By Yangon Times Journal, Shweproperty.com
Updated at 8 June 2016
အိမ်ငှားခဈေးနှုန်းများ မြင့်တက်နေရကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်းမှ သိရသည်။
''နိုင်ငံတော်အစိုးရအနေနဲ့ ပြည် သူလူထုအတွက် တန်ဖိုးမျှတတဲ့အိမ် ရာတွေနဲ့ ဈေးနှုန်းသက်သာတဲ့အငှား အိမ်ရာစီမံကိန်းတွေကို ရေရှည်အ ကောင်အထည်ဖော်ဆောင်ရွက်သွား ဖို့လိုအပ်ပါတယ်''ဟု မြန်မာနိုင်ငံ အိမ် ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦး ခင်မောင်သန်းက ပြောသည်။
အိမ်ပိုင်မရှိသည့်အိမ်ငှားများ ရင်ဆိုင်နေရသည့်အခက်အခဲများသည် ရပ်ကွက်ဒေသပေါ်မူတည်ကာ အိမ်ငှား သည့်အိမ်ရှင်များအချင်းချင်း ဈေးပြိုင် ထားဈေးနှုန်းများသတ်မှတ်၍ ဈေးနှုန်း မြှင့်တင်မှုများစွာရှိနေပြီး ရရှိသောဝင် ငွေနှင့် အိမ်ငှားစရိတ်မညီမျှ၍ အခက် အခဲများရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
''ရပ်ကွက်သန့်ရင် အိမ်ရှင်တွေ က ဈေးပိုတောင်းတယ်။ နောက်ပြီး ဒီနားတစ်ဝိုက်က အိမ်ငှားခဈေးနှုန်း တွေကိုကြည့်လိုက်ဦး အားလုံးက တစ် သိန်းအထက်မှာတွေချည်းပဲ။ တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့သူတွေအတွက် တော့ နေဖို့က တော်တော်ခက်ခဲနေ လိမ့်မယ်။ အိမ်ဈေးတွေက ဘယ်တော့ မှကျမှာလဲ မသိပါဘူး''ဟု ဒေါပုံမြို့ နယ် မြို့သစ်ရပ်ကွက်တွင် အိမ်ငှားနေ ထိုင်သူ ဒေါ်အေးလွင်ကပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေသည်နှစ် စဉ်တိုးတက်လာလျက်ရှိပြီး အိမ်ရာ လိုအပ်ချက်သည် တစ်နှစ်လျှင် သုံး သောင်းကျော်ခန့်ရှိသည့်အတွက် အိမ် လခသက်သာသည့် အငှားအိမ်ရာစီမံ ကိန်းများကို တိုးချဲ့ဆောက်လုပ်ပေး ရန်လိုအပ်ပြီး အိမ်ငှားခဈေးနှုန်းများ ထိန်းချုပ်ပေးရန် လိုအပ်လျက်ရှိသည်။
အိမ်ရှင်အိမ်ငှားပြဿနာများနှင့် ကျူးကျော်တဲဆောက်လုပ်နေထိုင်မှု များအားဖြေရှင်းရန် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း လွပ်လပ်နေသည့်မြေနေ ရာများကို ပြည်သူများ အိမ်ငှားခပုံမှန် ပေးသွင်းနိုင်မည့် တန်ဖိုးမျှတသည့် အိမ်ရာများ ဆောက်လုပ်ပေးရန်နှင့် မြင့်တက်နေသည့် အိမ်ငှားခဈေးနှုန်း များကို နိုင်ငံတော်က ထိန်းချုပ်ပေး နိုင်မှသာ ဝင်ငွေနည်းပါးမှုအပါအဝင် ဆင်းရဲနွမ်းပါးမှုတွေ လျော့ကျလာနိုင် ကြောင်း ဦးခင်မောင်သန်းက သုံးသပ် ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံ မြို့သစ်တောင်ပိုင်း၌ အိမ်ငှားခတစ် လ ၃ဝဝဝဝ ဖြင့် အိမ်ခန်း ၁၅ဝဝ အား ငှားရမ်းနေထိုင်ခွင့်ပြုရန် စီစဉ်ထား ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် လှိုင်သာ ယာမြို့နယ်များတွင် တန်ဖိုးနည်းအ ငှားအိမ်ရာများ ဆောက်လုပ်နေကြောင်း သိရသည်။
Ref : Yangon Times Journal
Photo Credit : parnoramio
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties