By The Kumudra, Shweproperty.com
Updated at 9 March 2016
ဧရာဝတီဖြစ်ဘေးမှာ ကျူးကျော်တဲထိုးပြီး နေထိုင်ကြသူတွေအတွက် အငှားအိမ်ရာတည်ဆောက်ပြီး စတင်ငှားရမ်းနေပြီဖြစ်လို့ ကျူးကျော်တဲတွေကို ရှင်းလင်းတော့မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူးဦးခင်မောင်တင်က ကျူးကျော်ဆိုတာ စည်ပင်ကလည်းခွင့်မပြူထားဘူး၊ အဲဒါကြောင့်ဒီနေ့ အငှားအိမ်ရာပေါ်ကို မိသားစုတစ်ရာရောက်ရင် ကျူးတစ်ရာနေခဲ့တဲ့ အိမ်ကိုရှင်းမယ်၊ကိုယ့်အစီစဉ်နဲ့ကို ရှင်းလဲရတယ်၊ကိုယ့်အစီစဉ်နဲ့ကို မရှင်းရင်စည်ပင်က ရှင်းမယ်လို့ ပြောပါတယ်။
မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကျပ် ၁၁ ဘီလျံ အကုန်အကျခံတည်ဆောက်ထားတဲ့ အငှားအိမ်ရာမှာ အခန်းပေါင်း ၁၅၄၈ ခန်းရှိပါတယ်။ တစ်လကို တစ်ခန်းကျပ် ၃၀၀၀၀ နဲ့ငှားရမ်းတာဖြစ်ပါတယ်။
အငှားအိမ်ရာ ငှားရမ်းခွင့်ရသူ ဒေါ်တင်သန်းက အခုငှားရမ်းခွင့်ရပြီဆိုတော့ ဝမ်းသာပါတယ်။တစ်လကို ကျပ် ၃၀၀၀၀ ဆိုတော့ ကြိုးစားပြီးရှာရမှာပေါ့၊ အခုလိုနေခွင့်ရတာကိုပဲ ဝမ်းသာပါတယ်လို့ ပြောပါတယ်။
အငှားအိမ်ရာ ငှားရမ်းခွင့် ရရှိဖို့ မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုဇယား ရှိရမှာဖြစ်တယ်။အငှားအိမ်ရာ ငှားရမ်းခွင့်ရရှိသူ ၁၂၀၆ ဦးရရှိတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : mizzima
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties