By 7daydaily, Shweproperty.com
Updated at 21 September 2015
တည်ဆောက်နေသော ရတနာဧရာဝဏ်အိမ်ရာစီမံကိန်း ၏ ပထမအဆင့်မှ အခန်းပေါင်း ၆,၀၀၀ ကျော်ကို လာမည့် ၂၀၁၆ တွင် စတင်ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထိန်က ပြောကြားသည်။
‘‘စီမံကိန်းကို အမြန်ဆုံးပြီးစီး အောင် ဆောင်ရွက်ဖို့ ဝန်ကြီးက လုပ်ငန်းရှင်တွေနဲ့တွေ့ပြီး တိုက် တွန်းနေတာတွေလည်း ဒီရက်ပိုင်း လုပ်နေတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတ နာ ဧရာဝဏ်အိမ်ရာစီမံကိန်းရှိ တိုက်အလုံးရေ ၄၉ လုံးမှ အခန်း ပေါင်း ၁၉၆,၀၀၀ ထွက်ပေါ်ရန် ရည်ရွယ်ထားရာ ပထမအဆင့် တည်ဆောက်ပြီးချိန်တွင် အခန်း ပေါင်း ၆,၀၀၀ ကျော်ကို စတင် ရောင်းချနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
အဆိုပါ အခန်းများ ရောင်းချမည့် တန်ဖိုးကို လတ်တလောတွင် ညှိနှိုင်းနေဆဲဖြစ်ပြီး နောက်ဆုံးအဆင့်တန်ဖိုးကို မတွက်ချက်ရသေးကြောင်း ဦးမင်းထိန်က ပြောသည်။
၂၀၁၃ မှစတင်ခဲ့သည့် ယင်းအိမ်ရာစီမံကိန်းမှာ တည်ဆောက်ချိန် ကြာမြင့်နေ၍ အခန်းတန်ဖိုးထပ်မံမြင့်တက်လာမည်ကို စိုးရိမ်ကာ အမြန်ဆုံးအပြီးသတ်ဆောက်လုပ်ရန် ညွှန်ကြားထားကြောင်း ဦးမင်းထိန်က ပြောသည်။
အဆိုပါစီမံကိန်းတွင် ပုဂ္ဂလိက ကုမ္ပဏီ ၃၁ ခုက အစိုးရ နှင့် အကျိုတူ တည်ဆောက်နေခြင်းဖြစ်ပြီး လတ်တလောတွင် စီမံကိန်း တစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။
ယခု ဆောက်လုပ်ရေးဝန် ကြီးဌာနက တည်ဆောက်နေသည့် ရတနာဧရာဝဏ် အိမ်ရာစီမံကိန်းသည် အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနများ တည်ဆောက်သမျှ အိမ်ရာစီမံကိန်းများထဲတွင် အကြီးမားဆုံး၊ အခန်းအရေအတွက် အများဆုံး စီမံကိန်းတစ်ခုဖြစ်သဖြင့် အိမ်ရာလိုအပ်နေသူများအား ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ တစ်ခုဖြစ်ကြောင်း ယင်းအိမ်ရာ စီမံကိန်းတွင် ဝင်ရောက်တည်ဆောက်နေသည့် မြတ်မင်းဧရာ ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းမြတ်စိုးက ပြောသည်။
‘‘စီမံကိန်းက နှစ်ရှည် စီမံ ကိန်းဖြစ်တဲ့အတွက် အခန်းတန် ဖိုးက တစ်သမတ်တည်းသတ်မှတ် ပြီး အစိုးရဘက်က ရောင်းလို့ရမှာ မဟုတ်ဘူး။ ဈေးကတက်ပြီးရင်း တက်လာနိုင်တယ်။ ဆောက်လုပ် စရိတ် ကုန်ကျစရိတ်ကလည်း ကျွန်တော်တို့ဘက်မှာ အခက်အ ခဲရှိတယ်’’ဟု ဦးထွန်းမြတ်စိုးက ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties