By Myanmar Property Journal, Shweproperty.com
Updated at 8 August 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် အဆုံးနှင့်မကွေးတိုင်းဒေသကြီး အစ ဂန့်ဂေါခရိုင်အဝင်ရှိ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဆုံရာ နယ်နိမိတ်ဒေသတွင် အိမ်၊ ခြံ၊ မြေ ဈေးများ တစ်ဟုန်ထိုးတက်နေကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။
"စစ်ကိုင်းတိုင်းအဆုံး မကွေးတိုင်းအစပေါ့၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာမှာ အိမ်၊ ခြံ၊ မြေ ဈေးတွေ တစ်ဟုန်ထိုး တက်နေပါတယ်၊ သုံးနှစ်အတွင်းကို နှစ်ဆလောက် တက်တယ်၊ အရင်က ကလေး-ဂန့်ဂေါ ကားလမ်းဘေးမှာ တစ်ပေကို ငါးသောင်းလောက်ပဲရှိတဲ့ဟာ အခု ၂၀၁၃မှာဆိုရင် တစ်ပေတစ်သိန်းနီးပါးလောက် ဈေးတက်နေတယ်၊ လယ်မြေတွေဆိုလည်း တစ်ဧကို အရင်က ၁၀ သိန်းလောက် ပေါက်တဲ့ဟာ အခုဆိုရင် တစ်ဧကကို ၂၅ သိန်း ၊ သိန်းသုံးဆယ်ဟာ အနည်းဆုံးပဲ"ဟုကလေး-ဂန့်ဂေါခရီးသွား ဦးညီညီဇော်က ပြောကြားသည်။
ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ ကျေးရွာသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီး နယ်နိမိတ်ဆုံရာ တွင်တည်ရှိပြီး ကားလမ်းများ ကောင်းမွန်လာခြင်း၊ ရထားလမ်းနှင့်ရထား ဘူတာရှိခြင်း၊ အာဆီယံအဆင့်မီတိုက် နယ်ဆေးရုံ ရှိနေခြင်းတို့ကြောင့် ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာရှိ အိမ်၊ ခြံ၊ မြေဈေးမှာ တစ်ဟုန်ထိုး တက်လာရခြင်းဖြစ်ပြီး မျောက်ခင်ရန်း၊ မွေ့လည်စသည့် ကျေးရွာအုပ် စုကြီးများပါ ဈေးအနည်းငယ်တက် လာသည်။
"ဟံသာဝတီကျေးရွာမှာ ကလေး -ဂန့်ဂေါ ကားလမ်းဘေးကို အလျားပေ ၉၀၊ အနံ တစ်ပေခွဲရှိမယ်ဆိုရင် တစ်ပေခွဲကို တစ်သိန်း ဈေးပေါက်တယ်၊ ကျွန်တော်တို့ရွာမှာ ရပ်ကွက်ရှစ်ခုရှိတဲ့ထဲမှာ အမှတ်၂ ရယ်၊ အမှတ် ၄ ရယ်၊ အမှတ်၅ရယက ကားလမ်းဘေးကျတော့ မြေဈေးလည်းကောင်းတယ၊် အမှတ် ၈ ရပ်ကွက်ဘက်ကတော့ ရွာရဲ့အစွန်ဆိုတော့ ပေခြောက်ဆယ် ပတ်လည်ရှိတဲ့ မြေကွက်ဆိုရင် ၁၀ သိန်းလောက် ဈေးပေါက်တယ်"ဟု ဟံသာဝတီကျေး ရွာမှ ဦးကျော်ဝင်းက ပြောကြားသည်။
ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာတွင် ဝပ်ရှော့များ၊ ကားရေဆေး လုပ်ငန်းများ၊ ထမင်းဆိုင်များဖြင့် စည်ကားလျက်ရှိပြီး အိမ်ခြေပေါင်း ၁,၂၉၁ အိမ်ရှိကြောင်း သိရသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties