By 7daydaily, Shweproperty.com
Updated at 26 November 2014
ကန်ထရိုက်တာ လိုင်စင်ကြေးမှတ်ပုံတင်နှုန်းထားများကို လာမည့် ၂၀၁၅ တွင် တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုးမြှင့်လိုက်သည့် ကန်ထ ရိုက်တာလိုင်စင်ကြေးမှတ်ပုံတင် နှုန်းထားသစ်မှာ အကြီးတန်းအင် ဂျင်နီယာအတွက် ယခုကျပ်ငါးသိန်းပေးဆောင်ရာမှ နှစ်ဆကျပ်၁၀သိန်း အထိ တိုးမြှင့်လိုက်ပြီး အငယ် တန်းအင်ဂျင်နီယာအတွက် သုံး သိန်းပေးဆောင်ရာမှ ငါးသိန်းသို့ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သိရသည်။
လိုင်စင်ရ ကန်ထရိုက်တာ များအတွက် နှစ်စဉ်ကြေးကိုမူ အကြီးတန်းအင်ဂျင်နီယာများအ တွက် ယခင် ကျပ်နှစ်သိန်းတစ်သောင်းကျော်သာပေးဆောင်ရာ မှ ငါးသိန်းအထိ ပေးသွင်းရမည်ဖြစ်ပြီး အငယ်တန်းအင်ဂျင်နီယာအ တွက် ယခင် တစ်သိန်းနှစ်သောင်း ပေးဆောင်ရာမှ ယခု သုံးသိန်း ကျော်ပေးဆောင်ရတော့မည် ဖြစ် သည်။
၂၀၁၃ အတွင်း လိုင်စင်ကြေးတိုးမြှင့်ကောက်ခံမှုတစ်ကြိမ်ရှိခဲ့ပြီး ယခုအကြိမ်ကဲ့သို့ ပမာဏမများကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ပြောသည်။
ယခုထပ်မံပြီး လိုင်စင်ကြေး များ တိုးမြှင့်ကောက်ခံရခြင်းမှာ ခေတ်စနစ်နှင့်အညီ လိုက်လျော ညီထွေမှုရှိစေရန်ဖြစ်သည်ဟု ဌာနက ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်း ရှင်အများစုမှာ လိုင်စင်ရ ကန်ထ ရိုက်တာများအား အမည်ငှားရမ်းအသုံးပြုတည်ဆောက်နေရသော ကြောင့် ၎င်းတို့အား ယခင်ငှားရမ်းခထက် ပိုမိုပေးဆောင်ရတော့မည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ်နေ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။
‘‘လိုင်စင်ရကန်ထရိုက်တာ တွေကို ကျွန်တော်တို့က ဆောက် လုပ်ခွင့်ရဖို့ အမည်ငှားသုံးနေရ တာ သူတို့ရဲ့ လိုင်စင်ကြေးတွေ တိုးတော့ ဈေးပိုပေးရတော့မှာ ပေါ့။ အခန်းဈေးက တက်မယ်လို့ လျှောက်ပြောနေတာပါ။ တကယ်တမ်းကျတော့ အများကြီးမတက် နိုင်ဘူး’’ဟု အဆိုပါလုပ်ငန်းရှင်က ပြောသည်။
လက်ရှိတွင် ကန်ထရိုက် လောက၌ အခန်းပေး၊ အခန်းယူ ရောင်းချမှုကိစ္စများ၌ မြေရှင် ဘက်က တောင်းဆိုမှုများပြားလာ သဖြင့် အခက်အခဲအချို့ဖြစ်ပေါ် နေပြီး မြေဝယ်ဆောက်ရန်မှာ လည်း မြို့တွင်းတွင် ရှားပါးလာပြီဖြစ်ကာ လိုင်စင်ကြေးတိုးမြှင့်ကောက်ခံခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခု ထပ်မံတိုးလာပြီဟု မြန်မာနဂါးမင်း ဆောက်လုပ်ရေးမှ လုပ်ငန်းရှင် ကိုသီဟက ပြောသည်။
Ref : 7daydaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties