By kumudra, Shweproperty.com
Updated at 2 July 2014
အထပ်မြင့် အဆောက်အအုံတွေမှာ သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုထောက်ခံချက်ရှိ မရှိ ဆိုင်ရာဌာနတွေက စစ်ဆေးပြီး အရေးယူမယ်လို့ သိရပါတယ်။
အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်မှု စတင်တဲ့အခါ သတ်မှတ်ထားတဲ့စည်းကမ်းအချက်အလက်တွေနဲ့ လျှောက်ထားပေမဲ့ လူနေထိုင်ခွင့်ပါမစ် မလျှောက်ထားတာ၊ မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးထောက်ခံချက်မရှိတာ စတဲ့ အဆောက်အအုံတွေကို စစ်ဆေး မှာဖြစ်ပါတယ်။
'ဆင်ခြေဖုံးမြို့နယ်တစ်ချို့မှာဆိုရင် လူနေခွင့်မကျသေးပဲ မရှိဘဲနဲ့ အရောင်းအဝယ် လုပ်နေကြတာတွေ ရှိတယ် ၊ ဒါကိုမသိဘဲ ဝယ်သူတွေလဲရှိတယ် ၊ ဝယ်ပြီးမှ လူနေခွင့်မကျသေးတာ ၊ စည်ပင်က ခွင့်မပြုတာတွေ ကြုံနေကြရတယ်၊ တကယ့်စည်းကမ်းအတိုင်းဆိုရင် လူနေခွင့်ရဖို့ မီးသတ်ဌာနရဲ့စစ်ဆေးထောက်ခံချက်လဲ ရှိရမယ်၊ တချို့ကန်ထရိုက်တာတွေက ဆောက်လုပ်ခွင့်တော့တင်တယ်၊ လူနေခွင့်ပါမစ်ကိုတော့ မလျှောက်ကြတာတွေရှိတယ် ' လို့ ဆောက်လုပ်ရေးလုပ်ငန်းအကျိုးဆောင်ရှေ့နေဦးမောင်မောင်ကပြောပါတယ်။
အထပ်မြင့် အဆောက်အအုံတွေ စတင်ဆောက်လုပ်တဲ့အခါ စည်ပင်ဌာနရဲ့ အကြံပြုချက်တွေပါ ရယူရတယ်။ အဲ့သည့်အကြံပြုချက်ရှိမှ လူနေထိုင်ခွင့်ပါမစ်လျှောက်ရတာပါ။
ရန်ကုန်မြို့တော်စည်ပင်သာယာအင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးက ''အဆောက်အအုံတွေကို လူနေထိုင်ခွင့်ပါမစ်လျှောက်ခိုင်းမှာပါ ၊ လိုက်နာဆောင်ရွက်မှု မရှိတဲ့သူတွေကို YCDC အနေနဲ့ရော မီးသတ်ဥပဒေအရပါအရေးယူမှာဖြစ်တယ် ' လို့ ပြောပါတယ်။ လူနေထိုင်ခွင့်ပါမစ် ရရှိဖို့ မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးထောက်ခံချက် ( Fire Safety Certificate ) လိုအပ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဆောက်လုပ်ခွင့် ပါမစ်အတွက် မီးသတ်ဌာနပအကြံပြုချက်ထုတ်ပေးခဲ့တဲ့ အဆောက်အအုံက၅၀၀၀ကျော်ရှိပေမဲ့ ဌာနရဲ့ ထောက်ခံချက်လာယူတဲ့ အရေအတွက်က ၁၂၀ကျော် သာရှိတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties