By Messenger, Shweproperty.com
Updated at 30 December 2015
အိမ်ငှားရမ်းခ တစ်ရက်လျှင် ကျပ် (၅၀၀)မှ(၁၀၀၀)အတွင်းသာ ပေးဆာင်ရမည့် အငှားချအိမ်ရာ စီမံကိန်းများကို ကျူးကျော်နေထိုင်သူများ (အိမ်ရာမဲ့) များအတွက် ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (မြေနှင့် အိမ်ရာဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က ယမန့်နေ့က ဆွေးနွေးပွဲတွင် ပြောသည်။ “ဘယ်လောက်ပေးနိုင်တယ် ဆိုတာကို ကျွန်တော်တို့က ခန်မှန်းတွက်ချက် ထားတာပါ။ အိမ်ရာဖော်ဆောင်လို့ ကုန်ကျမယ့် ကုန်ကျစရိတ်တို့ကို တွက်ချက်ထားပါတယ်။ သူတို့က ဘယ်လောက်ပေးနိုင်တယ် ဆိုတာမျိုးက စတွက်ချက်ထားပါ တယ်”ဟု ၎င်းက ဆက်ပြောသည်။ အငှားချအိမ်ရာ စီမံကိန်းများကို ဖော်ဆောင်ရန်အတွက် ပထမဦးဆုံးအနေဖြင့် ကျီစုစက်မှုဇုန် အတွင်းရှိ ကျူးကျော် နေထိုင်သူများအတွက် စတင် ဖော်ဆောင်လျက်ရှိသည်။ လက်ရှိအချိန်တွင် မြေယာ ရှင်းလင်းခြင်း၊ ခြံစည်းရိုးခတ်ခြင်း အစရှိသော လုပ်ငန်းများကို အကောင်အထည် ဖော်လျက်ရှိပြီး၊ အိမ်ခန်းတစ်ခန်းလျှင် အကျယ်အဝန်းမှာ (၂၀၀x၃၀၀) စတုရန်း ပေရှိသည်။ အဓိကအားဖြင့် ကျူးကျော် နေထိုင်သူများ(အိမ်ရာမဲ့)များ အတွက် ယင်းကဲ့သို့ အငှားချအိမ်ရာ စီမံကိန်းများကို မှုဝါဒထား၍ လုပ်ဆောင်လျက် ရှိကြောင်း ဦးထွန်းမြင့်က ဆိုသည်။ “ဒီလိုမျိုး အငှားချ အိမ်ရာစနစ်ကို ဖန်တီးပေးရင်တော့ ကျူးကျော်တွေ အတွက် တစ်မျိုးကောင်းတာပေါ့။ နို့မို့ဆို ဟိုဖယ်ဒီဖယ်နဲ့ နေရာပျောက်ရတာတွေကို သတင်းတွေထဲ တွေ့နေတယ်။ တကယ် ဖော်ဆောင်နိုင်ရင်တော့ ကောင်းတာပေါ့”ဟု မြောက်ဒဂုံမြို့နယ်မှ အငြိမ်းစား ဝန်တမ်း ဦးသိမ်းမောင်က ပြောသည်။ ယခင်အစိုးရ လက်ထက်၌ ကျူးကျော်နေထိုင်သော အိမ်ရာမဲ့များကို ဖျက်သိမ်းရာတွင် မြေကွက်များ ချထားပေးကာ ပြောင်းရွှေ့ နေထိုင်မှုများရှိခဲ့သည်။ လက်ရှိ အချိန်တွင် မြေကွက်တန်ဖိုး ကြီးမားလာမှု လယ်ယာမြေများကို အသုံးချ၍ မလွယ်ကူးခြင်း အစရှိသော အချက်များကြောင်း အငှားချအိမ်ရာ စီမံကိန်းများကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း ဦးထွန်းမြင့်အောင်က ပြောသည်။
Ref : Messenger
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties