By Myanmar Builders Guide, Shweproperty.com
Updated at 26 March 2019
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်တည်ဆောက်လျက်ရှိသော ပြည်တော်သစ်အိမ်ယာစီမံကိန်းအတွက် ယာယီရွှေ့ပြောင်းနေထိုင်ရမည့် မိသားစုများအတွက် ဒုတိယအကြိမ် အိမ်ငှားစရိတ်နှင့် ပြောင်းရွေ့စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲကို မတ်လ ၂၁ ရက်က ကျင်းပပြုလုပ်သည်။
ရွှေ့ပြောင်းစရိတ်အဖြစ် အခန်းတစ်ခန်းလျှင် အသွားအပြန် ကျပ် ၆သိန်း၊ အိမ်ငှားစရိတ်အတွက် တလလျှင်ကျပ် ၃ သိန်း ၃ သောင်းဖြင့် ၁၄ လအတွက် ထောက်ပံ့ငွေ(စုစုပေါင်း ၅၂ သိန်း ၂ သောင်းကျပ်)ကို အခန်းပေါင်း ၄၀ အတွက်ပေး အပ်ခဲ့ခြင်း ဖြစ်သည်။
ပြည်တော်သစ်အိမ်ရာစီမံကိန်းဖော်ဆောင်မည့်နေရာတွင် တိုက်တလုံးလျှင် အခန်းပေါင်း ၂၄ ခန်းခန့်ပါဝင်သည့် တိုက်(၆)လုံး၊ အခန်းပေါင်း (၁၄၂) ခန်းအတွက် အိမ်ငှားစရိတ်နှင့် ရွှေ့ပြောင်းစရိတ်များပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အရင်နှစ်တုန်းကတော့ တိုက် ၆ လုံးရှိတဲ့ထဲက တိုက် (၁) ကို နှစ်နှစ်စာ ပေးအပ်ခဲ့တယ်။ သူတို့တွေကတော့ အငှားချထားတဲ့ စားရွက်စာတမ်းတွေ ပိုင်ဆိုင်မှုတွေတော့ ရှိရမယ်။ ကျန်တဲ့တိုက်တွေအကုန်လုံးကို ပေးသွားမှာ။ သူတို့ပိုင်ဆိုင်မှုအထောက် ထားတွေစုံရမယ်။ နောက်တချက်က စည်ပင်ခွန်၊ ရေခွန်၊ မီးခွန် အကျေဆောင်ပြီး ရှင်းလင်းပြီးတဲ့အခန်းပိုင်ရှင်တွေကိုပေးမှာ ဖြစ်တယ်။ မတ်လကုန်မှပြောင်းမယ့်သူတွေကို မတ်လကုန်မှ ပေးမှာ။ ကျန်တဲ့အခန်းတွေလည်းရှိသေးတယ်” ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ဦးခင်မောင်ဝင်း ကပြောသည်။
အဆိုပါစီမံကိန်းတခုလုံး၏ ဧရိယာမှာ ၄ ဒသမ ၆ဧက၊ စီမံကိန်းအမျိုးအစားမှာ အငှားအိမ်ရာ၊ တန်ဖိုးလတ်/တန်ဖိုးမြှင့် အရောင်းအိမ်ရာ၊ အဆင့်မြင့်အိမ်ရာနှင့် စီးပွားရေးအဆောက်အဦများ၊ ကွန်ဒို၊ တာဝါများပါဝင်သော စီမံကိန်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းပထမအဆင့်အဖြစ် ဈေးဝယ်စင်တာ၊ ကားပါကင်ပါနှင့် လူနေတိုက်ခန်းများပါဝင်သည့် အထပ် ၁၂ ထပ်မြင့် အဆောက်အဦးကို ၂ နှစ်အတွင်းအပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ပြည်တော်သစ်အိမ်ရာသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Yangon Metropolitan Development Public Co,Ltd (YMDP)မှ ကြီးကြပ်အကောင်အထည်ဖော်မည်ဖြစ်သည်။
ပြည်တော်သစ်အိမ်ရာစခန်းကို ပါလီမန်ဒီမိုကရေစီ ပြည်တော်သာစီမံကိန်းနှင့်အညီ ၁၉၅၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ နှစ်ပေါင်း ၆၀ နီးပါးကြာမြင့်နေပြီဖြစ်၍ ပျက်စီးယိုယွင်းလာသည့်အတွက် အသစ်ပြန်လည်တည်ဆောက် ဖြင်းဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : News Watch
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties