By The Kumudra, Shweproperty.com
Updated at 9 August 2016
အိမ်ငှားဈေးကွက်မှာ မပေါက်တဲ့ ဈေးအမြင့်တွေ ပြောပြီး အိမ်ငှားရှာခိုင်းတဲ့ အိမ်ရှင်တချို့ကြောင့် အကျိုးဆောင်တချို့ အိမ်ငှားနဲ့ အိမ်ရှင်ကြား ကြားညှပ်ရတာတွေ ရှိတယ်လို့ သိရပါတယ်။
ဝသုန်အကျိုးဆောင် ဦးမောင်ဝင်းက "အိမ်က ပျဉ်ထောင်ကို တစ်လ ကျပ် ၁၃၀,၀၀၀ နဲ့ ငှားမယ်တဲ့၊ အိမ်ငှားက သူ အခုဈေးက မြင့်တယ်၊ ကျပ် ၁၀၀,၀၀၀ ဆို ဆက်ငှားမယ်ပြောတယ်၊ တကယ်လဲ အဲဒီအိမ်က (၁၀၀,၀၀၀) လောက်ပဲ တန်တာကို ကြားထဲက ကိုယ်က ကြားညှပ်ပြီး ဖြေရှင်းနေရတာ" လို့ ပြောပါတယ်။
တချို့ကမဖြစ်နိုင်တဲ့လမ်းမတန်းနေရာတွေက ဈေးတွေနဲ့ ယှဉ်ပြီးငှားခတွေကိုတိုးတောင်းကြတယ်။ တကယ်ငှားတဲ့သူက ဈေးဆစ်ညှိနှိုင်းပြီး ငှားကြတာတွေလည်း ရှိတယ်။ တချို့က လုံးဝမလျှော့ဘဲ ငှားနိုင်မှ ငှားဆိုတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တချို့အိမ်ငှားတွေကလည်း ပြောရခက်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ဈေးကို ကတ်သတ်ပြီး ဈေးဆစ်ကြသလို အိမ်ရှင်တွေက လည်း ဈေးကိုလုံးဝညှိနှိုင်းမပေးတာတွေရှိတယ်လို့ သိရတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်ဝင်းက "ရပ်ကွက်အတွင်း လမ်းလမ်းမ ကောင်းတဲ့ နေရာမှာ နှစ်ထပ် တိုက်ကို ကျပ် ၁၀သိန်း ငှားမယ်ပြောတယ်၊ ဒဂုံမြောက်လိုနေရာမှာ အတွင်းလမ်းမှာ ဘယ်လိုမှ ငှားမယ့်သူရှိမှာ မဟုတ်ဘူး၊ ဘယ်လို ညှိနှိုင်းပြီး လုပ်ပေးရမလဲ" လို့ ပြောပါတယ်။
Ref : The Kumudra
Photo Credit : wikitravel
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties