By emg, Shweproperty.com
Updated at 2 June 2014
အစိုးရဝန်ထမ်များအား ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို အနိမ့်ဆုံးငွေကျပ် ၁၇၀၀ မှ အများဆုံးကျပ် ၉၀၀၀ နှုန်းဖြင့် ငှားပေးထားသော်လည်း နေအိမ်လိုင်းခန်းမရရှိသည့် ဝန်ထမ်းများအား ငှားရမ်းခများ ခံစားခွင့်ပြုပေးရန် အစီအစဉ်မရှိသေးကြောင်း သမ္မရုံးဝန်ကြီး ဌာန(၂)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။
နေပြည်တော်တွင် မေ ၃၀ ရက်က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ ၌ မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်ဧ။် အောက်ခြေနှင့်အလယ်အလတ်အဆင့် နိုင်ငံဝန်ထမ်းများအတွက် သားသမီးများ ပညာရေး၊ မိသားစု၊ ကျန်းမာရေးနှင့် နေထိုင်ရေးတို့အတွက် ရေရှည်စနစ်တကျ ကူညီဖြေရှင်းနိုင်မည့် အစီအမံများဖြင့် ဆောင်ရွက်ရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အိမ်ငှားချထားရာတွင် သက်ဆိုင်ရာမြို့များရှိ ဒေသန္တရအစိုးရများက ဦးစီး ၍ ဝန်ထမ်းများဧ။် ဌာနရာထူးနှင့် လုပ်သက်အလိုက် စိစစ်ခွင့်ပြုပေးခြင်းဖြစ်ပြီး မိမိတို့ တာဝန်ထမ်းဆောင်သည့် မြို့နယ်တွင် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နေထိုင်ခွင့်ရှိပါတယ်။ နေအိမ်လိုင်းခန်းမရရှိသည့် နိုင်ငံ့ဝန်ထမ်းများအား သက်ဆိုင်ရာဒေသနှုန်းထားအလိုက် အိမ်ငှားရမ်းခများ ခံစားခွင့်ပြုပေးရန် အစီအစဉ်မရှိသေးပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖြေကြားသည်။
လက်ရှိတွင် ဝန်ထမ်းများဧ။် လစာငွေသည် စားရေးနှင့်ဝတ်ရေးတို့အတွက် လုံလောက်သော်လည်း သားသမီးများဧ။် ပညာရေး၊ မိသားစုကျန်းမာရေးနှင့် နေထိုင်ရေးတို့အတွက် ဘဝအာမခံချက်နည်းပါးလျက် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က ပြောကြားသည်။
မူလတန်းအဆင့်ရှိ ကျောင်းသားအားလုံးကို တစ်ဦးလျှင် ဗလာစာအုပ် ခြောက်အုပ်နှုန်းနှင့် ငွေကျပ်တစ်ထောင်နှုန်း ထောက်ပံ့ပေးမည် ဖြစ်ပြီး ယခု ၂၀၁၄−၂၀၁၅ ပညာသင်နှစ်မှစ၍ အလယ်တန်းကျောင်းသားအားလုံးကို အခမဲ့ပညာသင်ယူခွင့် ပြုထားကြောင်း သမ္မရုံးဝန်ကြီးဌာန(၂)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။
အစိုးရမှ နိုင်ငံဝန်ထမ်းများအား အတိုင်းအတာတစ်ခုအထိ လစာတိုးပေးခဲ့သော်လည်း ကုန်ဈေးနှုန်းမြင့်တက်လာမှုများကြောင့် ဝန်ထမ်းများနှင့်အတူ သာမန်ပြည်သူများ၊ အခြေခံလူတန်းစားများမှာ ပိုမိုခံစားနေရကြောင်း ဒေါ်ရီရီမြင့်က ပြောကြားသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties