By The Modern, Shweproperty.com
Updated at 11 March 2016
ဆင်ခြေဖုံးရပ်ကွက်တချို့မှာ ပိုင်ရှင်ရှိတဲ့မြေကွက်တွေမှာ ကျူးကျော်တွေက ပုံစံအမျိုးမျိုးနဲ့ရှိလာတာကြောင့် ခြံစည်းရိုးခတ်ပေးတဲ့ သူတွေရဲ့ ဈေးကွက်ဖြစ်နေကာ ကျူးကျော်သူတွေကို အရေးယူတာမျိုး ရှိနေသင့်ပြီလို့ သိရပါတယ်။
ဝယ်ယူထားတဲ့ ပိုင်ရှင်တွေက အမြဲတမ်းမကြည့်နိုင်တဲ့မတွက် ကျူးကျော်တွေက အိမ်ဆောက်နေတာမျိုး ၊ ပိုင်ရှင်ပုံစံမျိုးနဲ့ဆိုင်းဘုတ်တွေတင်ပြီး ကျူးကျော်တာတွေရှိလာတာပါ။ ခြံခတ်ထားတဲ့မြေကွက်တွေကိုတော့ ကျူးကျော်မှုမရှိတာကြောင့် ခြံခန်တဲ့သူတွေအလုပ်ဖြစ်နေတာလို့ ပြောပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက ‘ခြံစည်းရိုးခတ်မထားရင် ကျူးကျော်တွေက လွယ်လွယ်ကူကူနဲ့ကျူးကျတယ် ၊ ဒါကြောင့် ပိုင်ရှင်တချို့က ခြံစည်းရိုးခတ်ပေးတဲ့သူတွေနဲ့အပ်ပြီး လုပ်ကြတာတွေရှိလာတယ် ၊ ခြံခတ်တာက အလွန်ဆုံးကုန် ခြောက်သိန်းကျော်ပဲကျတယ်’ လို့ ပြောပါတယ်။
မိမိပိုင်ဆိုင်တဲ့မြေကွက်တွေကို ခြံခတ်လာကြတာက ကျူးကျော်ဝင်လာရင် ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲလို့ရတယ်။ ခြံခတ်မထားရင် တရားစွဲလို့ရပေမဲ့ ပိုင်ဆိုင်မှုပြည့်စုံမှသာ တရားစွဲလို့ရတာဖြစ်ပါတယ်။
အကျိုးဆောင်ရှေ့နေဦးကျော်စွာက ‘အများစုက ကျူးကျော်ခံရလဲ ပိုက်ဆံပေးပြီး အလွယ်တကူ ဖြေရှင်းလိုက်ကြတယ် ၊ ဒါတွေကြောင့် ကျူးကျော်တွေက အတင့်ရဲလာကြတယ် ၊ ဥပဒေနဲ့ တရားစွဲပြီး ထိထိရောက်ရောက် လုပ်လိုက်ရင် ပျောက်သွားမှာပါ’လို့ ပြောပါတယ်။
ကျုးကျော်ခံရတဲ့နေရာ အများစုက ဒဂုံအရှေ့ ၊ ဒဂုံဆိပ်ကမ်း ၊ ရွှေပြည်သာတို့ဘက်မှာ အဖြစ်များပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties