By Shwe Kyaw, Shweproperty.com
Updated at 12 May 2020
ကိုဗစ်-၁၉ ကြောင့်ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများဆန်းစစ်ခြင်း စာတမ်းအတွက် အကြံပြုချက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ပေးပို့နိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုန်ပြန်လိုက်သည်။
ဆောက်လုပ်ရေး ကဏ္ဍတွင်ပါဝင်ဆောင်ရွက်နေသော အင်ဂျင်နီယာများ ၊ ဆောက်လုပ်ရေးလုပ်သားများ ၊ ဆောက်လုပ်ရေးကုမ္ပဏီများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ထုတ်လုပ်တင်ပို့ရောင်းချနေသူများ ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ဘဏ်များ ၊ ဆောက်လုပ်ရေးပစ္စည်းသယ်ယူပို့ဆောင်သူ Transporter များ ၊ ဆောက်လုပ်ရေး ကဏ္ဍနှင့်သက်ဆိုင်သူများ ၊ ဆောက်လုပ်ရေးနှင့်သက်ဆိုင်သော Stakeholder များက
၁။ သွင်းအားစုများ ပြတ်တောက်ခြင်း
၂။ ဝယ်လိုအားများ နည်းလာခြင်း
၃။ ဆောက်လုပ်ရေးကုမ္ပဏီများ၏ ဘဏ္ဍာရေးအကြပ်အတည်း
၄။ အင်ဂျင်နီယာများ၏ ကဏ္ဍ
၅။ ဆောက်လုပ်ရေးအလုပ်သမားများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု
၆။ ကုစားရေးအဆင့်
၇။ ပြန်လည်ထူထောင်ရေးအဆင့် - အကြံပြုလိုသည့် စီးပွားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ၊ စီမံကိန်းများ
၈။ အခြားအကြံပြုလိုသည့်အချက်များ စသည်တို့ကို အကြံပြုပေးပို့ုနိုင်ကြောင်းကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုန်ပြန်သည်။
အဆိုပါအကြံပြုချက်များကို ပြန်လည်စုစည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Video Conferencing များပြုလုပ်ပြီး အပြီးသတ်အစီရင်ခံစာ ရေးသားပြုစုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းချက်များကို Email လိပ်စာ info@construction.gov.mm သို့ပေးပို့နိုင်သည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties