By Myanmar Builders Guide, Shweproperty.com
Updated at 13 May 2019
ရန်ကုန်မြို့တွင် ကျူးကျော်နေထိုင်သူများ များပြားလာသော်လည်း နိုင်ငံတော်က ကျူးကျော်စမတ်ကတ်ထုတ်ပေးထားသည့်သူများကိုသာ အငှားအိမ်ရာလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်၊ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက မေ ၇ ရက်က ပြောဆိုခဲ့သည်။
"ကျူးစာရင်းကောက်တာ အစက ၄၀ဝ ကျော်ပဲရှိတယ်။ စမတ်ကတ်ထုတ်ပေးရင်းနဲ့ ၇၀ဝ၊ ၈၀ဝ အထိ ဖြစ်လာတယ်။ အဲဒီလောက်အထိ ထုတ်ပေး ခဲ့တယ်။ ဒါပေမဲ့နောက်တိုးကျူးတွေကတော့ ပိုများလာတာကိုတွေ့ရတယ်။ ဒါကြောင့် အားလုံးကို တရားဝင်ပြောပြီးသား ပါ။ စမတ်ကတ်ရှိတဲ့ ကျူးတွေကိုပဲ နိုင်ငံတော်က အငှားအိမ်ရာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်"ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ကျင်းပသည့် ရွှေလင်ဗန်းစက်မှုဇုန်သီးသန့် မီးသတ်ဖွဲ့၏ စွမ်းစွမ်းတမံလုပ်ငန်းဆောင် ရွက် မှုနှင့်ပတ်သက်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲအခမ်းအနားတွင် ပြောဆိုသည်။
နှစ်ဆကျော်ရှိနေ
လှိုင်သာယာ မြို့နယ်အတွင်း ကျူးကျော် နေထိုင်သူများ စာရင်းကောက်ယူခဲ့မှုတွင် ခန့်မှန်းသည်ထက် ဦးရေနှစ်ဆကျော်ရှိနေကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အောင် မြေသာယာ၊ ညောင်ရွာ၊ ရေအုတ်ကန်နှင့် ရွှေလင်ဗန်းနေရာတို့တွင် ဧပြီ ၂၅ ရက်က စပြီး မေ ၁၁ရက်အထိ ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ ရှစ်ဖွဲ့ဖြင့်စာရင်းကောက် ယူခဲ့ကြောင်း သိရသည်။
"အကြမ်းဖျင်းကောက်တုန်းက စာရင်းအရ အိမ်ထောင်စု ၂၇၀ဝ၀ ကျော်ရှိတယ်။ မြေပြင်မှာကွင်းဆင်းကောက်ယူတဲ့အခါ အရင်ရှိတဲ့စာရင်းထက် နှစ်ဆလောက်များနေတယ်။ ၅၀ဝဝဝ ကျော်လောက်ရှိနေတယ်လို့ ခန့်မှန်းရတယ်"ဟု ကျူးကျော်စာရင်းကောက်ယူရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်းရှိ ခရိုင်လေးခုတွင်တရားမဝင်နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉၊ အိမ်ထောင်စု ၁၆၇၇၃၈ စု၊ ကျူးကျော်နေထိုင် သူဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
စီမံချက်ပါမြို့နယ်များ
ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်းကောက်ယူမှုလုပ်ငန်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလကစတင်ခဲ့ရာ စီမံချက်တွင်ပါဝင်သည့်မြို့နယ်များမှာ အရှေ့ပိုင်းခရိုင်တွင် ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်းနှင့် မြောက်ဥက္ကလာပမြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် အလုံနှင့် မရမ်းကုန်းမြို့နယ်၊ တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက်တန်းနှင့် ဒလ၊ မြောက်ပိုင်းခရိုင်တွင် လှိုင်သာယာတို့ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties