By The Kumudra, Shweproperty.com
Updated at 2 June 2016
အိမ်ခြံမြေဈေးကွက်ထဲမှာ အငှားဈေးကွက်က ကောင်းတယ်ဆိုပေမဲ့ အရင်နှစ်တွေရဲ့ ဈေးနှုန်းနဲ့ ယှဉ်ရင် ၂၀ရာခိုင်နှုန်း ဝန်ကျင် ဈေးကျနေတယ်လို့ အကျိုးဆောင်တခိျု့ က ပြောပါတယ်။ လက်ရှိဈေးကွက်မှာက ဈေးဆက်မတက်ဘဲ အရင်အတက်ဈေးနဲ့ ဈေးကွက်ဖြစ်နေ တာပါ။ ပုံမှန် အငှားဈေးကွက်ဖြစ်နေပေမဲ့ နိုင်ငံခြားသား အငှားဈေးကွက်ကို ဦးတည်ထားတဲ့ ကွန်ဒို၊ တိုက်ခန်း နဲ့ လုံချင်းအငှားတွေရဲ့ ဈေးကွက်ကတော့ မျှော်လင့်ထားသလောက် မဖြစ်ဘူးလို့ သိရပါတယ်။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်ကျော်က "နေဖို့ ပုံမှန်အငှား ဈေးကွက်ကတော့ ဖြစ်ပါတယ်၊ အငှားဈေးနှုန်း ကျနေတယ် ဆိုတာက ဈေးနှုန်းထက်တဲ့ နှုန်းကို ဆိုလိုတာနေမှာ၊ ဒီအချိန်က ပုံမှန်ဆိုအရင်က ဝါတွင်းနီလာရင် ဈေးတက်နေကြလေ၊ အခုတော့ဈေးက ဆက်မတက်ဘဲ ပုံမှန်ဈေးနဲ့သွားနေတာ" လို့ ဈေးကွက်အခြေအနေကို ပြောပါတယ်။
ဈေးကွက်ထဲမှာ တချို့က ပြည်ပဈေးကွက်ကို ဦးတည်ထားတာကြောင့် ပြည်တွင်းက သူတွေလည်း ဈေးမနိုင် ပြည်ပကလည်း ထင်သလောက်မဝင်နဲ့ ဈေးကွက်အေးနေသလို ဖြစ်နေတာပါ။ ဝယ်ရောင်း အကျိုးဆောင် ဦးဝင်နိုင်က "အငှားဈေးကွက်က တချို့ဆို လာမေးတယ် ၊ ဈေးနှုန်းကြည့်ပြီး ပြန်လှည့်သွားကြတယ်၊ နိုင်ငံခြားသာ အငှားကို အရမ်းဦးစာပေးကြတဲ့ သူတွေများတော့ ပြည်တွင်း အငှားဈေးကွက်မှာ ငှားမယ်သူတွေ နည်လာတယ်" လို့ပြောပါတယ်။
အငှား ဈေးကွက်မှာ အမြင့်ဆုံးနီပါ ဈေးတက်ထားတာကြောင့်လို့လည်း သိရပါတယ် ။မြို့တွင်းမှာ အငှားဈေးကွက်က တစ်လကို အနည်းဆုံး ကျပ် ၂၀၀,၀၀၀အောက်က မရှိသလောက်ဖြစ်နေပြီး အနည်းဆုံးက ကျပ် ၁၈၀,၀၀၀ ဝန်းကျင် တွေတော့ ရှိပေမဲ့ အပေါ်ဆုံးထပ်တွေ ပြင်ဆင်ထားမှုမရှိတဲ့ ရိုးရိုးအခန်းတွေသာ သည် ဈေးလောက်နဲ့ ရတာဖြစ်တယ်လို့ သိရပါတယ်။
ဝသုန်အကျိုးဆောင် မှ ဦးမောင်ဝင်းက "ဈေးတွေကတော့ အရင်းအတိုင်းပါပဲ ၊ သမိုင်းတို့ စမ်းချောင်းတို့ဘက်တွေတော့ ဈေးက ကျပ် ၂၀၀,၀၀၀ အောက်ရသေးတယ်၊ မြို့ထဲတော့ မရဘူး၊ မရတာထက်အလွတ်ကို သိပ်မရှိတော့တာ ၊ ဒီနောက်ပိုင်းမှာ သာကေတတို့ သမိုင်းတို့ ကြည်မြင်တိုင်တို့ သင်္ဃန်းကျွန်းတို့ဘက်တွေကိုအမေးများတယ်၊ ဈေးသက်သာတာကြောင့်" လို့ ပြောပါတယ်။
Ref : The Kumudra
Photo Credit : travelmyanmar
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties