၁။ စည်းကမ်းပျက်၍ လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းခံရသဖြင့် ဖျက် သိမ်းခြင်း

၂။ ခွင့်ပြုချက်မရှိပဲ လယ်ယာမြေကို နိုင်ငံခြားသား/ နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းသို့ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး ပြုလုပ်သဖြင့် အရေးယူခံရပြီး ဖျက် သိမ်းခြင်း ၊

၃။ ပုံစံ (၇) ပါ အမည်၊ တည်နေရာ၊ ဧရိယာပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်းကြောင့် ဖျက်သိမ်းခြင်း၊

၄။ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လယ ၃၀ ခွင့်ပြုမိန့် ကျပြီး၍ ဖျက် သိမ်းခြင်း၊

၅။ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်း၊ ပေါင်၊ လဲ၊ ပေး၊ စွန့် ဆောင်ရွက်ပြီး ပြုပြင်ဆောင်ရွက်ရန်လိုအပ်၍ ဖျက်သိမ်းခြင်း၊

၆။ အမွေကြောင်းအရ သက်ဆိုင်ရာတရားရုံးမှ ဆုံးဖြတ်ပြီး၍ မူလပုံစံ(၇)ကို ဖျက်သိမ်းရန်လိုအပ်ပါက ဖျက်သိမ်းခြင်း၊

၇။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်သော မူဝါဒ (၅၂)ချက်ပါ “ဥပဒေမဲ့သိမ်းဆည်းခဲ့ပြီး လုပ် ပိုင်ခွင့် အာဏာရှိသူများနှင့်ပူးပေါင်း၍ လ/န-၃၉၊ မြေစာ ရင်းပုံစံ(၁၀၅)၊ လယ် ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) စသည်ဖြင့် ရယူထားခြင်းတို့ကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့တို့က ပယ်ဖျက်မိန့်ထုတ်ပြန်၍ သိမ်းဆည်းခံရသူ မူလတောင်သူ လယ် သမားများထံသို့ ပြန်လည်စွန့်လွှတ် ပေးအပ်နိုင်ရေး ဆောင်ရွက်ရန်” မူဝါဒအရ စိစစ်ပြီး၍ ဖျက်သိမ်းခြင်း၊



၈။ အခြားသော လုပ်ငန်းလိုအပ်ချက်များအရ ဖျက်သိမ်းခြင်း ။

လယ်ယာမြေဥပဒေ ပုဒ်မ ၁၇ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ပြဌာန်းချက် အရ ပုံစံ ၇ ကိုဖျက်သိမ်းဖို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှာပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၆ မှာလည်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုပဲ တာဝန်ပေး အပ်ထားပါတယ်။

ပုံစံ(၇) ဖျက်သိမ်းခြင်းကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က အောက်ပါအတိုင်း လုပ်ဆောင်ကြဖို့ ညွှန်ကြားထားပါတယ်...

၁။ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဦးစွာစုံစမ်းစစ်ဆေးရန် ၊

၂။ ပုံစံ(၇) ဖျက်သိမ်းဖို့ လိုအပ်ရင် မူလထုတ်ပေးထားတဲ့ ပုံစံ(၇)မူရင်း၊ သက်သေ ခံမြေပုံတို့နဲ့အတူ လုပ်ငန်း စာတွဲဖွင့်လှစ်၍ ပုံစံ(၇) ဖျက်သိမ်းလိုသည့် အကြောင် းရင်းဖော်ပြပြီး သဘောထားမှတ်ချက်နဲ့အတူ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို ခရိုင်လယ်စီအဖွဲ့သို့ တင်ပြရန်၊

၃။ ခရိုင်လယ်စီအဖွဲ့က မြို့နယ်လယ်စီအဖွဲ့ရဲ့ တင်ပြမှုကို စိစစ်ပြီး ပုံစံ(၇) ဖျက် သိမ်းလိုတဲ့ အကြောင်း ရင်းကိုဖော်ပြ၍ သဘောထားမှတ်ချက်နဲ့အတူ စစ်ဆေးတွေ့ရှိချက်ကို ပြည်နယ်တိုင်း လယ်စီအဖွဲ့သို့ တင်ပြရန်၊

၄။ ပြည်နယ်တိုင်း လယ်စီအဖွဲ့က ခရိုင်လယ်စီအဖွဲ့ရဲ့ တင်ပြမှုကို စိစစ်ပြီး ပုံစံ(၇) ဖျက်သိမ်းခြင်းဆောင် ရွက်ရန် ကျိုးကြောင်းခိုင်လုံမှုရှိကြောင်း သုံးသပ်တွေ့ရှိရင် အကြောင်းရင်းဖော်ပြပြီး သဘောထား မှတ် ချက်နဲ့အတူ ဗဟိုလယ်စီအဖွဲ့သို့ တင်ပြရန်၊

၅။ ဗဟိုလယ်စီအဖွဲ့က စိစစ်ပြီး ကျိုးကြောင်းခိုင်လုံမှုရှိကြောင်းတွေ့ရှိရင် သက် ဆိုင်ရာပြည်နယ်တိုင်း လယ်စီ အဖွဲ့သို့ ပုံစံ(၇)ကို ဖျက်သိမ်းရန် ကျိုးကြောင်းဖော်ပြချက်နှင့်တကွ အကြောင်းကြားရန်၊ ကျိုးကြောင်း ခိုင်လုံ မှုမရှိကြောင်း စိစစ်တွေ့ရှိရင် ပုံစံ(၇) ဖျက်သိမ်းခြင်းမပြုကြောင်း ကျိုးကြောင်းဖော်ပြချက်နှင့်တကွ အကြောင်းကြားရန်၊



၆။ ဗဟိုလယ်စီအဖွဲ့က ပုံစံ(၇) ဖျက်သိမ်းခြင်းကို ဆောင်ရွက်ရာမှာ လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော် မတီမှ ချမှတ်တဲ့ မူဝါဒ(၁၀)ရပ်ပါ အမှတ်စဥ် (၁၀)နှင့် စပ်လျဉ်းသော ကိစ္စရပ်များဖြစ်ပါက သက်ဆိုင်ရာ ပြည်နယ်တိုင်း အစိုးရသို့ မိတ္တူပေးပို့ အကြောင်း ကြားရန်။

ဒါကြောင့် ပုံစံ(၇)ကို ဖျက်သိမ်းခြင်းအတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေ နည်းဥပဒေ ညွှန်ကြာချက်များနဲ့အညီ ဆောင်ရွက်ရပါကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင်သာ လုပ်ပိုင်ခွင့်ရှိပါ ကြောင်း တင်ပြလိုက်ပါတယ်။

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ပုံစံ (၇) ရှိသော လယ်ယာမြေကို ပေါင်နှံ၊ ငှားရမ်းခြင်းအတွက် သတိပြုရမည့်အချက်များ

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စုပေါင်းကျခံရမည့် ကန်ထရိုက်တိုက် အဆောက်အအုံ ပြင်ဆင်စရိတ်စနစ်

အမွေဆိုင်မြေပေါ်တွင် အဆောက်အအုံ ဆောက်မိလျှင်

အိမ်မြေ ဝယ်ယူနေထိုင်ပြီး နှစ်ကာလကြာမှ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုလျှင်

Credit By: မျိုးမင်းထွန်း DVB Lawlab
Posted By : Sint Sint (ShweProperty.com)