By The Trade Times, Shweproperty.com
Updated at 11 September 2015
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့၌ ချင်းတွင်းဟိုတယ်နှင့် အိမ်ရာ စီမံကိန်းကို စင်ကာပူ နည်းပညာဖြင့် တည်ဆောက်သွားရန် အစီအစဉ် ရှိကြောင်း ဆောက်လုပ်မည့် ကုမ္ပဏီ ထံမှ သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်း တည် ဆောက်မည့် နေရာမှာ ယခင် ကုန် သွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာ ဖြစ်ပြီး လယ်သမားများ၊ ကျူးကျော် နေထိုင်သူများနှင့် ကင်းရှင်းသည့် နေရာ ဖြစ်ပြီး အကျယ်အဝန်းမှာ လေးဧကကျော် ရှိကြောင်း သိရ သည်။
”ဟိုတယ်ရော၊ အိမ်ရာရော နှစ်ခုစလုံးပါတယ်။ အချိန်ကတော့ ငါးနှစ်စီမံကိန်းနဲ့ ဆောက်လုပ်မှာပါ။ အိမ်ရာစီမံကိန်းကို နာမည်အတည် တကျမပေးရသေးပေမယ့် ချင်းတွင်း မြစ်အလှကို ကြည့်ရှုနိုင်မှာ ဖြစ်တာ ကြောင့် ချင်းတွင်းဟိုတယ်နှင့် အိမ်ရာ စီမံကိန်းလို့တော့ အခု လောလော ဆယ် ခေါ်ကြတယ်”ဟု Rose Wood ကုမ္ပဏီမှ ဦးသန်းထွန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မှ လေးဧကအကျယ်အဝန်းရှိ ဒေါနခြံ လမ်းတွင် တည်ဆောက်မည့် ယင်း အိမ်ရာစီမံကိန်းတွင် မြေနှစ်ဧက၌ ၂၂ ထပ် အမြင့်ရှိသည့် 5 Star ဟိုတယ် ဆောက်လုပ်မည် ဖြစ်ပြီး ကျန်နှစ်ဧကကျော်၌ ၁၅ ထပ် အမြင့် ရှိသည့် လူနေအဆင့်မြင့် အိမ်ရာနှစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်း အိမ်ရာအတွင်း ဈေးဝယ်စင်တာ တစ်ခု၊ ရေကူးကန်၊ ပန်းခြံအစ ရှိသည် တို့ ပါဝင်မည်ဖြစ်ကြောင်း၊ အိမ်ရာ တစ်ခုလုံးကို လူနေအဆင့်မြင့်အိမ်ရာ ကြီးတစ်ခုအဖြစ် ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
”ဟိုတယ်ကတော့ BOT အနေ နဲ့ ငှားရမ်းလုပ်ကိုင်တာ ဖြစ်ပါတယ်။ အိမ်ရာ ရောင်းချတဲ့နေရာမှာ အစိုးရ ကို အိမ်ရာရဲ့ ၃ဝ ရာခိုင်နှုန်း ပြန် အပ်ပြီး ကျန်တဲ့ ၇ဝ ရာခိုင်နှုန်းကို တော့ ကုမ္ပဏီအနေနဲ့ ရောင်းချသွား မှာ ဖြစ်တယ်။ အခုလက်ရှိမှာတော့ MoU လက်မှတ်ရေးထိုးဖို့အတွက် လုပ်ဆောင်နေပါတယ်”ဟု Rose Wood ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းက ပြောသည်။
ယင်းစီမံကိန်းကို ယခု ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်အကောင် အထည်ဖော်နိုင်ရန် လျာထားပြီး MoU လက်မှတ် ရေးထိုးပြီးပါက စီမံကိန်းစတင်နိုင်မည့် အချိန်ကာလ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း သိရ သည်။ အဆိုပါ စီမံကိန်းအတွက် Rose Wood ကုမ္ပဏီတစ်ခုတည်း သာ တင်ဒါအောင်မြင်ထားပြီး ယင်း ကုမ္ပဏီမှ တည်ဆောက်မည့် နည်း ပညာများ၊ ဒီဇိုင်းပုံစံများနှင့် ပတ် သက်၍ စင်ကာပူနိုင်ငံ၏ နည်းပညာ များနှင့်အညီ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းတွင်း ဟိုတယ်နှင့် အဆင့် မြင့် ကွန်ဒို အိမ်ရာစီမံကိန်းကြီးတွင် အခန်းပေါင်း ၁၂၈ ခန်း ပါဝင်ပြီး အခန်းတစ်ခန်းလျှင် စတုရန်း ပေ ၁,၂ဝဝ မှ ၂,ဝဝဝ အထိ ကျယ်ဝန်းကာ ၁၅ ထပ်အမြင့် ရှိကြောင်း၊ ¤င်းအိမ်ရာ မှ နေ၍ ချင်းတွင်းမြစ် အလှကို ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း အခန်းတိုင်း၏ လုံခြုံမှုအတွက် နိုင်ငံတကာ အဆင့်မီ ကုတ်တံခါးများဖြင့် ဆောက်လုပ် သွားမည်ဖြစ်ပြီး လုံခြုံမှုစနစ်၊ အမှိုက် ပစ် စနစ်များကိုလည်း စင်ကာပူ နည်းပညာဖြင့် စီမံဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ကွန်ဒိုအိမ်ရာ စီမံကိန်းနှင့် ဟို တယ် စီမံကိန်းများအတွက် ဖောင် ဒေးရှင်း ချရာတွင်လည်း ငလျင်ဒဏ် ခံနိုင်မည့် စနစ်ကို ထည့်သွင်းတည် ဆောက်သွားမည် ဖြစ်သကဲ့သို့ ငလျင် ပြင်းအား ၆ ဒသမ ၅ အဆင့်အထိ ခံနိုင်ရည် ရှိအောင် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
”ဒီစီမံကိန်းကြီးအတွက် အမေ ရိကန် ဒေါ်လာ ၂၈ဝ လောက် အကုန်အကျခံ ဆောက်လုပ်သွားမှာ ပါ”ဟု Rose Wood ကုမ္ပဏီမှ ဦးသန်းထွန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းစီမံကိန်းသာမက အခြားသော အိမ်ရာစီမံကိန်းများလည်း ဆောက် လုပ်လျက်ရှိကြောင်း၊ ယခုဆောက် လုပ်မည့် ကွန်ဒိုအိမ်ရာ စီမံကိန်း သာမက အခြား အိမ်ရာစီမံကိန်း တစ်ခုကိုလည်း တည်ဆောက်လျက် ရှိကြောင်း သိရသည်။ ယင်း အိမ်ရာ စီမံကိန်းမှာ စံပယ်အိမ်ရာ စီမံကိန်း ဖြစ်ပြီး ရှစ်ခန်းတွဲ ငါးထပ်တိုက် လေးလုံး၊ ခုနစ်ခန်းတွဲ ငါးထပ်တိုက် ရှစ်လုံးတို့ကို နှစ်နှစ်စီမံကိန်းဖြင့် ဆောက်လုပ်လျက် ရှိနေကြောင်း၊ ဆောက်လုပ်မှုကို ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ အပြီး တည်ဆောက်သွားမည် ဖြစ် ကြောင်း သိရသည်။
၎င်း Rose Wood ကုမ္ပဏီအနေ နှင့် အိမ်ရာစီမံကိန်းများသာမက လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက် ရှိသည်။ လတ်တလောအနေဖြင့် အလောင်း တော်ကဿဖသို့ သွားရောက်မည့် လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် Rose Wood ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက် ရှိကြောင်း သိရ သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties