By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 14 March 2018
မတ်လ ၁၂ ရက်နေ့က စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်းကမ်းလိုက်နာခြင်းမရှိသည့် အဆောက်အအုံ ဆောက်လုပ်သူများကို ဒဏ်ရိုက်ခဲ့ရာ ဒဏ်ငွေ ကျပ်သိန်း သုံးသောင်းခွဲခန့်ရရှိခဲ့သည်။ ခွင့်ပြုချက်မဲ့ တည်ဆောက်ခြင်း ၊ ခွင့်ပြုထားသည်ထက် ကျော်လွန်တည်ဆောက်ခြင်းနှင့် ခွင့်ပြုမိန့်မကျမီ ကြိုတင် ဆောက်လုပ်ခြင်း များ အတွက် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။ မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှစ်စဉ်အဆောက်အအုံ ၄၅၀၀ မှ ၆၀၀၀ အကြား ဆောက်လုပ်ခွင့်ပေးလျက်ရှိရာ ခွင့်ပြု ထားသည့်ထက် အထပ်ပိုဆောက်ပါက တစ်ပေပတ်လည် ကျပ် ၁၅,၀၀၀၊ ခွင့်ပြုမိန့်မကျမီ တည်ဆောက်ပါက တစ်ပေပတ်လည်လျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဒဏ်ရိုက်အရေးယူနေခြင်းဖြစ်သည်။
Written By : Shwe Kyaw (ShweProperty.com) Photo Credit : Sunleisureworld Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties