By Eleven Media Group, Shweproperty.com
Updated at 4 May 2015
မြန်မာနိုင်ငံတွင်းမှ အိမ် ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်များ သည် နိုင်ငံ၏ အိမ်ခြံမြေလုပ် ငန်းကဏ္ဍ တိုးတက်ရေးနှင့် လုပ် ငန်းကွန်ရက်ဆက်သွယ်နိုင်ရေး အတွက် အစိုးရထံသို့ မကြာမီက စုစည်းတောင်းဆိုတိုက်တွန်းခဲ့ ကြောင်း သိရသည်။ အိမ်ခြံမြေလုပ်ငန်းရှင်များ၊ ပွဲစားများနှင့် အခြားထင်ရှားသည့် အိမ်ခြံမြေလောကမှ ပညာ ရှင်များသည် အစိုးရအား အိမ် ခြံမြေပွဲစားများအတွက် လိုင်စင် များ ထုတ်ပေးရန်၊ အိမ်ခြံမြေဥပဒေကြမ်း ရေးဆွဲရန်နှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အိမ်ခြံမြေကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးကွန်ရက် ဆက်သွယ် ဆောင်ရွက်ရန်တို့ကို တိုက်တွန်းခဲ့ကြသည်။ မြန်မာတွင် အဆိုပြုထား သည့် အိမ်ခြံမြေဥပဒေမှာ အကြမ်း ရေးဆွဲသည့် အဆင့်တွင်ရှိနေပြီး ပြဋ္ဌာန်းဖြစ်ပါက နိုင်ငံ၏ ပထမ ဆုံးသော အိမ်ခြံမြေဆိုင်ရာ ဥပဒေသစ်ဖြစ်လာမည်ဖြစ်သည်။ မြန်မာ့အိမ်ခြံမြေဈေးကွက် မှာ ယခုနှစ်တွင် အေးစက်လာ နေပြီး ရန်ကုန်မြေဈေးကွက်မှာ လည်း ထပ်ကျနိုင်ကြောင်း ခန့် မှန်းမှုများ ရှိနေသည်။ သို့သော် ရန်ကုန်မြို့ရှိ အဓိက မြို့နယ်များနှင့် ဆင်ခြေဖုံးများတွင် တိုက်ခန်းအရောင်းနှင့် အငှားဈေးများမှာ မပြောင်းလဲဘဲ ရှိနေသည်။ အိမ်ခြံမြေ လုပ်ငန်းရှင်များ ကလည်း လက်ရှိ ရန်ကုန်ဈေး ကွက်တွင်ကျဆင်းနေသော်လည်း ယခုနှစ်၌ ထိုကဏ္ဍတိုးတက်နှုန်း မှာ ၈ ရာခိုင်နှုန်းခန့် ရှိမည်ဟု မျှော်မှန်းထားသည်။ ရုံးလုပ်ငန်းများအတွက် တိုက်ခန်းအငှား ဈေးကွက်မှာ ပြည်တွင်းနှင့်ပြည်ပရင်းနှီးမြှုပ်နံှ သူများကြား ထူးခြားစွာတိုးတက် နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင်လည်း ထိပ်တန်းကဏ္ဍ တစ်ခုဖြစ်နေသည်။ ရန်ကုန်မြို့သည် အဓိကကုန်သွယ်ရေးဗဟိုအဖြစ် ဆက်ရှိနေမည်ဖြစ်၍ ထိုဈေးကွက်မှာ ယခု ၂၀၁၅ တွင်လည်း ရောင်းလိုအားနှင့် ဝယ်လိုအား မမျှနိုင်သေးကြောင်း ဆိုသည်။ အစိုးရသည် မြေယာနှင့် ဆက်နွှယ်သည့် ပြဿနာများ ဖြေရှင်းနိုင်ရန် မူဝါဒတစ်ရပ်ကို ရေးဆွဲနေသည်။ ကျွမ်းကျင်သူများအဆိုအရ မြန်မာ့အိမ်ခြံမြေဈေးကွက် ပြန် လည်ရှင်သန်လာခြင်းတွင် အစိုး ရက အိမ်ခြံမြေအခွန်ဥပဒေကို ပြဋ္ဌာန်းပေးလိုက်ခြင်းကြောင့်ဖြစ် ကြောင်းဆိုသည်။ သို့သော် အိမ်ခြံမြေဈေးများ မှာ အနာဂတ်တွင်လည်း ကျဆင်း နိုင်ဖွယ်မရှိကြောင်း ဆိုသည်။ ဤအတွင်း မြန်မာ့အိမ်ခြံ မြေလုပ်ငန်းရှင်များ အသင်းက အစိုးရအနေဖြင့် အခွန်ထမ်းပြည် သူများအား ဆွဲဆောင်နိုင်ရန် မြင့် မားသည့် အခွန်နှုန်းထားများ လျှော့ချရန် အကြံပြုထားသည်။ မြန်မာတွင် အိမ်ခြံမြေကဏ္ဍ မှာ ဆဋ္ဌမမြောက်အကြီးဆုံးနိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၂၇ ဘီလီယံ ရှိပြီး ပြည်ပမှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခုနှစ် ဖေဖော်ဝါရီအထိ ဒေါ်လာ ၅၄ ဒသမ ၀၈၆ ဘီလီယံရှိသည်။
Ref : Eleven Media Group
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties