By Myanmar Times, Shweproperty.com
Updated at 17 December 2015
ရွှေတိဂုံဘုရားအနီးရှိ တပ်ပိုင်မြေနေရာတွင် အကောင်အထည် တည်ဆောက်မည့် ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် အများ ပြည်သူကန့်ကွက်ခဲ့သည့်အတွက် ပြီးခဲ့ သည့်ဇူလိုင်လ၌ ရပ်နားထားခဲ့ရာ အဆိုပါဆောက် လုပ်ရေးကုမ္ပဏီများအတွက် မြေနေရာအစား ထိုးပေးနိုင်ရန် စီစဉ်ထားသည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
"ကျွန်တော်တို့ ရပ်နားလိုက်ရတဲ့ စီမံကိန်း ငါးခုအတွက် မြေနေရာတွေ အစားထိုးဖို့ စီစဉ်ထားပါတယ်။ မြေနေရာတွေက နိုင်ငံပိုင် မြေတွေမှာပဲ ပြန်အစားထိုးပေးသွားမှာပါ။ အသေးစိတ်ကိုတော့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်ကို မေးနိုင်ပါတယ်" ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြေအစားထိုးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆဲသာဖြစ်သည်ဟု ရင်းနှီး မြှုပ်နှံမှုကော်မရှင်က ဒေါ်မြစန္ဒာက ပြော သည်။ "ကော်မရှင်ကတော့ မြေအစားထိုးပေး ဖို့ စီစဉ်နေပေမယ့် သက်ဆိုင်ရာဝန်ကြီး ဌာန တွေနဲ့ ညှိနှိုင်းနေတာ မပြီးပြတ်သေးပါဘူး။ မြေအစားထိုးပေးဖို့ စီစဉ်နေတဲ့ ကိစ္စ ကလည်း ကျွန်မတို့ ကော်မရှင်တစ်ခုတည်းမဟုတ်တဲ့ အတွက် အစားထိုးပေးမယ့် မြေနေရာ အတိ အကျတွေကိုတော့ မသိသေးပါဘူး။ ကော်မရှင် ပိုင်မြေတွေမဟုတ်တဲ့အတွက် ဝန်ကြီးဌာန တွေနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ဆောက်လုပ်ရေးကုမ္ပဏီများက အစားထိုး မြေနေရာများတွင် တည်ဆောက်မည့်ဆောက် လုပ်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု ဥပဒေများအတိုင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိရန် ပြန်လည် တင်ပြရမည်ဖြစ်သည်။ "ဝန်ကြီးဌာနချင်း ညှိနှိုင်းပြီး သွားရင် ကုမ္ပဏီတွေက သူတို့ရဲ့ စီမံကိန်းအတွက် ကော်မရှင်ကို ပြန်တင်ရပါမယ်။ ခွင့်ပြုချက် ရဖို့အတွက် ကော်မရှင်ဥပဒေနဲ့သွားမယ်ဆိုရင် အစကနေ ပြန်တင်ရပါမယ်။ အခုကတော့ ညှိနှိုင်းမှု အခြေအနေက မပြတ်သေးတဲ့ အတွက် ကော်မရှင်ခွင့်ပြုချက် ပြန်တင်တာတော့ မရှိသေးဘူး" ဟု ဒေါ်မြစန္ဒာက ပြောသည်။
ရွှေတိဂုံဘုရားနှင့် နီးကပ်သည့်မြေနေရာ ပေါ်တွင် တည်ဆောက်မည့် အကြီးစား ဆောက်လုပ်ရေးစီမံကိန်းများအပေါ် အရပ် ဘက် လူ့အဖွဲ့အစည်းများ၊ မြို့ပြစီမံကိန်းပညာရှင်များ၊ ရွှေတိဂုံထိန်းသိမ်း စောင့် ရှောက်ရေးအဖွဲ့နှင့် အများပြည်သူက အပြင်းအထန်ကန့်ကွက်ခဲ့သည့်အတွက် ယင်း ဆောက်လုပ်ရေးစီမံကိန်းငါးခုစလုံးကို အပြီး တိုင် ရပ်စဲကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့က ဇူလိုင် ၇ ရက်တွင် ကြေညာခဲ့သည်။
ယင်းဆောက်လုပ်ရေး လုပ်ငန်းများ အနက် ဒဂုံစီးတီး (၁) နှင့် (၂) စီမံကိန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ တရားဝင်ခွင့်ပြုချက်ရရှိထားပြီး အခြေခံဆောက် လုပ်ရေးများပင် စတင်ဆောက်လုပ်ခြင်းနှင့် လူနေတိုက်ခန်းကြိုတင်ရောင်းချခြင်း များကို ဆောင်ရွက်နေခဲ့ပြီးလည်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ထုတ် ပြည်တွင်း ဂျာနယ်တစ်ခုတွင် ဒဂုံစီးတီးစီမံကိန်း အပါအဝင် ဆောက်လုပ်ရေးစီမံကိန်းငါးခုအတွက် ရန်ကုန်မြို့တွင်းရှိ နေရာသုံးခုရှိ မြေနေရာ ၃၃ ဧကကို အစားထိုးပေးရန် သမ္မတရုံးက စီစဉ်လျက်ရှိသည်ဟု ဖော်ပြခဲ့သော်လည်း သမ္မတရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့ရာ အသေးစိတ်ပြန်လည် ဖြေကြားခြင်း မရှိပေ။ ယင်းသတင်းဂျာနယ်၏ ဖော်ပြချက်အရ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနပိုင် ၁၇ ဧကကို ဒဂုံစီတီး(၁)တည်ဆောက်သည့် Marga Land Mark ကုမ္ပဏီကို လည်းကောင်း၊ စီးပွားကူးသန်း ဝန်ကြီးဌာနပိုင် မင်းရဲကျော်စွာလမ်းနှင့် ခရေပင်လမ်းထောင့်ရှိ မြေ ၁၁ ဧကကို Adventure Myanmar နှင့် အိုလံပစ်ကုမ္ပဏီတို့ကို ၅ ဒသမ ၅ ဧကစီ ခွဲဝေ၍ လည်းကောင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ကုန်သည်လမ်းပေါ်ရှိ မြန်မာ့မီးရထားရုံးချုပ် ပိုင်မြေ သုံးဧကကို ရွှေတောင်ဖွံ့ဖြိုးတိုးတက် ရေးကုမ္ပဏီသို့လည်းကောင်း အစားထိုး ပေးရန် ခွင့်ပြုထားသည်ဟု သိရသည်။
အဆိုပါ ကုမ္ပဏီများထံ ဆက်သွယ် မေးမြန်းရာ၌ Marga Land Mark ကုမ္ပဏီက ပြန်လည်ဖြေကြားခြင်း မရှိခဲ့သော်လည်း မြေနေရာအစားထိုးပေးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆဲသာ ဖြစ်သည်ဟု ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ပြောကြားသည်။ ဒဂုံစီးတီး (၂) ကို တည်ဆောက်မည့် သုခရတနာ ကုမ္ပဏီ ကမူ မြေနေရာအစားထိုးပေးမည့် အစီအစဉ် ကို ကြားသိထားသော်လည်း ၎င်းတို့ထံ တရားဝင် သတင်းထုတ်ပြန်စာ ရောက်ရှိလာခြင်း မရှိသေးကြောင်း ကုမ္ပဏီပိုင်ရှင် ဦးသောင်းထိုက်မင်းက ပြောသည်။
"ကျွန်တော်တို့ကို နေရာအစားထိုးပြန်ပေးမယ်လို့တော့ သတင်းကြားထားပါတယ်။ ဒါပေမဲ့ ပြန်ပေးလိုက်ပြီဆိုတဲ့ တရားဝင်စာတော့ မရသေးပါဘူး။ လောလောဆယ် သိသလောက်တော့ စီးပွားကူးသန်းဝန်ကြီး ဌာနပိုင်မြေကို ပြန်ပေးမယ်ဆိုပေမယ့် အရင် မြေနေရာထက်တော့နည်းသွားတယ်လို့လည်း သိထားပါတယ်"ဟု ၎င်းကပြောသည်။
Ref : Myanmar Times
Photo Credit : Mymagicalmyanmar
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties