By Myanmar Builders Guide, Shweproperty.com
Updated at 22 January 2019
ပြည်တွင်းရှိ အိမ်ခြံမြေဈေးကွက် ကောင်းမွန်လာစေရေး အခွန်နှုန်းထားများ လျော့ချပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဌ ဦးစိုင်းခွန်နောင်ထံမှ သိရသည်။
ယခုအခါ အိမ်ခြံမြေဝယ်ယူရာတွင် ငွေကျပ်သိန်း ၁၀၀၀ နှင့် အထက်ဆိုပါက တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း အပါအဝင် စုစုပေါင်း အခွန် ၃၄ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ရာ အခက်အခဲများရှိသည့်အပြင် ပြည်ပနိုင်ငံများ၌လည်း ယခုကဲ့သို့ ပမာဏများစွာကောက်ခံခြင်းမရှိကြောင်း သိရသည်။
ထိုသို့ အခွန်နှုန်းထားလျော့ချပေးပြီး အိမ်ခြံမြေဈေးကွက် ပြည်လည် လည်ပတ်လာပါက မူလအခွန်နှုန်းထားအတိုင်း ပြန်လည်ကောက်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နှစ်ရှည်ချေးငွေဖြင့် အိမ်ရာဝယ်ယူမှုများနှင့် ပတ်သက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် လတ်တလောပေးဆောင်နေရသည့် ဘဏ်တိုးနှုန်းများထက် ပိုမိုလျော့ချပေးရန်လိုအပ်ကြောင်း သိရသည်။
ယခုအခါ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို လွှတ်တော်သို့တင်ပြထားပြီး ကွန်ဒိုမီနီယမ်ဥပဒေနှင့် နည်းဥပဒေထွက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ဈေးကွက်အေးခဲ့သည့် အိမ်ခြံမြေဈေးကွက်သည် ယခုနှစ်ဆန်းပိုင်းတွင် ဈေးကွက်အနည်းငယ် ကောင်းမွန်လာသည့်အပြင် အခွန်လျော့ချခြင်းများ အပါအဝင် တခြားသောလျှော့ပေါ့မှုများ ဆောင်ရွက်ပေးပါက ဈေးကွက်ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties