By သီဟကိုကို, Shweproperty.com
Updated at 17 February 2014
ရန်ကုန်မြို့ရှိ တိုက်ခန်းအရောင်းအ ဝယ်နှင့် အခန်းငှားရမ်းခဈေးနှုန်းများမှာ ယခင်နှစ်ထက် ၃ဝ ရာခိုင်နှုန်းခန့်ထိ ဈေးနှုန်းမြင့်တက်လာသည်ဟု အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောသည်။
၂ဝ၁၃ ခုနှစ်အတွင်း တစ်ပေပတ် လည်မြေဈေးနှုန်းများ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ရှိ မြေအရောင်းအဝယ်ဈေးကွက် အေးစက်သွားခဲ့ပြီးနောက်တွင် အရောင်း အဝယ်လုပ်သူများအနေဖြင့် တိုက်ခန်း အရောင်းအဝယ်ဈေးကွက်ဘက်သို့ ဝင် လာခြင်းကြောင့် ဈေးနှုန်းများမြင့်တက် လာခြင်းဖြစ်သည်ဟု ယင်းတို့ကပြော သည်။
စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင် မှုလုပ်ငန်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးရန်အောင်က ''တိုက်ခန်းအရောင်းအဝယ် ရော၊ အငှားဈေးပါ ရန်ကုန်မြို့တစ်ခုလုံး အတိုင်းအတာနဲ့ ဈေးတက်လာတယ်။ မြေ ဘက်မှာ အရောင်းအဝယ်တွေတန့်ပြီး နောက်မှာ ဝယ်ရောင်းတွေက တိုက်ခန်း ဘက်ကို ပြန်လှည့်လာတယ်။ တိုက်ခန်း အရောင်းအဝယ်တွေလည်း တော်တော် ဖြစ်ကြတယ်။ နှစ်ဆန်းကတည်းက အ ရောင်းအဝယ် သိသိသာသာဖြစ်လာနေ တယ်''ဟု မဇ္ဈိမသို့ ပြောသည်။
ယခုအချိန်တွင် အိမ်ခြံမြေရောင်းဝယ် မှု အခွန်နှုန်းထား ၃၇ ရာခိုင်နှုန်းအား ၂၂ ရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချရန် လွှတ် တော်တွင် ဆောင်ရွက်လျက်ရှိသောကြောင့် အိမ်ခြံမြေအရောင်းအဝယ် အခွန်နှုန်းထား များ လျော့ကျသွားရန်ရှိနေသည့်အတွက် လုပ်ငန်းရှင်များက မြေယာအရောင်းအဝယ် ထက် တိုက်ခန်းအရောင်းအဝယ်ဘက်သို့ ပိုမိုအာရုံစိုက်လာကြခြင်းဖြစ်သည်ဟု ယင်း က ဆိုသည်။
တာမွေမြို့နယ်မှ အိမ်ခြံမြေအကျိုး ဆောင် ဦးစိန်ဝင်းက ''ဒီဘက်မှာ တိုက်ခန်း အငှားဈေးတွေက အရင်ကထက် သုံး သောင်းကနေ ငါးသောင်းကြားလောက် ကို ဈေးတက်လာတယ်။
တိုက်ခန်းအရောင်း မှာလည်း ဒီလမှာ သိန်း ၁ဝဝ လောက်နဲ့ ဝယ်ပြီးနောက် တစ်လလောက်လဲကြာရော ၁၂ဝ လောက်နဲ့ ပြန်ရောင်းကြတာမျိုးရှိ တယ်။ အရောင်းအဝယ်ဈေးကွက်မှာတော့ ဈေးမြင့်ပြီးခေါ်နေကြတာပါပဲ''ဟု ပြောသည်။
အစိုးရက တစ်ပေပတ်လည်မြေဈေး နှုန်း သတ်မှတ်ချက်ထုတ်ပြန်ပြီးနောက် တွင် မြေအရောင်းအဝယ်များ တန့်သွားခဲ့ သော်လည်း ဈေးနှုန်းများမှာမူ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များထံမှသိရသည်။
ဦးရန်အောင်က ''အိမ်ခြံမြေမူဝါဒတွေ က ခဏခဏပြောင်းနေတယ်။ တစ်ပေပတ် လည်ဈေးနှုန်းထွက်တာ လပိုင်းပဲရှိသေး တယ်။ အိမ်ခြံမြေအခွန်လျှော့မယ့်သတင်း နဲ့ တစ်ပေပတ်လည်မြေဈေးနှုန်းပါ ပြောင်း သွားနိုင်တယ်ဆိုတဲ့ သတင်းတွေက အမျိုး မျိုးထွက်နေတဲ့အတွက် မြေဘက်မှာ အ ရောင်းအဝယ်အေးနေတယ်။
တိုက်ခန်း တွေဘက်မှာတော့ ဝယ်ရောင်းတွေက အ ရောင်းအဝယ်လုပ်ကြတော့ ဝယ်လိုအား ကများပြီး ဈေးကတက်လာတယ်'' ဟု ပြောသည်။ နိုင်ငံခြားသားအများဆုံး ငှားရမ်းဖွင့် လှစ်သည့် ရန်ကုန်မြို့ရှိ နေရာအကွက် ကောင်းသည့် ကွန်ဒိုတိုက်ခန်းငှားရမ်းခ ဈေးနှုန်းများမှာ တစ်လလျှင် ကျပ်သိန်း ၂ဝမှ သိန်း ၃ဝ ကြားရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်းဖြစ် သည်ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း များက ပြောသည်။
Ref : Mizzma
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties