By Builders Guide, Shweproperty.com
Updated at 23 October 2017
သီတင်းကျွတ်နောက်ပိုင်း ပွင့်လင်းရာသီတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် မူလတန်ဖိုးထက်ဈေးလျှော့ ရောင်းသည့်ခြံမြေအနည်းငယ်သာ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့မှ ပြောကြားခဲ့သည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ်အေးနေသော်လည်း ပြီးခဲ့သည့်၂နှစ်ခန့်က ပေါက်ဈေးများထက်၄ဝရာခိုင်နှုန်းကျော်ဈေးလျှော့ရောင်းသည့်ခြံမြေအချို့အရောင်းအဝယ်အနည်းငယ် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇နှစ်ဆန်းပိုင်းမှ ရန်ကုန်အိမ်ခြံမြေအရောင်းအဝယ်များ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အကျိုးဆောင်အချို့မှ ခန့်မှန်းသော်လည်း လက်ရှိတွင် အရောင်းအဝယ်အေးပြီး ဈေးနှုန်းများထပ်မံကျနေကြောင်း သိရသည်။
မြို့တွင်းလမ်းမတန်းများတွင် တစ်ပေပတ်လည် ဈေးနှုန်းကျပ်လေးသိန်းမှ သုံးသိန်းခန့်အထိကျဆင်းပြီး ဒဂုံဆိပ်ကမ်းကဲ့သို့သော မြို့ပြင်ရှိပါမစ်မြေကွက်များသည် ကျပ်သိန်း ၃ဝဝ မှ သိန်း၁၅ဝ ခန့်ဈေးကျကြောင်း သိရသည်။
အိမ်ခြံမြေဈေးကျသော်လည်းအစိုးရ၏အသစ်ပြဋ္ဌာန်းသည့် တစ်ပေပတ်လည်စံနှုန်းသည် ယခင်တစ်ချိန်ထက် သတ်မှတ်ချက် ၁ဝ ရာခိုင်နှုန်းအောက်သာ လျှော့ချသဖြင့် အရောင်းအဝယ်ပိုအေးစေကြောင်း သိရသည်။ရန်ကုန်အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်ကို သုံးနှစ်ခန့်ကြာ ပြန်လည်ထုတ်ပြန်လေ့ရှိသည်။
ပြီးခဲ့သည့် အစိုးရလက်ထက် ၂ဝ၁၄-၁၅ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့သော စံနှုန်းသတ်မှတ်ချက်သည် ရန်ကုန်မြို့တွင်း ပန်းဘဲတန်း၊လသာတို့တွင် တစ်ပေပတ်လည်ကျပ်သုံးသိန်းသတ်မှတ်ပြီးယခုဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့် ယင်းမြို့နယ်များမှ မြေတစ်ပေပတ်လည်နှုန်းထားသည် ကျပ်နှစ်သိန်းခုနှစ်သောင်းဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေအရောင်းအဝယ်အေးနေသော်လည်း အိမ်ငှားဈေးကွက်မှာ မြို့တွင်းအချက်အချာကျသည့်နေရာတွင် ပုံမှန်ဈေးများဖြင့်ငှားရမ်းနေပြီး ကျန်နေရာများတွင် ငှားရမ်းမှုနှုန်းအနည်းငယ်ကျဆင်းလာကြောင်း သိရသည်။
Ref & Photo Credit : Builders Guide
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties