By 7 Day Daily, Shweproperty.com
Updated at 19 October 2017
ရန်ကုန်တိုင်းဒေသကြီး အတွင်း ပင်စင်စားနိုင်ငံ့ဝန်ထမ်း များအတွက် အငှားအိမ်ရာများ စတင်အကောင်အထည်ဖော်ရန် တိုင်းအစိုးရနှင့် ဖက်စပ်လုပ်ကိုင် သည့် ကုမ္ပဏီက အောက်တိုဘာ ၁၈ ရက်တွင် တင်ဒါစတင် ခေါ် ယူသည်။
အဆိုပါစီမံကိန်းသည် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းအိမ်ရာ စီမံကိန်းများအ နက် တစ်ခုဖြစ်သည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုး အိမ်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်နိုင်က ပြော ကြားသည်။
‘‘ဒါက (ဝန်ထမ်းအိမ်ရာစီမံ ကိန်း) ဒီအစိုးရလက်ထက်မှာမှ ပထမဦးဆုံးပါ။ ဟိုးအရင်တုန်းက တော့ ဦးနုလည်း ဆောက်ခဲ့တာ’’ ဟု ၎င်းကပြောသည်။
ဆောက်လုပ်ရေးကုမ္ပဏီ များကို ကြီးကြပ်မည့် Yangon Metropolitan Development အများပိုင်ကုမ္ပဏီက တင်ဒါခေါ် ခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီ သည် ရန်ကုန်တိုင်းအစိုးရနှင့် Myanmar Construction Development ကုမ္ပဏီတို့ အကျိုး တူပူးပေါင်းဆောင်ရွက်ရန် တည် ထောင်ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ထမ်းအငှားအိမ်ရာအတွက် ကျပ်ငါးဘီလီယံဖြင့် တည် ဆောက်ခြင်းဖြစ်ပြီး ပထမဦးဆုံး တည်ဆောက်မှု ဖြစ်ကြောင်း အ ထက်ပါ ကုမ္ပဏီက ပြောသည်။
ယခုတင်ဒါခေါ်ယူ၍ ပထမ ဦးဆုံးတည်ဆောက်မည့် အိမ်ရာသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ဖြစ်ပြီး ၁၂ ခန်းတွဲ ငါးထပ်အ ဆောက်အအုံ ငါးလုံးတည် ဆောက်မည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ အဆိုပါအိမ် ရာသည် ပင်စင်စားနိုင်ငံ့ ဝန်ထမ်း များအတွက် အငှားအိမ်ရာ စနစ် ဖြစ်သည်ဟု တိုင်းအစိုးရက ဆို ထားသည်။
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် နှစ်စဉ်အငြိမ်းစားယူသည် ဝန်ထမ်း တစ် သောင်းခွဲခန့်ရှိပြီး ၎င်းတို့နေထိုင်ရန် တိုက်ခန်းတစ်သောင်းခွဲခန့်ကို ပုံမှန်တည်ဆောက်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။
Ref : 7 Day Daily
Photo Credit : Myanmar Alinn
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties