By Admin, Shweproperty.com
Updated at 26 October 2011
အချို့ပွဲစား၊ အရောင်းအဝယ် သမားများ သည် ကိုယ်ဝယ် ယူထား သော မြေကွက်များ၊ ဈေးကောင်းရ စေရန် ရည်ရွယ်၍ မည်သည့် စီမံ ကိန်းဖော်မည်၊ မည်သည့်လုပ်ငန်း လုပ်တော့မည်ဟု သတင်းလွှင့်ပြီး ရောင်းဝယ်လာကြသည်။ ပွဲလန့် တုန်း ဖျာခင်းသူများပေါ်လာသည်။ ထွက်ပေါ်လာသောသတင်းများပေါ် မူတည်၍ ရောင်းဝယ်သူများ ဈေး ကွက်ပေါ်လာသည်။ စီမံကိန်း သတင်းပေါ်လာသည်နှင့် ၎င်းနေရာ တစ်ဝိုက် မြေကွက်ဈေးများ ထိုး တက်ကုန်တော့သည်။ ထိုအခါတွင် ပွဲလန်တုန်းဖျာ ခင်းသူများသာမက ပွဲလှန့်ပြီး ဖျာခင်းသူများ လူတန်းစားတစ်ရပ် လည်း ပေါ်ပေါက်လာတော့သည်။ ဘာစီမံကိန်းလုပ်မည်၊ ဘယ်နေရာ တွင်လုပ်မည် စသည်ဖြင့် သတင်း လွှင့်ပြီး မြေဈေးဖွပြီး အရောင်း အဝယ်လုပ်သူများ အများအပြား ပေါ်ပေါက်လာခဲ့သည်။
သိပ်မကြာမီ ကာလက မန္တလေးတွင် ဟိုတယ်ဇုန် လုပ်တော့မည် ဟူသော သတင်း တစ်ရပ် နှင့်အတူ မြေဈေးများ လှုပ်လှုပ်ရှား ရှားဖြစ်သွားခဲ့သည်။ ဟိုတယ်ဇုန် လုပ်မည့်နေရာများတစ်ဝိုက်တွင် မြေ ဈေးများ တအံ့တဩပင်ထိုးတက် သွားခဲ့ပါသည်။ ကမ်းနားလမ်းတစ် ဝိုက်၊ တောင်သမန်ကန်တစ်ဝိုက်တို့ တွင် ဟိုတယ်ဇုန်လုပ်မည်ဟူသော သတင်းအရ ၎င်းအနီးတစ်ဝိုက်တွင် မြေများအလုအယက်ဝယ်ကြတော့ သည်။ တောင် သူများ၊ စိုက်ပျိုးရေး လုပ်ငန်းရှင် များကလည်း မမျှော်မှန်း ထားသောဈေးရရှိသောအခါ လွယ် လွယ်ကူကူ ချရောင်းတော့သည်။ မြန်မာပြည်တနံတလျားမှ လုပ်ငန်း ရှင်များ၊ မြေသမား များလည်း အပြေးအလွှား ရောက်လာ အလု အယက်ဝယ်ကြ၊ ရောင်းကြဖြစ်ကုန် တော့သည်။ တာဝန်ရှိသူများနှင့် တေ့တေ့ဆိုင်ဆိုင်တွေ့သောအခါ ထို သတင်းမှာ မမှန်ကြောင်း သိရ တော့ သည်။ မြေဝယ်ထားသူများမှာ ဟိုတယ်စီမံကိန်းဖြစ်နိုး ဖြစ်နိုးသာ မျှော်လင့်နေကြတော့သည်။ ၎င်းတို့ ပြောဆိုသော ဟိုတယ်ဇုန်ပြုလုပ် မည်ဆိုသောနေရာမှာ မြို့ပြစီမံကိန်း တွင် အခြား လုပ်ငန်းများ အကွက်ချ ထားပေးရန် မဖြစ်နိုင်သော မြေ နေရာမျိုးဖြစ်သည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေစီးရေလာ ကောင်းမွန်ရေးကို အထောက်အကူ ပြုသောနေရာဖြစ်၍ မည်သို့မျှ စီမံကိန်း လုပ်ရန် ချထားနိုင်ခြင်း မရှိ သောမြေအနေအထားမျိုးဖြစ် ကြောင်းသိရသည်။ မြေကွက်ဝယ် ပြီး သတင်းလွှင့်သူများကမူ မစူး မစမ်း အလုအယက် ဝယ်ယူသူများ ကို ကြိုက်ဈေးနှင့် ရောင်းချလိုက်နိုင် သည်ဟု ယူဆပါသည်။ ထို့နောက် အမြန် လမ်း စီမံကိန်းနံဘေးတွင် အိမ်ရာစီမံကိန်းလုပ်မည်၊ စိုက်ပျိုး ရေးဇုန်လုပ်မည်စသည်ဖြင့် သတင်း မျိုးစုံ လွှင့်ပြီ မြေသမား များဈေး ကစားကြတော့သည်။ ဤနေရာတို့ ကို လက်ထဲတွင် ငွေမကိုင်ထားလို သော ကျောက်သမားများ ၈၅ ရာခိုင်နှုန်း၊ ကားကိစ္စမဖြစ်သော ကားပွဲစား အရောင်း အဝယ်သမား များ၊ မြေပွဲစားများက ဝင်ရောက်ရင်း နှီးမြှုပ်နှံ လာကြသည်။ ရန်ကုန်မှ မိတ်ဆွေတစ်ဦးက မန္တလေးတွင် လမ်းမကြီးစီမံကိန်း တစ်ခုရှိ၍ မြေကွက်ဝယ်ယူလို ကြောင်း စုံစမ်းသည်။
မန္တလေးမှ တာဝန်ရှိသူများကို မေးမြန်းရာ ထို သတင်းမှန်ကန်မှုမရှိကြောင်း သိရ၍ ရန်ကုန်မိတ်ဆွေကို အကြောင်းပြန်ခဲ့ သည်။ ရန်ကုန်မိတ်ဆွေက မကျေ နပ်။ ဒီလောက်ခိုင်ခိုင်မာမာ သိ ထားသောသတင်းကိုပင် မသိရ ကောင်းလားဟု အပြစ်တင်သွား သည်။ စုံစမ်းကြည့်တော့ သတင်းဖွ ပြီး မြေအရောင်းအဝယ်လုပ်နေသူ၊ ပွဲလှန့်ဖျာခင်းသူများ၏ လုပ်ဆောင် ချက်ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေး-ပြင်ဦးလွင်လမ်းသစ် ဖောက်မည်၊၎င်းလမ်းတစ်ဝိုက် မြေကွက်များ အရောင်းအဝယ်ဖြစ် နေသည်ဟူသော သတင်းထွက်လာ သည်။ သေသေချာချာစုံစမ်းသော အခါ သတင်းမှားဖြစ်နေပြန်သည်။
[၃-၉-၂၀၁၁ နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာ၊ စာမျက်နှာ-၆ မိုးဇော်၏ “မန္တလေးနှင့် ပွဲလှန့်ဖျာခင်းသူများ” မှ
source : yoyarlay
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties