခြေအနေစောင့်ကြည့်နေကြတာ၊ နောက်တခုက အစိုးရကဖော်ဆောင်မယ့် အိမ်ရာစီမံကိန်းတွေနဲ့လည်းဆိုင်တယ်၊ အားလုံးကဘာမှမလုပ်ပဲ စောင့်ကြည့်နေကြတဲ့ အခြေအနေဖြစ်သွားတာ"လို့ ပြောပါတယ်။
အရင်ကမြေဈေးကွက်အေးသွားရင် မြေဈေးကစားတဲ့ ဝယ်ရောင်းသမားကြီးတွေက ဈေးကွက်ပြန်လှုပ်ရှားအောင် အချင်းချင်း အဝယ်ပြပြီး ဈေးကွက်ကို ပြန်လှုပ်ကြပါတယ်။ အခုအခြေအနေက အဲ့သလိုမျိုးမရှိတော့ဘဲ အားလုံးငြိမ်ကျသွားပြီး အခြေအနေစောင့်ကြည့်နေကြတာလို့ သိရပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ မြေကွက်အပြင် တိုက်ခန်းအရောင်းအဝယ်ပါ အေးသွားတာပါ။ မြို့တွင်းပိုင်းအပြင် မြို့နယ်တိုင်းလိုလိုမှာ အရောင်းအဝယ်အေးနေတာဖြစ်တယ်။ အငှားဈေးကွက်သာဖြစ်တာလို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
"အရင်က ဈေးကွက်အေးနေရင်တောင် စီမံကိန်းရှိတဲ့နေရာတွေမှာ ဈေးတက်ပြီး အရောင်းအဝယ်ရှိတယ်၊ နယ်က ဝယ်လက်တွေရော၊ ဝယ်ရောင်းသမားကြီးတွေပါ အဝယ်ဆင်းကြတယ်၊ အခုတော့ အဝယ်လဲမရှိ ဈေးကမကျဘူး"လို့ ကျောက်တံတား မြို့နယ်ရှိ အကျိုးဆောင် ဒေသိၤဂီက ပြောပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties