By Sint Sint, Shweproperty.com
Updated at 19 November 2020
Unicode Version
ခေတ်မှီလာသော လူနေမှုပုံစံများအရ အိမ်တိုင်းတော်တော်များများမှာ ရေခဲသေတ္တာဟာ မရှိမဖြစ် အိမ်အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်လာပါပြီ။ ဒါ့ကြောင့် မိမိတတ်နိုင်တဲ့ ငွေကြေးအလိုက် သင့်တော်တဲ့ ရေခဲသေတ္တာကို ၀ယ်ယူသုံးဆွဲကြပါတယ်။ ရေခဲသေတ္တာနဲ့ပတ်သက်ပြီးတော့ အမှတ်မထင် ပြုမူမိလိုက်တဲ့ တွက် မီးဘေးအန္တာရာယ်နဲ့ တခြားကျန်းမာရေး ပြသနာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရေခဲသေတ္တာနဲ့ ပတ်သက်ပြီးတော့ မလုပ်သင့်တဲ့ အချက်တွေတွေနဲ့ အန္တရာယ်ကင်းအောင် ဘယ်လို ထားသိုရမလဲ ဆိုတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေခဲသေတ္တာ၏ အတွင်း၊ အပြင်ကို ရေဖြင့်မည်သည့်အခါမှ ပက်ဖြန်းဆေးကြောခြင်း မပြုရ။ အတွင်း၌ လျှပ်စစ်ပစ္စည်းများ၊ ဝိုင်ယာကြိုးများတပ်ဆင်ထားသဖြင့် ရှော့ဖြစ်တတ်သည်။
၂။ မီးလောင်စေတတ်သော မှုတ်ဆေးဘူး၊ ဓါတ်ငွေ့ဘူးများကို ရေခဲသေတ္တာအနီးတွင် မသုံးပါနှင့်။ ရေခဲသေတ္တာမှ အပူကြောင့်မီးလောင်တတ်သည်။
၃။ ရေခဲသေတ္တာတံခါးကို အကြာကြီးဖွင့်မထားပါနှင့်။
၄။ ပူနေသေးသော အစားအသောက်များကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ အအေးခံပြီးမှ ထည့်ပါ။
၅။ ကာဘွန်နိတ်အအေးဗူး (ဥပမာ – ကိုကာကိုလာ၊ 100 Plus) စသည်တို့ကို အပေါ်ထပ် အအေးခန်းထဲ မထည့်ပါနှင့်။
၆။ ဓါတုဗေဒဆေးရည်များ၊ ဓါတုဗေဒပစ္စည်းများကို ရေခဲသေတ္တာအတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။
၇။ ရေခဲသေတ္တာအတွင်း ပစ္စည်းများကို ကြပ်သိပ်နေအောင် ထည့့်မထားပါနှင့်။ လေလှည့်ပတ်မှုကောင်းအောင် နေရာလပ် ပေးထားပါ။
၈။ ရေခဲသေတ္တာအပေါ်ထပ် ရေခဲခန်းအတွင်း ပုလင်း၊ ဖန်ခွက် စသည်တို့ဖြင့် ထည့်ထားသော အရည်ပုလင်းများ မထည့်ပါနှင့်။ ကွဲတတ်သည်။
၉။ အေးခဲနေသော အသားငါးများနှင့် ယခုမှ ၀ယ်လာသော အသားငါးများကို အပေါ်ရေခဲခန်းအတွင်း အတူပူးကပ်မထားပါနှင့်။ ခွာထားပါ။
၁၀။ မီးလောင်စေတတ်သောပစ္စည်းများ၊ မီးခြစ်၊ ဖယောင်းတိုင်၊ အီသာ၊ ဘင်ဇင်း၊ အယ်လ်ကိုဟော၊ ဓါတ်ငွေ့မီးခြစ်တွင် ထည့်သောအရည် စသည်တို့ကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ ပေါက်ကွဲတတ်သည်။
၁၁။ သောက်ဆေး၊ ထိုးဆေးများကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ ရေခဲသေတ္တာအတွင်းထည့်ထားပါ ဟု ညွှန်ကြားထား သည့် ဆေးများကိုသာ ထည့်ပါ။
၁၂။ လျှပ်စစ်ပစ္စည်းများကို ရေခဲသေတ္တာအတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။
၁၃။ ရေခဲခန်းအတွင်းမှ ခဲနေသော အသားငါးများကို ထုတ်ကာ အရည်ပျော်စေပြီးနောက် ထပ်မံ၍ ရေခဲခန်းအတွင်း မထည့်ပါတော့နှင့်။ အားလုံးကုန်အောင်စားပါ။ ထို့ကြောင့် ရေခဲခန်းအတွင်းထည့်မည့် အသားငါးများကို တစ်ခါချက်လောက်ရုံ ခုတ်ထစ်၊ ရေဖြင့် သေသေချာချာဆေးပြီးမှ သိုလှောင်ပါ။ ထုတ်သည့်အခါတွင်လည်း ထို တစ်ခါချက်လောက်ရုံသာ ထုတ်ပါ။ အခြား မချက်သေးသော အသားငါးများကို အရည်မပျော်ပါစေနှင့်။ ဆက်လက်ခဲထားပါ။
၁၄။ အပူချိန်နိမ့်တွင် အလွယ်တကူ ပျက်စီးစေတတ်သော အသီးများ၊ ဥပမာ – ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ သခွားသီး၊ စသည်တို့ကို ရေခဲသေတ္တာအတွင်း ထည့်သွင်းမသိုလှောင်ပါနှင့်။
၁၅။ ရေခဲသေတ္တာ ကောင်းကောင်းအလုပ်မလုပ်တော့ဟု ဆိုလျှင် ဆက်မသုံးပါနှင့်။ အတွင်းရှိပစ္စည်းများ အားလုံးထုတ်ပါ။ ခလုတ်ကိုပိတ်ပြီး ပလပ်ကို ချွတ်ထားပါ။ ထို့နောက် ရေခဲသေတ္တာပြင်ဆိုင်သို့ပို့ပါ။ အကယ်၍ မတော်တဆ ဝိုင်ယာကြိုးပြတ်၍ ပြင်လိုလျှင် နားလည်တတ်ကျွမ်းသူကိုသာ ပြန်ဆက်ခိုင်းပါ။ တတ်ယောင်ကားများကို ဆက်ခိုင်းခြင်း၊ မသိနားမလည်ဘဲ မိမိ ကိုယ်တိုင်လုပ်ခြင်းသည် ဓါတ်လိုက်မည့် အန္တရာယ်ရော၊ မီးလောင်မည့်အန္တရာယ်ပါ ရှိပါသည်။
၁၆။ ရေခဲသေတ္တာကို (သယ်သည့်အခါ၊ နေရာပြောင်းသည့်အခါများတွင်) မည်သည့်အခါမှ မလှဲပါနှင့်။ ထောင်လျှက်သာ ထားရပါမည်။
ရေခဲသေတ္တာကို မည်ကဲ့သို့ ထိန်းသိမ်းရမည်နည်း
အပန်းမကြီးလှသော ထိန်းသိမ်းမှုအနည်းငယ်မျှလုပ်လျှင်ပင် ရေခဲသေတ္တာ၏ သက်တမ်းကို ပိုပြီးရှည်စေနိုင်သည်။ ထို့ပြင် ပျက်ချိန်မတိုင်မီ ပျက်မည့်အန္တရာယ်မှလည်း ကြိုတင်ကာကွယ်နိုင်မည်။
အန္တရာယ်ကင်းရေး ပထမ (Safety First)
၁။ ရေခဲသေတ္တာကို သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်တော့မည်ဆိုလျှင် ပထမဦးစွာ ပြုလုပ်ရမည်မှာ ရေခဲသေတ္တာ မီးခလုတ်ကို ပိတ်ကာ ပလပ်ချွတ်ထားခြင်းဖြစ်ပါသည်။ ရေခဲသေတ္တာကို မီးမပိတ်ဘဲ၊ ပလပ်မချွတ်ဘဲ သန့်ရှင်းရေး၊ ပြုပြင် ထိန်းသိမ်းရေး မလုပ်ပါနှင့်။ အလွန်အန္တရာယ်များသည်။
၂။ လေးလံသော၊ ကွဲနိုင်သော ပစ္စည်းများကို ရေခဲသေတ္တာအတွင်းမှ ထုတ်ပါ။
၃။ ရေခဲသေတ္တာကို မီးပိတ်၊ ပလပ်ချွတ်ပြီးလျှင် နံရံမှ ခွာပါ။ ထိုသို့ခွာရာတွင် ရေခဲသေတ္တာ အောက်ပိုင်းကိုသာ ကိုင်ပြီး ဖြေးညင်းစွာ ရွှေ့ပါ။ ကြမ်းပြင်များကို မခြစ်မိ စေရန် သတိထားပါ။
၄။ ရေခဲသေတ္တာ တစ်ပတ်လည် လူ၀င်လို့ရနိုင်လောက်သည်ထိ ခွာထားပါ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်တိုင်း စိုက်ထားသင့်တဲ့ မီးကွင်းဂမုန်းဆေးတော်ပင်
ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူများ
ကျန်းမာရေးအတွက် ကောင်းမွန်သော အိမ်တွင်းစိုက်ပျိုးသင့်တဲ့ အပင်( ၁၀ )မျိုး
ငါးကန် ရှိတဲ့အိမ်တိုင်းသတိပြုသင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အသက်အန္တရာယ်
Zawgyi Version
ေခတ္မွီလာေသာ လူေနမႈပုံစံမ်ားအရ အိမ္တိုင္းေတာ္ေတာ္မ်ားမ်ားမွာ ေရခဲေသတၱာဟာ မရွိမျဖစ္ အိမ္အသုံးအေဆာင္ ပစၥည္းတစ္ခုျဖစ္လာပါၿပီ။ ဒါ့ေၾကာင့္ မိမိတတ္ႏိုင္တဲ့ ေငြေၾကးအလိုက္ သင့္ေတာ္တဲ့ ေရခဲေသတၱာကို ၀ယ္ယူသုံးဆြဲၾကပါတယ္။ ေရခဲေသတၱာနဲ႔ပတ္သက္ၿပီးေတာ့ အမွတ္မထင္ ျပဳမူမိလိုက္တဲ့ တြက္ မီးေဘးအႏၲာရာယ္နဲ႔ တျခားက်န္းမာေရး ျပသနာေတြျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ေရခဲေသတၱာနဲ႔ ပတ္သက္ၿပီးေတာ့ မလုပ္သင့္တဲ့ အခ်က္ေတြေတြနဲ႔ အႏၲရာယ္ကင္းေအာင္ ဘယ္လို ထားသိုရမလဲ ဆိုတဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ေရခဲေသတၱာ၏ အတြင္း၊ အျပင္ကို ေရျဖင့္မည္သည့္အခါမွ ပက္ျဖန္းေဆးေၾကာျခင္း မျပဳရ။ အတြင္း၌ လွ်ပ္စစ္ပစၥည္းမ်ား၊ ဝိုင္ယာႀကိဳးမ်ားတပ္ဆင္ထားသျဖင့္ ေရွာ့ျဖစ္တတ္သည္။
၂။ မီးေလာင္ေစတတ္ေသာ မႈတ္ေဆးဘူး၊ ဓါတ္ေငြ႕ဘူးမ်ားကို ေရခဲေသတၱာအနီးတြင္ မသုံးပါႏွင့္။ ေရခဲေသတၱာမွ အပူေၾကာင့္မီးေလာင္တတ္သည္။
၃။ ေရခဲေသတၱာတံခါးကို အၾကာႀကီးဖြင့္မထားပါႏွင့္။
၄။ ပူေနေသးေသာ အစားအေသာက္မ်ားကို ေရခဲေသတၱာအတြင္း မထည့္ပါႏွင့္။ အေအးခံၿပီးမွ ထည့္ပါ။
၅။ ကာဘြန္နိတ္အေအးဗူး (ဥပမာ – ကိုကာကိုလာ၊ 100 Plus) စသည္တို႔ကို အေပၚထပ္ အေအးခန္းထဲ မထည့္ပါႏွင့္။
၆။ ဓါတုေဗဒေဆးရည္မ်ား၊ ဓါတုေဗဒပစၥည္းမ်ားကို ေရခဲေသတၱာအတြင္း ထည့္သြင္း မသိုေလွာင္ပါႏွင့္။
၇။ ေရခဲေသတၱာအတြင္း ပစၥည္းမ်ားကို ၾကပ္သိပ္ေနေအာင္ ထည့့္မထားပါႏွင့္။ ေလလွည့္ပတ္မႈေကာင္းေအာင္ ေနရာလပ္ ေပးထားပါ။
၈။ ေရခဲေသတၱာအေပၚထပ္ ေရခဲခန္းအတြင္း ပုလင္း၊ ဖန္ခြက္ စသည္တို႔ျဖင့္ ထည့္ထားေသာ အရည္ပုလင္းမ်ား မထည့္ပါႏွင့္။ ကြဲတတ္သည္။
၉။ ေအးခဲေနေသာ အသားငါးမ်ားႏွင့္ ယခုမွ ၀ယ္လာေသာ အသားငါးမ်ားကို အေပၚေရခဲခန္းအတြင္း အတူပူးကပ္မထားပါႏွင့္။ ခြာထားပါ။
၁၀။ မီးေလာင္ေစတတ္ေသာပစၥည္းမ်ား၊ မီးျခစ္၊ ဖေယာင္းတိုင္၊ အီသာ၊ ဘင္ဇင္း၊ အယ္လ္ကိုေဟာ၊ ဓါတ္ေငြ႕မီးျခစ္တြင္ ထည့္ေသာအရည္ စသည္တို႔ကို ေရခဲေသတၱာအတြင္း မထည့္ပါႏွင့္။ ေပါက္ကြဲတတ္သည္။
၁၁။ ေသာက္ေဆး၊ ထိုးေဆးမ်ားကို ေရခဲေသတၱာအတြင္း မထည့္ပါႏွင့္။ ေရခဲေသတၱာအတြင္းထည့္ထားပါ ဟု ၫႊန္ၾကားထား သည့္ ေဆးမ်ားကိုသာ ထည့္ပါ။
၁၂။ လွ်ပ္စစ္ပစၥည္းမ်ားကို ေရခဲေသတၱာအတြင္း ထည့္သြင္း မသိုေလွာင္ပါႏွင့္။
၁၃။ ေရခဲခန္းအတြင္းမွ ခဲေနေသာ အသားငါးမ်ားကို ထုတ္ကာ အရည္ေပ်ာ္ေစၿပီးေနာက္ ထပ္မံ၍ ေရခဲခန္းအတြင္း မထည့္ပါေတာ့ႏွင့္။ အားလုံးကုန္ေအာင္စားပါ။ ထို႔ေၾကာင့္ ေရခဲခန္းအတြင္းထည့္မည့္ အသားငါးမ်ားကို တစ္ခါခ်က္ေလာက္႐ုံ ခုတ္ထစ္၊ ေရျဖင့္ ေသေသခ်ာခ်ာေဆးၿပီးမွ သိုေလွာင္ပါ။ ထုတ္သည့္အခါတြင္လည္း ထို တစ္ခါခ်က္ေလာက္႐ုံသာ ထုတ္ပါ။ အျခား မခ်က္ေသးေသာ အသားငါးမ်ားကို အရည္မေပ်ာ္ပါေစႏွင့္။ ဆက္လက္ခဲထားပါ။
၁၄။ အပူခ်ိန္နိမ့္တြင္ အလြယ္တကူ ပ်က္စီးေစတတ္ေသာ အသီးမ်ား၊ ဥပမာ – ငွက္ေပ်ာသီး၊ နာနတ္သီး၊ ဖရဲသီး၊ သခြားသီး၊ စသည္တို႔ကို ေရခဲေသတၱာအတြင္း ထည့္သြင္းမသိုေလွာင္ပါႏွင့္။
၁၅။ ေရခဲေသတၱာ ေကာင္းေကာင္းအလုပ္မလုပ္ေတာ့ဟု ဆိုလွ်င္ ဆက္မသုံးပါႏွင့္။ အတြင္းရွိပစၥည္းမ်ား အားလုံးထုတ္ပါ။ ခလုတ္ကိုပိတ္ၿပီး ပလပ္ကို ခြၽတ္ထားပါ။ ထို႔ေနာက္ ေရခဲေသတၱာျပင္ဆိုင္သို႔ပို႔ပါ။ အကယ္၍ မေတာ္တဆ ဝိုင္ယာႀကိဳးျပတ္၍ ျပင္လိုလွ်င္ နားလည္တတ္ကြၽမ္းသူကိုသာ ျပန္ဆက္ခိုင္းပါ။ တတ္ေယာင္ကားမ်ားကို ဆက္ခိုင္းျခင္း၊ မသိနားမလည္ဘဲ မိမိ ကိုယ္တိုင္လုပ္ျခင္းသည္ ဓါတ္လိုက္မည့္ အႏၲရာယ္ေရာ၊ မီးေလာင္မည့္အႏၲရာယ္ပါ ရွိပါသည္။
၁၆။ ေရခဲေသတၱာကို (သယ္သည့္အခါ၊ ေနရာေျပာင္းသည့္အခါမ်ားတြင္) မည္သည့္အခါမွ မလွဲပါႏွင့္။ ေထာင္လွ်က္သာ ထားရပါမည္။
ေရခဲေသတၱာကို မည္ကဲ့သို႔ ထိန္းသိမ္းရမည္နည္း
အပန္းမႀကီးလွေသာ ထိန္းသိမ္းမႈအနည္းငယ္မွ်လုပ္လွ်င္ပင္ ေရခဲေသတၱာ၏ သက္တမ္းကို ပိုၿပီးရွည္ေစႏိုင္သည္။ ထို႔ျပင္ ပ်က္ခ်ိန္မတိုင္မီ ပ်က္မည့္အႏၲရာယ္မွလည္း ႀကိဳတင္ကာကြယ္ႏိုင္မည္။
အႏၲရာယ္ကင္းေရး ပထမ (Safety First)
၁။ ေရခဲေသတၱာကို သန္႔ရွင္းေရး၊ ျပဳျပင္ထိန္းသိမ္းေရး လုပ္ေတာ့မည္ဆိုလွ်င္ ပထမဦးစြာ ျပဳလုပ္ရမည္မွာ ေရခဲေသတၱာ မီးခလုတ္ကို ပိတ္ကာ ပလပ္ခြၽတ္ထားျခင္းျဖစ္ပါသည္။ ေရခဲေသတၱာကို မီးမပိတ္ဘဲ၊ ပလပ္မခြၽတ္ဘဲ သန္႔ရွင္းေရး၊ ျပဳျပင္ ထိန္းသိမ္းေရး မလုပ္ပါႏွင့္။ အလြန္အႏၲရာယ္မ်ားသည္။
၂။ ေလးလံေသာ၊ ကြဲႏိုင္ေသာ ပစၥည္းမ်ားကို ေရခဲေသတၱာအတြင္းမွ ထုတ္ပါ။
၃။ ေရခဲေသတၱာကို မီးပိတ္၊ ပလပ္ခြၽတ္ၿပီးလွ်င္ နံရံမွ ခြာပါ။ ထိုသို႔ခြာရာတြင္ ေရခဲေသတၱာ ေအာက္ပိုင္းကိုသာ ကိုင္ၿပီး ေျဖးညင္းစြာ ေ႐ႊ႕ပါ။ ၾကမ္းျပင္မ်ားကို မျခစ္မိ ေစရန္ သတိထားပါ။
၄။ ေရခဲေသတၱာ တစ္ပတ္လည္ လူ၀င္လို႔ရႏိုင္ေလာက္သည္ထိ ခြာထားပါ။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
အိမ္တိုင္း စိုက္ထားသင့္တဲ့ မီးကြင္းဂမုန္းေဆးေတာ္ပင္
ေၾကာက္စရာေကာင္းတဲ့ အိမ္တြင္းရန္သူမ်ား
က်န္းမာေရးအတြက္ ေကာင္းမြန္ေသာ အိမ္တြင္းစိုက္ပ်ိဳးသင့္တဲ့ အပင္( ၁၀ )မ်ိဳး
ငါးကန္ ရွိတဲ့အိမ္တိုင္းသတိျပဳသင့္တဲ့ ထိတ္လန႔္တုန္လႈပ္ဖြယ္ အသက္အႏၲရာယ္
Ref : Wunyan
Photo Credit : Thesavinglifestyle
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties