By မဟာ, Shweproperty.com
Updated at 12 August 2020
Covid-19 အလွန်ကာလ စီးပွားရေးလုပ်ငန်းများ၏ ဈေးကွက်ဖေါ်ဆောင်မှု နှင့်အရောင်းလုပ်ငန်းများသည် Digital Platform ပေါ်သို့အလျှင်အမြန်ပင်ရောက်ရှိသွားကြသည်။
Digital နည်းပညာများကို မိမိလုပ်ငန်းနှင့်အံဝင်ခွင်ကျဖြစ်အောင်အသုံးချနိုင်သော စီးပွားရေးလုပ်ငန်းများသည် ကောင်းမွန်စွာဆက်လက်လည်ပတ်နိုင်ကြပြီး တချို့လုပ်ငန်းများဆိုလျင်ပိုမိုကျယ်ပြန့်သည့်ဈေးကွက်ဖေါ်ဆောင်ခြင်းလုပ်ငန်းများကို ပြုလုပ်နိုင်ပြီး အကျိုးအမြတ်များပင်ပိုမိုရရှိခဲ့သည်ကိုမြင်သာစွာတွေ့နိုင်ပါသည်။
အိမ်ခြံမြေကဏ္ဍ တွင်လည်း ယခင်လို ဈေးကွက်ဖေါ်ဆောင်ခြင်းနှင့် အရောင်းလုပ်ငန်းများကို သမရိုးကျပုံစံဖြင့်ပြုလုပ်ခြင်းမဟုတ်တော့ပဲ နည်းပညာကိုအသုံးပြုဆောင်ရွက်လာကြတာကို တွေ့လာရသည်။
ဉပမာ ၃၆၀ ပတ်ပတ်လည်မြင်ကွင်းကျယ်ကြည့်ရှုနိုင်သည့် နည်းပညာကိုအသုံးပြုပြီး မိမိတို့ရောင်းချလိုသောအိမ်ခြံမြေများကို အွန်လိုင်းတွင်တင်ဆက်ခြင်းအားဖြင့် ဝယ်ယူလေ့လာသူများအနေဖြင့် မိမိကိုယ်တိုင်ရောက်ရှိနေသလို
အသေးစိတ်လေ့လာကြည့်ရှုနိုင်သည်။ ဒါ့အပြင် မိမိကုမ္ပဏီအကြောင်း မိမိတည်ဆောက်ထားသော အိမ်ရာစီမံကိန်းအကြောင်း ဗွီဒီယိုများရိုက်ကူးပြီး အိမ်ခြံမြေဝဘ်ဆိုက်များ (သို့မဟုတ်) Social Mediaမှတစ်ဆင့် ဝယ်ယူသူများထံသို့ပေးပို့နိုင်သည်။ အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်များ၏ အခန်းကဏ္ဍ သည်လည်းယနေ့ကာလတွင် ပိုမိုအရေးပါလာပြီး ပုံမှန်ကာလထက် ဝယ်ယူသူများနှင့်ပိုမိုချိတ်ဆက်ပေးလာနိုင်သည်။
မြန်မာနိုင်ငံ၏ နံပတ်(၁) အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော ShweProperty.com ဆိုလျင် ပြီးခဲ့သည့် ၃ လအတွင်း ဝင်ရောက်ကြည့်ရှုသူ ၅၀ရာခိုင်နှုန်းပိုမိုများပြားခဲ့ပြီးအိမ်ခြံမြေရောင်းအားလည်းအများအပြားမြှင့်တင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ထို့အပြင်အွန်လိုင်းမှ အိမ်ခြံမြေအရောင်းပြပွဲကြီးများပြုလုပ်ခြင်းကလည်း အားသာချက်များစွာရှိလာသည်။
ယခင်အိမ်ခြံမြေအရောင်းပွဲများသည် အရောင်းပြပွဲကျင်းပရာမြို့တစ်မြို့ရှိ ဝယ်ယူသူများကိုသာပြသရောင်းချနိုင်ပြီး အွန်လိုင်းအရောင်းပြပွဲကြီးများသည် တစ်ချိန်ထဲမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စိတ်ပါဝင်စားသူများကိုသာမကကမ္ဘာတစ်ဝှမ်းလုံးရှိစိတ်ပါဝင်စားသူများကိုပြသရောင်းချနိုင်ခြင်းဖြင့် ရောင်းအားကို ပိုမိုမြင့်တင်နိုင်ကြောင်းတွေ့ရသည်။ ဒေသတွင်းနိုင်ငံများ ဖြစ်သော စင်ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများတွင်လည်း Digital နည်းပညာများကိုအသုံးပြုပြီး အိမ်ရောင်းချခြင်းများကို တွင်ကျယ်စွာအသုံးပြုလာကြပြီးအောင်မြင်မှုများစွာလည်းရရှိနေသည်။
Written By: မဟာ (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties