By Myanmar Builders Guide, Shweproperty.com
Updated at 31 July 2018
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အိတ်ပိတ်တင်ဒါခေါ်ယူနေကြောင်းသိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင်ရန်ကုန်တိုင်းဒေသကြီးပုဇွန်တောင်မြို့နယ်ပြည်တော်သစ်အိမ်ရာရှိ ခြောက်ခန်းတွဲလေးထပ်အဆောက်အအုံတစ်လုံးကို ဖြိုဖျက်ရှင်းလင်းရေးအတွက် အိတ်ပိတ်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။
လေလံလျှောက်လွှာကို (၃ဝ.၇.၂ဝ၁၈) မှ (၁၃.၈.၂ဝ၁၈) အထိ ရုံးချိန်အတွင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး အမှတ်(၂၂၈/၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်တထောင်မြို့နယ်တွင် တင်သွင်းရမည်ဖြစ်သည်။
တင်ဒါတင်သွင်းရမည့်ရက်မှာ (၁၄.၈.၂ဝ၁၈) ရုံးချိန်အတွင်း တင်သွင်းနိုင်ပြီးအသေးစိတ်အချက်အလက်ကို ဖုန်းနံပါတ်(ဝ၁-၃၇၅ဝ၃၇) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အငှားအိမ်ရာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊အမှတ် (၁၄)ရပ်ကွက်၊ဥမ္မာဒန္တီတွင် ဆောက်လုပ်ပြီးစီးသည့် ရှစ်ခန်းတွဲလေးထပ်အဆောက်အအုံတစ်လုံးသည် အိမ်ခန်း ၃၂ ခန်း နှင့် လေးခန်းတွဲငါးထပ်အဆောက်အအုံသည် အိမ်ခန်းလွတ်သုံးခန်း စုစုပေါင်း ၃၅ခန်း တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်ရေးအခက်အခဲ ရှိသော နိုင်ငံ့ဝန်ထမ်းများ၊အငြိမ်းစား ဝန်ထမ်းများနှင့် ဝင်ငွေနည်း အများပြည်သူများကို စိစစ်ပြီး ငါးနှစ်ငှားရမ်းနေထိုင်ခွင့် နှင့် အငှားချထားပေးမည်ဖြစ်သောကြောင့် လျှောက်ထားလိုသူများ ကိုယ်တိုင်နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းတင်ပြီး အိမ်ခန်းလျှောက်လွှာများကို ဝယ်ယူလျှောက်ထားနိုင်ပါသည်။
လျှောက်လွှာများကို (၃ဝ.၇.၂ဝ၁၈) နံနက် ၁ဝနာရီမှ (၁ဝ.၈.၂ဝ၁၈) ညနေ ၄နာရီအထိရောင်းချမည်ဖြစ်သည်။ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပြည်သာ၊ပုသိမ်တွင် (၁၃.၈.၁၈)တွင် တင်သွင်းရမည်ဖြစ်သည်။အသေးစိတ်ကို ဖုန်းနံပါတ်(ဝ၄၂-၂၃၇၇၄) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties