By Aye Sandar, Shweproperty.com
Updated at 5 February 2021
မှန်တွေဟာ သူတို့နဲ့မျက်နှာချင်းဆိုင် သက်ရောက်တဲ့ အရာဝတ္ထုပုံဆောင်ခဲတိုင်းကို ရောင်ပြန်ထင်ဟပ်စေတာကြောင့် အခြေခံအားဖြင့် ရုပ်ပိုင်းဆိုင်ရာတည်နေရာမှာမဟုတ်တဲ့၊ ဆန့်ကျင် ဘက်တည်နေရာကို ပြသပေးသည်ဟု ယူဆလေ့ရှိသည်။ ဒါကြောင့်မို့ မှန်အကြီးကြီးတွေဆိုရင် တစ်ခန်းမှာတစ်ချပ်ပဲထားရှိခြင်းဟာ ပိုသင့်လျော်ပါသည်။ ဒါ့အပြင် နံရံတစ်ဖက်မှာ မှန်တစ်ချပ်ထက် ပိုပြီး မထားရှိသင့်ဘူးဟု ဆိုသည်။ မှန်ချိတ်ဆွဲတပ်ဆင်ရာတွင် အခြေခံသိထားသင့်တဲ့အချက်များမှာ - ထမင်းစားစားပွဲ နံဘေးမှာ မှန်တစ်ချပ်ထားရှိခြင်းကပြည့်စုံကြွယ်ဝခြင်းနဲ့ စည်းစိမ်တိုးစေခြင်းအတွက် ယေဘုယျကျတဲ့ ဖုန်းရွှေ နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။ ဘာကြောင့်လဲဆိုတော့ အဆိုပါမှန်သည် ထမင်းစားစားပွဲပေါ်က အစားအစာတွေကိုပုံရိပ်အားဖြင့် နှစ်ဆဖြစ်စေနိုင်သောကြောင့် အဆိုပါ အယူလွှမ်းမိုးကြောင်း ယူဆနိုင်သည်။ မှန်တွေဟာ သူတို့ရှေ့က အရာများကို ပုံရိပ်ယောင်မိတ္တူ ပွားစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် သင့်အနေနဲ့ ဘဝမှာပိုမိုမြင်တွေ့ချင်တဲ့အရာမှန်သမျှကို ရောင်ပြန်ထင်ဟပ်စေဖို့ မှန်တွေကို အသုံးပြုနိုင်ပါသည်။ သင့်ကို ပျော်ရွှင်စေတဲ့အရာကို နှစ်ဆပွားစေမည့်နည်းလမ်းပင်ဖြစ်ပါသည်။ အိမ်တစ်အိမ်ရဲ့ ဝင်ပေါက်တံခါးမကြီးမှာ ချိတ်ဆွဲထားတဲ့ မှန်ချပ်ငယ်ဟာ မကောင်းတဲ့စွမ်းအင်ဓာတ်တွေ အိမ်ထဲမဝင်နိုင်ဘဲ အပြင်ဘက်ကို ပြန်ကန်ထွက်သွားစေနိုင်သည်ဟု ဆိုကြသည်။ မှန်များသည် အလင်း နဲ့ ရွေ့လျားမှုကို ရောင်ပြန်ထင်ဟပ်စေတဲ့အတွက် အိပ်ရာနဲ့ မျက်နှာချင်းဆိုင်မှာ မှန်ကို ထားရှိတဲ့သူတွေဟာ အိပ်စက်အနားယူတဲ့အခါ သက်သောင့်သက်သာ အနားယူစေနိုင်ဖို့ မှန်များကို အိပ်ယာရဲ့ ဝေးဝေးတွင်ထားသင့်ပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ အိမ်ရဲ့အကျိုးစီးပွားတက်ဖို့ဆို ရှေးထုံးများလည်း လိုက်နာ မှတ်သားဖို့လို အိမ် ကျက်သရေတိုးစေရန် နဂါးဘက်ခြမ်း၊ ကျားဘက်ခြမ်း သိထားအံ့ အိမ်အတွင်းအပြင် စီးပွားလာဘ်ပွင့်နည်း Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties