By kumudra, Shweproperty.com
Updated at 2 July 2014
စမ်းချောင်းမြို့နယ်တစ်ဝိုက်က အိမ်ခန်းတွေ ငှားစရာအခန်းမရှိလောက်အောင်ကို အငှားသွက်နေတယ်လို့သိရပါတယ်။
"မြေနီကုန်း၊ စမ်းချောင်းတစ်ဝိုက်က အငှားကတော့ ငှားစရာအခန်း မရှိသလောက် သွက်နေတယ်၊ ၁၅ ပေ x ပေ ၆၀ သုံးလွှာ လေးလွှာတစ်ခန်းကို ၂၅၀,၀၀၀ ၊ ၃၀၀,၀၀၀ ကြားပေါက်တယ် ၊ ပြင်ဆင်ထားရင် ထားသလိုဈေးကကွာတယ် " လို့စမ်းချောင်းမြို့နယ် မလိခူးအိမ်ခြံမြေအကျိုးဆောင်မှ ကိုထွန်းလင်းကျော်က ပြောပါတယ်။
စမ်းချောင်းမြို့နယ်တစ်ဝိုက်မှာ အဆောင်အဖြစ် ဌားရမ်းတဲ့သူများလာကြောင်း သိရပါတယ်။ ဒါ့အပြင် အခန်းငှားခ နှစ်သိန်း ၊ သုံးသိန်းရှိတဲ့ အခန်းတွေအငှားသွက်နေ ကြောင်းလည်းသိရပါတယ်။
"မြေနီကုန်းဘက်အခြမ်းမှာ အနည်းဆုံး၂၀၀,၀၀၀လောက်ကို ပေးရတယ်၊အနည်းဆုံး၂၀၀,၀၀၀ မရှိရင်ငှားလို့မရဘူး၊ ရောင်းဈေးတွေဆိုရင်လဲ ရောင်းတဲ့သူက အမြင့်ဈေးတွေခေါ်နေကြတယ်လို့"ကိုထွန်းလင်းကျော်ကပဲပြောပါတယ်။
စမ်းချောင်းတစ်ဝိုက် အရောင်းဈေးတွေမှာ ပါးစပ်ဈေးအတိုင်း မြင့်တက်လာတယ်လို့သိရပါတယ်။ အရောင်းအဝယ်ဈေးတွေတက်လာတာဟာ ဝယ်ရောင်းကစားသူတွေက ကုန်ပစ္စည်းတစ်ခုလို အရောင်းအဝယ်လုပ်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
"ဟိုတလောက စမ်းချောင်းမြို့နယ်မှာ ငါးလွှာ ၂၃ ပေ x ၆၅ ပေ ရှိတဲ့အခန်း ကိုသိန်း ၁၁၀၀ နဲ့ အရောင်းအဝယ်ဖြစ်သွားတယ် " လို့ ကိုထွန်းလင်းကျော်ကပဲ ပြောပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties