By Sint Sint, Shweproperty.com
Updated at 31 October 2020
လူအများစုကနွေရာသီဆိုရင်အိပ်ခန်းထဲမှာပန်ကာကိုထားတတ်ကြပါတယ်အိပ်စက်တဲ့အခါသာမာန်အပူချိန်16′ နဲ့18’Celsius ကြားထဲမှာပဲအိပ်စက်သင့်ပါတယ်။ပြင်ပအပူချိန်က၂၀’အောက်မလျော့နည်းဘူးဆိုရင်သင့်အိမ်ကိုနည်းနည်းအေးအောင်ပြုလုပ်သင့်ပါတယ်။
အိပ်ခန်းထဲမှအေးမြတဲ့လေရဖို့အချို့တွေကပန်ကာတပ်ကြပါတယ်။ဒါပေမဲ့ပန်ကာကိုမသုံးသင့်ပါဘူး။ လူတိုင်းကတော့ပန်ကာအသံကိုမနှစ်သက်ကြပါဘူး။
အများစုကတော့ပန်ကာအသံကိုနေသားကျနေကြပါတယ်။အေးမြတဲ့လေကအိပ်ပျော်စေဖို့ပိုလွယ်ပါတယ်။ဒါပေမဲ့ပညာရှင်တွေကပန်ကာကအကောင်းဆုံးနည်းလမ်းမဟုတ်ဘူးလို့ပြောပြထားပါတယ်။
ပန်းနာရင်ကျပ်၊အလက်ဂျစ်ထတာနဲ့မျက်လုံးခြောက်သွေ့တာတွေဟာအိပ်ခန်းထဲမှာပန်ကာရှိရင်ပိုဆိုးပါတယ်။ အေးမြတဲ့လေကြောင့်ပိုဆိုးစေပါတယ်။
ဒါဟာကျန်းမာရေးအတွက်မကောင်းပါဘူး။ အိပ်စက်ခြင်းကိုအကြံပေးတဲ့ပညာရှင်မက်ခ်ရက်ဒစ်(Mark Reddick) ကလူတစ်ဦးနဲ့တစ်ဦးမတူကြောင်းပြောပြခဲ့ပါတယ်။
အချို့လူတွေကအခန်းထဲမှာပန်ကာထားပြီးအိပ်တဲ့အခါတစ်ညလုံးအေးမြပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါတယ်။အချို့ကျတော့လည်းပန်းနာရင်ကျပ်ရောဂါကြောင့်မျက်လုံးခြောက်သွေ့တာတွေကြောင့်အိပ်မရကြပါဘူး။သင့်မှာလည်းအဲလိုပြဿနာတွေရှိမယ်ဆိုရင်ညဘက်ပန်ကာမသုံးသင့်ပါဘူး။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
သင့်ရဲ့အိမ်မှာရှိတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို ဖယ်ရှားနိုင်တဲ့ မှန်
ကလေးရှိတဲ့ အိမ်တွေ ရွက်လှပင်ကို စိုက်ရန် လုံးဝစိတ်မကူးသင့်ပါဘူး
စီးကရက်အငွေ့ထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်တဲ့ အိမ်တွင်း လူသတ်သမား
အိမ်ရှင်မတွေ သတိထားရမဲ့ မီးဖိုချောင်ထဲက အသံတိတ် လူသတ်သမား (သို့) ပန်းကန်ဆေးအဝတ်နဲ့ ရေမြှုပ်
Ref & Photo Credit : Xyznews
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties