By The Modern, Shweproperty.com
Updated at 18 September 2015
ရန်ကုန်အိမ်ခြံမြေ ဝယ်ယူပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး အမှန်အကန်နေထိုင်သူနဲ့ ရင်းနှီးမြှုပ်နှံသူ အရေအတွက်ဟာ သုံးပုံနှစ်ပုံလောက် ကွာခြားနေပြီး တကယ်အရောင်းအဝယ် ဈေးကွက်မှာ ဝယ်ယူပြီး တကယ်နေထိုင်သူ ရှားပါးနေတယ်လို့ အိမ်ခြံမြေ ဈေးကွက်စစ်တမ်းတွေအရ သိရပါတယ်။
တကယ်အိမ်ပိုင်ချင်တဲ့ သူတွေက သိန်း ၁၀၀ နဲ့ သိန်း ၂၀၀ ကြားလောက်ပဲ ဝယ်နိုင်တဲ့သူတွေက များတော့ တကယ့်ဈေးကွက်မှာ သိန်း ၅၀၀ အထက်တွေပဲ ဝယ်ရောင်းများတော့ ရင်းနှီးမြှုပ်နှံသူတွေက ဦးဆောင်နေပါတယ် လို့ သိရပါတယ်။
အိမ်တကယ်ပိုင်ဆိုင်ချင်သူတွေ အရေအတွက်ဟာ ရန်ကုန်မြို့ထဲမှာသာမက မြန်မာတစ်နိုင်ငံလုံးမှာပါ များပြားလျက် ရှိပါတယ်။ အိမ်ပိုင်ချင်သူ အများစုဟာ ကျပ်သိန်း ၁၀၀ သန်းကျင်လောက်ကိုသာ စိတ်ဝင်စားမှု များပြီး ကျန်တဲ့ အမြင့်ဈေးတွေကို မတတ်နိုင်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေသာ ဝယ်ယူနိုင်တဲ့ အမြင့်ဈေးကွက်ဟာ ငြိမ်သက်နေတာပါ။
အိမ်ခြံမြေဈေးကွက် ပုံမှန်အတိုင်းဖြစ်နိုင်ဖို့ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံနှစ်ပုံလောက် ဝယ်ယူနိုင်မယ့် ဈေးကွက်ဖြစ်ပေါ်ဖို့ လိုအပ်ပါတယ်။
အိမ်ခြံမြေအွန်လိုင်းဝဘ်ဆိုက် စတဲ့ ဈေးကွက်တွေမှာလဲ ကျပ်သိန်း ၅၀၀ နဲ့အထက် တိုက်ခန်းနဲ့ မြေနေရာတွေကို ဝယ်ယူ မေးမြန်းသူမရှိသလောက် နည်းပါးနေပေမယ့် တကယ်နေလိုသူတွေအတွက် ပိုင်ဆိုင်မှု ခိုင်မာတဲ့ ကျပ်သိန်း ၁၀၀ ဝန်းကျင်တိုက်နဲ့ မြေကွက်တွေမှာတော့ လက်ရှိအချိန်အထိ လူစိတ်ဝင်စားမှု များပြားနေတယ်လို့ သိရပါတယ်။
Credit : မော်ဒန်ဂျာနယ်ပါ ဆောင်းပါးအား Shweproeprty.com မှထုတ်နှုတ်ရေးသား ဖော်ပြသည်။
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties