By Sint Sint, Shweproperty.com
Updated at 18 November 2020
မိတ်ဆွေကောင်းတို့အိမ်အများစုမှာဒယ်နီဒယ်ပြာဒယ်ခရမ်းတို့ကို တော်တော်များများ အသုံးပြုကြမှာပါ။အလုံးပေါင်းမနည်းပျက်လိုက်ဝယ်လိုက်နဲ့ကျွမ်းကျင်စွာသုံးနေကြတဲ့သူတွေရှိသလို ဝယ်ပြီးတာနဲ့စနစ်တကျတန်းသုံးတတ်တဲ့လူတွေလည်းတော်တော်များမျာတွေ့ရပါတယ်။
ဘာပဲဖြစ်ဖြစ်ကျွန်တော့်မိတ်ဆွေကောင်းတွေအတွက်အသုံးတဲ့စေမယ့်အချက်လေးတွေကျွန်တော်ထပ်ထည့်ပေးလိုက်ပါတယ်။
(၁) ဒယ်နီအများစုအားလုံးနီးပါးမှာမီးဆွဲအား 2000W ရှိပြီး မီးအတိုးအလျော့လုပ်လို့ရတာကြောင့်ExtensionCord(ကြိုးခွေအဝိုင်းများ)နှင့်လုံးဝမသုံးသင့်ပါဘူး။
(၂) အခုနောက်ပိုင်း ထွက်သမျှဒယ်နီတွေမှာAuto cut-off systemအလိုလျောက်မီးဖြတ်ပေးတဲ့စနစ်ပါလို့အတိုးအလျော့ဘုလေးကိုအဆုံးထိမထားပဲလိုသလိုချိန်သုံးရင်ချက်နေရင်းဆီပူမယ် ကြံရင်းအိုးကမပူတောရင်းအဲလိုဖြစ်တတ်ပါတယ်။
ဒါကြောင့်ကိုယ်ကဟင်းချက်နေရင်းအမြဲတမ်းအိုးကိုပူစေချင်တယ်ဆိုရင် အတိုးအလျော့ဘုလေးကိုအဆုံးထိတင်ထားရင်အဆင်ပြေပြီး Auto cut-off systemအလိုလျောက်မီးဖြတ်ပေးတဲ့စနစ်)ကလည်းအလုပ်မလုပ်တော့ပါဘူး။
ဒီနေရာမှာအကြံပေးချင်တာကဘုကိုအဆုံးထိထားပြီး ဟင်းချက်ပြီးရင်ခလုတ်ပိတ်ပလပ်ဖြုတ်ပါ။ဒါဆိုဘုကိုအတိုးအလျော့မကစားပဲအဆုံးမှာပဲထားခိုင်းတဲ့သဘောဖြစ်ပါတယ်။ကောင်းကျိုးကဘုပျက်ခြင်းကျိုးခြင်းမှကင်းဝေးနိုင်ပါပြီ။မီးဆွဲအားရှိနိုင်ပေမယ့်ကိုယ်ကခိုင်ခံ့သောအထိုင်နဲ့သုံးတယ်ဆိုရင် ဘာမှစိတ်ပူစရာမရှိပါဘူးနော်။
(၃) ဂျိုးကပ်တဲ့ အကြောင်းလေး ပြောပေးချင်ပါတယ်။ရိုးရိုးအိုးဖြူဖြစ်ဖြစ်non-stick မကပ်တဲ့အိုးမည်းဖြစ်ဖြစ ဂျိုးကပ်တယ်လို့ခဏခဏကျွန်တော်တို့ဆိုင်မှဝယ်သူကောင်းတွေဆီမှ အမြဲကြားရပါတယ်။တကယ်တော့အဓိကဒီအချက်ကြောင့်ပါပဲထမင်းပေါင်းအိုးတွေရဲထုံးစံမှာတစ်ခါသိုးဖူးသွားရင်ဘယ်လောက်ဆေးဆေးနောက်ပိုင်းအသိုးလွယ်တာမျိုးကိုကြားဖူး တွေ့ဖူးကြမှာပါ။
ဒါလည်းဒီသဘောပါပဲအိုးဖြူဆိုကြော်လှော်တဲ့အခါကိုယ်ကတစ်ခြားအလုပ်လုပ်နေလို့ပစ်ထားမိပြီးကပ်သွားပြီဆိုရင်နောက်ပိုင်းလည်းဘယ်လောက်ဆေးဆေးကပ်ဖို့အားသာနေပါပြီ(ချွင်းချက်အနေနဲ့တစ်ခါတစ်လေအိုးကမီးမညီတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။
(၄) နောက်တစ်ချက်က Non-Stick အိုးပါ။မကပ်တဲ့အိုးဆိုပြီးဘာလို့ကပ်လဲ။ဒါကကျတော့ဒီလိုပါ။non-stickအိုးကိုသုံးတဲ့အချိန်မှာတော်တော်များများကထုံးစံအတိုင်းစတီးဇွန်းသံဇွန်းနဲ့သုံးကြတာများပါတယ်။(ကျွန်တော့်အမေအပါအဝင်ပေါ့)အဲဒီတော့မွှေရင်း ခြစ်မိတဲ့အခါကျတော့Non-StickကနေမNon-Stick ဖြစ်လာတဲ့သဘောဖြစ်ပြီး အားရပါးရကပ်တော့တာပါပဲ။
တကယ်တော့Non-Stickကသစ်သားယောက်မ(သို့မဟုတ်)သူနဲ့တွဲသုံးရတဲ့ဇွန်းတွေယောက်မတွေရှိပါတယ်။အဲဒါလေးတွေနဲ့ဆို ရေရှည် အဆင်ပြေစွာသုံးနိုင်ပါတယ်။ (city mart, oceanတွေမှာ ဝယ်လို့ရနိုင်သလို ကျွန်တော်တို့လည်း တွဲရောင်းပေးဖို့ စီစဉ်နေကြပါပြီ)။
(၅) နောက်အိုးကပ်တာပြောရင်းတစ်ဆက်တည်း အိုးမှာကပ်နေတဲ့ ဟင်းတွေထမင်းတွေကိုဘယ်လိုလွယ်ကူအောင်ခွာမလဲဆိုတဲ့နည်းလေးပါ ပြောပေးပါ့မယ်။လွယ်ပါတယ်။ကပ်နေတဲ့အိုးထဲကိုရေအနည်းငယ်ချိန်ထည့်ပြီးပလပ်ပြန်ထိုးခလုတ်ဖွင့်ပြီးရေဆူတဲ့အထိထားလိုက်ရုံပါပဲဒါဆိုကပ်နေတာတွေအကုန် သူ့အလိုလို ကွာလာတာတွေ့ရပါလိမ့်မယ်။
(၆) ဒါဆိုတစ်ဆက်တည်း ဆေးကြောပုံနဲ့ ဆေးကြောပြီးနောက်ပိုင်းဘယ်လိုရေရှည်ခံအောင်လုပ်ရမလဲဆိုတာလေးပြောပေးပါ့မယ်ဆေးတာကတော့အဓိကအိုးတစ်ခုလုံးကို မဆေးမိဖို့ပါပဲ။အိုးအထဲပိုင်းထဲရေထည့် ဆပ်ပြာနဲ့ဆေးပြီးရင်အိုးအပြင်ကို ရေစိုဖော့ဖတ်လေးနဲ့ တိုက်ပေးရင်အထူးအဆင်ပြေပါတယ်နော်။
အိုးကို စိတ်ကြိုက်ဆေးကြောပြီးပြီဆိုတာနဲ့ မီးပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး အိုးမှာရှိနေကပ်နေတဲ့ရေစက်လေးတွေအငွေ့ပြန်သွားတဲ့ အထိအပူပေးထားပါ။ ခြောက်သွေသွားပြီဆို ပြန်ပိတ်ထားလိုက်ပါ။ဒါဆိုနောက်တစ်ခါချက်ဖို့အတွက်အဆင်သင့်ဖြစ်သလို ဓာတ်လိုက်မှာကိုလည်းတွေးကြောက်နေစရာမလိုတော့ဘူးပေါ့။
သြော်ဓာတ်လိုက်တယ်ဆိုလို့ (၇) ဒယ်နီကိုချက်တဲ့အချိန် သုံးတဲ့ဇွန်းကလက်ကိုင်ကိုင်း ကော်(သို့မဟုတ်)သစ်သားဖြစ်ဖို့ကို အကြံပေးချင်ပါတယ်။တစ်ချို့ဒယ်နီတွေကဆေးကြောနည်းအလွဲ(သို့မဟုတ်)သုံးတာကြာရင်earth(အက်) ဝင်တတ်ပြီးဓာတ်လိုက်တတ်လို့ အန္တရာယ်မများပေမယ့်အမှတ်တမဲ့လန့်နိုင်တာမို့ကျွန်တော်မိတ်ဆွေကောင်းတွေမဖြစ်ရလေအောင်အထူးအကြံပေးလိုက်ရပါတယ်။ကဲဒီလောက်ဆိုအိမ်ရှင်မအိမ်ရှင်ထီးများဒယ်နီအိုးတွေကိုဘယ်လိုသတိထားသုံးရမလဲ၊ဘာတွေဘယ်လိုကာကွယ်ရမယ်၊ဘယ်လိုတာရှည်ခံအောင်သုံးရမယ်ဆိုတာတွေကိုသိသွားတတ်သွားပြီလို့အထူးယုံကြည်ပါတယ်။
ခုရေးသားထားတဲ့အကြောင်းရာတွေကမိတ်ဆွေသူငယ်ချင်းကောင်းများအတွက်အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲကျေနပ်ပါပြီမိတ်ဆွေလိုပဲအခြားမိတ်ဆွေကောင်းများလည်းသိခွင့်ရအောင်shareလုပ်ပေးလိုက်ပါဦးလို့တိုက်တွန်းချင်ပါတယ်.....
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
သင်နေ့စဉ်နေ့တိုင်းသန့်ရှင်းရေးလုပ်သင့်တဲ့ပစ္စည်းများ
သင့်ကျန်းမာရေး ကောင်းမွန်အောင် အိမ်မှာ ဒီပန်းပင် (၆)မျိုးကို စိုက်ပါ
ရေခဲသေတ္တာထဲထည့်ပြီး မစားသင့်တဲ့အစားအစာများ
အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်
Credit : Eainshinma
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties