By ရွှေဆဌဂံဂျာနယ်, Shweproperty.com
Updated at 4 June 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိသော်လည်း ၎င်းတန်ဖိုးနည်းအိမ်ရာကိုပင် မဝယ်ယူနိုင်သည့် အခြေခံလူတန်းစားများအတွက် သက်သာသောနှုန်းထားဖြင့် ငှားရမ်းပေးမည့် အိမ်ရာများကို စက်မှုဇုန်များအနီးရှိ မြေနေရာများတွင် ဆောက်လုပ်ပေးသွားရန် အစီအစဉ်ရှိကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
မြို့ဈေးမှာက မြေဈေးအရမ်းမြင့်တော့ တန်ဖိုးနည်းအိမ်ရာဆောက်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် မြို့ပြင် (ဥပမာ - စက်မှုဇုန်များ အနီးက) မြေဈေးသက်သာတဲ့နေရာမှာ အိမ်မဝယ်နိုင်တဲ့ လူတန်းစားတွေအတွက် သက်သက်သာသာနဲ့ အိမ်ငှားနေနိုင်မယ့် အိမ်ရာတွေဆောက်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ မြေရှင်တွေကို ညှိနှိုင်းနေတယ်။
တည်ဆောက်ဆဲ၊ မြေငှားခ စတာတွေကို အနည်းဆုံးဖြစ်အောင်ညှိနှိုင်းပြီးရင် ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်နိုင်မှာပါ ဟု ၎င်းကပြောသည်။
Ref :ရွှေဆဌဂံဂျာနယ်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties