By Sint Sint, Shweproperty.com
Updated at 18 August 2020
၁၈.၈.၂၀၂၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ပုလဲခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှုဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဦးသက်ထွန်းဝင်း၊ အတွင်းရေးမှူး ဦးဝေဖြိုးဟန်နှင့် ကော်မတီဝင်များ၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်၊ ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
Credit : Yangon Hluttaw
Photo Credit : Yorkroadrealty
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties