By ဝိုင်းနန္ဒီ (ShweProperty.com), Shweproperty.com
Updated at 6 August 2019
ဆူးလေဘုရားလမ်းနဲ့ ဘဏ်လမ်းထောင့်မှာ တည်ရှိတဲ့ Rose Wood ဟိုတယ်အဖြစ်ပြုပြင်ထားတဲ့ ယခင်ရန်ကုန်တိုင်းစုပေါင်းရုံးကို မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခြင်းကို ပြီးခဲ့တဲ့ သြဂုတ်လ(၄)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အပြာရောင်ကမ္ဗည်းပြားအဖြစ် တပ်ဆင်လိုက်သည့် အဆိုပါအဆောက်အအုံသည် (၁၈၆၈)ခုနှစ်က ခရိုင်တရားရုံးနဲ့ အစိုးရရုံးများအဖြစ် တည်ရှိခဲ့ပြီး (၁၉၂၇)ခုနှစ်ကနေ (၁၉၃၁) ခုနှစ်အတွင်း တရားရုံးသစ်အဖြစ် တည်ဆောက်ခဲ့ကြောင်း၊ နောက်ပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်၊ ရန်ကုန်တိုင်းတရားရုံးချုပ်အပါအဝင် အစိုးရရုံးများအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မြို့ပြအမွေအနှစ်အထိမ်းအမှတ် (၃၁)ခုမြောက်အဖြစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်တာဖြစ်ပါ တယ်။ အဆိုပါအဆောက်အဦးကို ပြန်လည်ပြုပြင်ရာမှာ အမေရိကန်ဒေါ်လာ (၁၀၀)မီလီယံခန့်ကုန်ကျခဲ့ပြီး၊ အခန်းပေါင်း(၂၀၅)ခန်း ပါရှိကြောင်း၊ အဆောက်အဦးဟိုတယ်ထဲမှာ ပြည်တွင်းပန်းချီဆရာတွေရဲ့ လက်ရာ မြောက်တဲ့ ပန်းချီကားတွေကိုလည်း ချိတ်ဆွဲထားပါတယ်။
“ အဆောက်အဦးတွေဟာ မြို့ပြအမွေအနှစ်ကို ဖော်ပြနေပြီး၊ နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အတွက် အဆောက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတာဖြစ်ကြောင်း၊ မြို့ပြအမွေအနှစ်ထိန်းသိမ်းရခြင်း ဟာ သမိုင်းကြောင်းကို သိရန်ဖြစ်တယ်လို့” အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Myanmore
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties