By Messenger, Shweproperty.com
Updated at 23 March 2015
အငှားချ ပြည်သူ့အိမ်ရာ စီမံကိန်းအား မြောက်ဥက္ကလာပတွင် ပြုလုပ်ရန် စီစဉ်နေပြီး၊ အဆိုပါ အိမ်ရာများကို ဝင်ငွေနည်း ဝန်ထမ်း များနှင့် ပြည်သူများကို စိစစ်ပြီး ရောင်းချပေး သွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ လာမယ့် နှစ်လအတွင်း ဆောင်ရွက် သွားမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်ထိ အတိအကျ ချပြဖို့ မဖြစ်နိုင်သေးပါဘူး။ အိမ်ရာ စီမံကိန်း စတင်တာနဲ့ အသေးစိတ် အားလုံးကို အသိပေးသွားမှာပါ””ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ပြောသည်။ အဆိုပါ အငှားချ အိမ်ရာတွင် ရှေးဦးစွာ အိမ်လခဖြင့် နေထိုင်ပြီး၊ ဝင်ငွေ စုဆောင်းမိသည့် အခါ တန်ဖိုးနည်း အိမ်ရာများကို အရစ်ကျ ဝယ်ယူနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ အငှားချ ပြည်သူ့အိမ်ရာ စီမံကိန်းအား ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင်လည်း ပြုလုပ်သွားရန် စီစဉ်ထားပြီး၊ ယင်း အိမ်ရာများ အတွက် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့မှ ဘတ်ဂျက်ငွေ ချထားပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာဆိုရင် အငှားချ အိမ်ရာတွေကို လုပ်တယ်။ ပြီးရင် တစ်ဆင့် တက်ပြီး အိမ်ပိုင်ဆိုင်နိုင်တဲ့ အခြေအနေထိ ဆောင်ရွက်ပေးတယ်၊၊ မြန်မာနိုင်ငံမှာ လက်ရှိ တန်ဖိုးနည်း အိမ်ရာတွေကိုတောင် လက်လှမ်း မမီနိုင်သေးတဲ့ အခြေအနေ ဆိုတော့ အငှားချ အိမ်ရာတွေက လိုကိုလိုအပ်ပါတယ်””ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့ဒဂုံမြို့သစ်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် တန်ဖိုးနည်း အိမ်ရာများ ကို ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး၊ အငှားချ အိမ်ရာများ ပြုလုပ်ရန်အတွက်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေဖြင့် စိတ်ဝင်စားမှု ရှိနေကြောင်း ၎င်းက ထပ်မံပြောသည်။ လက်ရှိ ရန်ကုန်မြို့တွင် တိုက်ခန်း ဈေးနှုန်းများ အဆမတန် မြင့်တက်နေသကဲ့သို့ တိုက်ခန်းအငှား ဈေးနှုန်းများ သည်လည်း မြို့နယ်၊ နေရာ၊ အကျယ်အဝန်း၊ အထပ် အနိမ့်အမြင့်ပေါ် မူတည်၍ ကျပ်ဆယ်သိန်းအထိ ဈေးနှုန်းရှိပြီး၊ ကွန်ဒိုတိုက်ခန်း များသည် ကျပ်သိန်းနှစ်ဆယ် အထက်ရှိကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု ကုမ္ပဏီများထံမှ သိရသည်။ တိုးချဲ့ မြို့နယ်များတွင်မူ တိုက်ခန်းအငှား ဈေးနှုန်းသည် ကျပ်သုံးသိန်း အထိ ဈေးနှုန်းရှိကြောင်း သိရသည်။
Ref : Messenger
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties