By Sint Sint, Shweproperty.com
Updated at 8 December 2020
Unicode
အဲကွန်း Remote Control ကနေ အပူချိန်ကို အနိမ့်ဆုံး ဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက် ထားလိုက်ရင် ၂၅ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့ လေတွေ ထွက်လာမယ်၊ အခန်းလည်းမြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။
အမှန်က လုံးဝ မဟုတ်ပါဘူး။လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီး အလွယ်ပဲ ပြောလိုက်ပါတော့မယ်။ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့ Split Type Air Conditioner တွေမှာ Indoor Unit နဲ့ Outdoor Unit ရယ်နှစ်ပိုင်း ပါဝင်ပါတယ်။အဓိက အနေနဲ့ Indoor Unit မှာ Evaporator နဲ့ Outdoor Unit မှာ Compressor နဲ့ Condenser တွေ ပါဝင်ပါတယ်။
Evaporator ဟာ လေထုထဲက ရေငွေ့တွေကို ဖယ်ရှားဖို့ ဖြစ်ပြီး Compressor နဲ့ Condenser တွေက လေထဲက အပူတွေကို ဖယ်ရှားပြီး လေကို အေးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။
အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက လေကို စုပ်ယူလိုက်ပါတယ်။ အဲဒီလေထဲမှာ ပါလာတဲ့ ရေငွေ့တွေကို Evaporator လို့ခေါ်တဲ့ ကိရိယာနဲ့ ဖယ်ရှားပြီး အဲကွန်းက ရေတွေ တတောက်တောက် ကျတာဟာ အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို Compressor နဲ့ Condenser တွေကို ဖြတ်သန်း စေပြီး အေးမြခြောက်သွေ့တဲ့ လေကို ပြန်မှုတ်သွင်းလိုက်ပါတယ်။
ဥပမာ အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၅ ဒီဂရီ ဆက်တင်လုပ်ထားမယ် ဆိုရင် ၂၅ ဒီဂရီကို မရောက်မချင်း အဲ ကွန်းဟာ အခန်းတွင်းမှာ ရှိတဲ့ လေထုကို စုပ်ယူလိုက်၊ လေထဲက ရေငွေ့နဲ့ အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။
ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီ ဆိုတာကို အဲကွန်းရဲ့ အာရုံခံစနစ်က သိလိုက်တာနဲ့ အဲကွန်းကို ခဏလောက် ရပ်ထားလိုက်ပါတယ်။စက်ရပ်တာ ကြာလာလို့ အခန်းတွင်း အပူချိန်က ၂၅ ဒီဂရီ ထက် ပြန်မြင့်တက်လာမှ အဲကွန်းက အလုပ် ပြန်လုပ်ပါတယ်။
ဒီတော့ အပြင်က ၃၅ ဒီဂရီ အပူချိန်မျိုးကို ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင် ၂၅ ဒီဂရီပဲ ထားသူနဲ့ ၁၆ ဒီဂရီ ထားသူ ဓါတ်အားသုံးစွဲမှုချင်း လုံးဝ မတူတော့ပါဘူး။အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။အဆင်ပြေသည့်တိုင်အောင် ၁၆ ဒီဂရီ မရောက်မချင်း အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက် မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး သုံးစွဲနိုင်တဲ့ သက်တမ်း တိုတောင်းစေ(ပျက်လွယ်ခြင်းကို ဆိုလို) ပါတယ်။
ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆ တို့ ၁၈ ဒီဂရီတို့ ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့ ပြန်သုံးသပ်သင့်ပါတယ်။လူ့အရေပြားဟာ အပူချိန် ၂၅ ဒီဂရီလောက်အထိ သက်သောင့် သက်သာ ရှိရှိ နေနိုင်တာမို့ အဲကွန်းကို ၂၅ ဒီဂရီမှာ ဆက်တင်လုပ်ထား ခြင်းဟာ ကိုယ့်အိမ်ခန်းထဲ ရေခဲတိုက် ဖန်တီးထားခြင်းထက် မီတာခကို များစွာ သက်သာစေသလို ပြင်ပအပူချိန်နဲ့ များစွာ ကွာတဲ့ အခန်းတွင်း အပူချိန်မှာ အသားကျသွားပြီ ဖြစ်တဲ့ ရေခဲတိုက်သမားများထက် ပြင်ပ အပူချိန်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့အပြင် အတွင်း အပြင် အပူ အအေး ကွာခြားလွန်းလို့ အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး ရှော့ခ် ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း အတိုင်းအတာ တစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။
လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့် ပန်ကာလည်ပတ်နှုန်း များရင် ပိုအေးတယ် ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။ပန်ကာလည်နှုန်း မြင့်လေ မီတာစားနှုန်း မြင့်လေမို့ စဖွင့်ဖွင့်ချင်း Fan Speed ကို တင်ချင် တင်ပြီး အေးလာတာနဲ့ အနိမ့်ဆုံးမှာ ပြန်ချထားခြင်းဟာလည်း ကျန်းမာရေးအတွက်ရော မီတာခ သက်သာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။
ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိက နိုင်ငံတွေ၊ အာရှက ဂျပန်တို့ ကိုရီးယားတို့ဟာ အလွန်အေးတဲ့ နိုင်ငံတွေ ဖြစ်လို့ သူတို့ နိုင်ငံသားတွေဟာ အပူကို အရမ်းကြောက်ပါတယ်။ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊ ရုံးတွေ ကျောင်းတွေမှာ နွေရာသီမှာတောင် အဲကွန်းကို အပူချိန် ၂၅ ဒီဂရီလောက်မှာပဲ ချိန်ထား လုပ်ထားပါတယ်။
အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၅ ဒီဂရီ စင်တီဂရိတ် ကြားက အပူချိန်မှာ နေလို့ ထိုင်လို့ အကောင်းဆုံးပါ။ဒီတော့ အဲကွန်းကို ဖွင့်တဲ့အခါမှာ ၂၅ ဒီဂရီမှာ အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ မီတာခ အရမ်းသက်သာသွားသလို ကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။
လူအများစုက အဲယားကွန်းတပ်ဆင်တော့မယ်ဆိုရင် ဈေးနှုန်းအနေအထားနဲ့ စက်ရဲ့ ခံနိုင်ရည်အားကို ကြည့်ပြီး ဝယ်ယူတတ်ကြပါတယ်။ ပုံမှန်အားဖြင့် စနစ်တကျ တွက်ချက်ပြီးမှ အဲယားကွန်းတလုံးကို ဝယ် ယူသင့်ပါတယ်။အဲယားကွန်းကို စနစ်တကျ တွက်ချက်သင့်တဲ့ အချက်တွေကတော့ မိမိရဲ့ အခန်းအကျယ်နဲ့ အဲယားကွန်းရဲ့ စွမ်းဆောင်ရည်ကို အချိုးကျ ပြန်ကြည့်ပြီးမှ မိမိဝယ်ယူမယ့် အမှတ်တံဆိပ်နဲ့ ဈေးနှုန်းကို ဝယ်ယူရမှာ ဖြစ်ပါတယ်။
အခန်းအကျယ်ကို လုံလုံလောက်လောက် အအေးဓာတ်မပေးနိုင်တဲ့ အဲယားကွန်းကို ဝယ်မိရင် အဆင်မပြေနိုင်သလို အခန်းကျဉ်းကျဉ်းမှာ စွမ်းဆောင်ရည်မြင့်တဲ့ အဲယားကွန်းကို ဝယ်မိရင်လည်း အအေးဓာတ်များနေတာကြောင့် အမြဲအပူချိန် တင်ပြီး ဖွင့်နေရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာက ရေရှည်မှာ ကျန်းမာရေးအတွက် ကောင်းမှာမဟုတ်ပါဘူး။
အဲယားကွန်းဝယ်ရင် ပထမဆုံး စနစ်တကျ တွက်ချက်သင့်တဲ့ အချက်ကတော့ British Thermal Unit ဆိုတဲ့ BTU ဖြစ်ပါတယ်။ အအေးဓာတ် ထုတ်လွှတ်ပေးနိုင်မှုနှုန်းကို BTU နဲ့ တိုင်းတာပါတယ်။ ပုံမှန်အားဖြင့် တွက်ချက်မယ်ဆိုရင် မိမိ အသုံးပြုမယ့်အခန်း အကျယ်အဝန်းကို တွက်ချက်ပြီး အဲယားကွန်းရဲ့ BTUနဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။
မိမိသုံးမယ့် အခန်းအကျယ်အဝန်းကို စတုရန်းပေ ရအောင် တွက်လိုက်ပါ။ (၁ဝ) ပေ ပတ်လည် အိပ်ခန်းအတွက် အဲယားကွန်းတစ်လုံး ထားမယ်ဆိုရင် အဲ့ဒီအိပ်ခန်းရဲ့ စတုရန်းပေက (၁၀၀) စတုရန်းပေ ဖြစ်ပါလိမ့်မယ်။ ပေ (၂၀) ပတ်လည်ဧည့်ခန်းမှာ အဲယားကွန်းတပ်ဆင်မယ်ဆိုရင်တော့ ဧည့်ခန်းရဲ့ စတုရန်းပေက (၄၀၀) အထိ ရှိလာမှာ ဖြစ်ပါတယ်။
မှတ်သားထားရမယ့် အချက်တွေကတော့ စတုရန်းပေ (၁၅၀) ကနေ (၃၅ဝ) အကြား ဆိုရင် BTU (၅ဝဝဝ) ကနေ ၈ဝဝဝအတွင်းရှိ အဲယားကွန်းတပ်ရင် အဆင်ပြေပါတယ်။ စတုရန်းပေ (၃၅၀) ကနေ (၅၅ဝ) အကြားရှိရင်တော့ BTU (၈ဝဝဝ) မှ (၁၂၀၀၀) အတွင်းရှိ အဲယားကွန်းကို သုံးလို့ရပါတယ်။
အခန်းအကျယ်အဝန်း (၁၀၅၀) စတုရန်းပေ ကနေ (၁၆၀၀) စတုရန်းပေ အတွင်းဆိုရင်တော့ BTU (၁၈၅ဝဝ) မှ (၂၅ဝဝဝ) အတွင်းရှိ အဲယားကွန်းကို တပ်ဆင်သင့်ပါတယ်။ စတုရန်းပေ (၁၆၀၀) ထက် ပိုမို ကျယ်ဝန်းတဲ့ အခန်းရင်တော့ BTU (၁၈၅၀၀) ရှိတဲ့ အဲယားကွန်း (၂)လုံးကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
အဲယားကွန်း ဝယ်ယူတော့မယ်ဆိုရင် လေအေးဖြန့်ကျက်နိုင်မှု၊ စိုထိုင်းဆ၊ အဲယားကွန်းစနစ် သန့်ရှင်းနိုင်မှု လွယ်ကူခြင်း၊ အရည်အသွေး၊ ရေရှည်စိတ်ချရမှုနဲ့ ဈေးနှုန်းများကို အသေးစိတ်ကြည့်ရှုကာ ဝယ်ယူနိုင်ပါတယ်။
အခုလို ပူလောင်အိုက်စပ်တဲ့ နွေရာသီမှာ အဲကွန်း (Air Conditioner) တွေဟာ အိမ်တိုင်းနဲ့ လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ် နေရာယူလာပါတယ်။ ရာသီဥတုကြောင့် ပူလောင်နေတဲ့ အခြေအနေတခုကို အဲကွန်းတွေက လျှော့ချပေးနိုင်တာကြောင့် အပူဒဏ်ကနေ သက်သာတယ်ဆိုပေမယ့် အဲကွန်းခန်းထဲမှာပဲ အနေကြာလာရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့်မို့လို့ အဲကွန်းခန်းထဲမှာပဲ အနေများသူတွေအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင် သတိပြုလိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေများများသောက်ပါ
(၂) အဲကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ့
(၃) လေကောင်းလေသန့် ထွက်ရှူပေးပါ
(၄) အဲကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ
အဲကွန်းတွေဟာ အသုံးပြုတာကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်တာကြောင့် အဲကွန်းသန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်းနှင့် ဖုန်းရွှေနည်းအရ နေအိမ်အလှဆင်ခြင်း
ရေခဲသေတ္တာအသုံးပြုလျှင် ရှောင်ရန်၊ ဆောင်ရန် နှင့်အန္တရာယ်မရှိအောင် ထိန်းသိမ်းနည်း
ခေါင်းအုံးအောက် ကြက်သွန်ဖြူ ထားအိပ်ရင်ဘာဖြစ်နိုင်လဲနှင့်ကြက်သွန်ဖြူ၏ ကောင်းကျိုးများ
Zawgyi
အဲကြန္း Remote Control ကေန အပူခ်ိန္ကို အနိမ့္ဆုံး ျဖစ္တဲ့ ၁၆ သို႔မဟုတ္ ၁၈ ဒီဂရီေလာက္ ထားလိုက္ရင္ ၂၅ ဒီဂရီမွာ ထားတာထက္ ပိုေအးတဲ့ ေလေတြ ထြက္လာမယ္၊ အခန္းလည္းျမန္ျမန္ ပိုေအးမယ္လို႔ လူအမ်ားစုက ထင္ၾကပါတယ္။
အမွန္က လုံးဝ မဟုတ္ပါဘူး။လူအမ်ားနားလည္ေအာင္ Technical Terms ေတြကို ေရွာင္ၿပီး အလြယ္ပဲ ေျပာလိုက္ပါေတာ့မယ္။ဒီေခတ္မွာ အသုံးအမ်ားဆုံး ျဖစ္တဲ့ Split Type Air Conditioner ေတြမွာ Indoor Unit နဲ႔ Outdoor Unit ရယ္ႏွစ္ပိုင္း ပါဝင္ပါတယ္။အဓိက အေနနဲ႔ Indoor Unit မွာ Evaporator နဲ႔ Outdoor Unit မွာ Compressor နဲ႔ Condenser ေတြ ပါဝင္ပါတယ္။
Evaporator ဟာ ေလထုထဲက ေရေငြ႕ေတြကို ဖယ္ရွားဖို႔ ျဖစ္ၿပီး Compressor နဲ႔ Condenser ေတြက ေလထဲက အပူေတြကို ဖယ္ရွားၿပီး ေလကို ေအးျမသြားေအာင္ လုပ္ေပးဖို႔ ျဖစ္ပါတယ္။
အဲကြန္းရဲ႕ Indoor Unit ဟာ အခန္းတြင္းက ေလကို စုပ္ယူလိုက္ပါတယ္။ အဲဒီေလထဲမွာ ပါလာတဲ့ ေရေငြ႕ေတြကို Evaporator လို႔ေခၚတဲ့ ကိရိယာနဲ႔ ဖယ္ရွားၿပီး အဲကြန္းက ေရေတြ တေတာက္ေတာက္ က်တာဟာ အဲဒီလို ဖယ္ရွားခံရတဲ့ အခန္းတြင္း ေလထုထဲက ေရေငြ႕ေတြပါပဲ) ေျခာက္ေသြ႕သြားတဲ့ ေလကို Compressor နဲ႔ Condenser ေတြကို ျဖတ္သန္း ေစၿပီး ေအးျမေျခာက္ေသြ႕တဲ့ ေလကို ျပန္မႈတ္သြင္းလိုက္ပါတယ္။
ဥပမာ အျပင္မွာ ၃၅ ဒီဂရီ ရွိေနခ်ိန္ အခန္းတြင္းမွာ အဲကြန္းကို ၂၅ ဒီဂရီ ဆက္တင္လုပ္ထားမယ္ ဆိုရင္ ၂၅ ဒီဂရီကို မေရာက္မခ်င္း အဲ ကြန္းဟာ အခန္းတြင္းမွာ ရွိတဲ့ ေလထုကို စုပ္ယူလိုက္၊ ေလထဲက ေရေငြ႕နဲ႔ အပူကို ဖယ္ရွားၿပီး ေအးျမတဲ့ ေလကို အခန္းတြင္းကို ျပန္မႈတ္သြင္းလိုက္နဲ႔ အခန္းတြင္းက အပူခ်ိန္ကို တျဖည္းျဖည္း က်ဆင္းလာေစၿပီး ေအးျမလာေစပါတယ္။
ဒီနည္းနဲ႔ အခန္းတြင္း အပူခ်ိန္ က်ဆင္းလာတာဟာ သုံးစြဲသူ သတ္မွတ္ထားတဲ့ အပူခ်ိန္ကို ေရာက္ၿပီ ဆိုတာကို အဲကြန္းရဲ႕ အာ႐ုံခံစနစ္က သိလိုက္တာနဲ႔ အဲကြန္းကို ခဏေလာက္ ရပ္ထားလိုက္ပါတယ္။စက္ရပ္တာ ၾကာလာလို႔ အခန္းတြင္း အပူခ်ိန္က ၂၅ ဒီဂရီ ထက္ ျပန္ျမင့္တက္လာမွ အဲကြန္းက အလုပ္ ျပန္လုပ္ပါတယ္။
ဒီေတာ့ အျပင္က ၃၅ ဒီဂရီ အပူခ်ိန္မ်ိဳးကို ကိုယ့္အိမ္တြင္းမွာ မခံစားႏိုင္လို႔ ေအးျမလာေအာင္ ၂၅ ဒီဂရီပဲ ထားသူနဲ႔ ၁၆ ဒီဂရီ ထားသူ ဓါတ္အားသုံးစြဲမႈခ်င္း လုံးဝ မတူေတာ့ပါဘူး။အခန္းတြင္း အပူခ်ိန္ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိခ်ဖို႔ဟာ အဲကြန္းတစ္လုံးအတြက္ ခက္ခဲပါတယ္။အဆင္ေျပသည့္တိုင္ေအာင္ ၁၆ ဒီဂရီ မေရာက္မခ်င္း အဲကြန္းဟာ မနားတမ္း အလုပ္လုပ္ရတဲ့အတြက္ မီတာအရမ္းစားသလို စက္အေပၚမွာလည္း ဝန္ပိေစၿပီး သုံးစြဲႏိုင္တဲ့ သက္တမ္း တိုေတာင္းေစ(ပ်က္လြယ္ျခင္းကို ဆိုလို) ပါတယ္။
ၿပီးေတာ့ ကိုယ့္အခန္းတြင္းမွာ ၁၆ တို႔ ၁၈ ဒီဂရီတို႔ ျဖစ္ေနဖို႔ တကယ္ေရာ လိုအပ္ရဲ႕လားလို႔ ျပန္သုံးသပ္သင့္ပါတယ္။လူ႔အေရျပားဟာ အပူခ်ိန္ ၂၅ ဒီဂရီေလာက္အထိ သက္ေသာင့္ သက္သာ ရွိရွိ ေနႏိုင္တာမို႔ အဲကြန္းကို ၂၅ ဒီဂရီမွာ ဆက္တင္လုပ္ထား ျခင္းဟာ ကိုယ့္အိမ္ခန္းထဲ ေရခဲတိုက္ ဖန္တီးထားျခင္းထက္ မီတာခကို မ်ားစြာ သက္သာေစသလို ျပင္ပအပူခ်ိန္နဲ႔ မ်ားစြာ ကြာတဲ့ အခန္းတြင္း အပူခ်ိန္မွာ အသားက်သြားၿပီ ျဖစ္တဲ့ ေရခဲတိုက္သမားမ်ားထက္ ျပင္ပ အပူခ်ိန္ကို ပိုၿပီး ခံႏိုင္ရည္ ရွိတဲ့အျပင္ အတြင္း အျပင္ အပူ အေအး ကြာျခားလြန္းလို႔ အခန္းျပင္ထြက္တာနဲ႔ ေလပူမိၿပီး ေရွာ့ခ္ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ကေနလည္း အတိုင္းအတာ တစ္ခုအထိ ကင္းေဝးေစႏိုင္ပါတယ္။
ေလတိုက္ႏႈန္းဟာလည္း Feels-like Temperature ကို သက္ေရာက္တာေၾကာင့္ ပန္ကာလည္ပတ္ႏႈန္း မ်ားရင္ ပိုေအးတယ္ ထင္ၿပီး တစ္ဆုံးတင္ထားၾကတာ မ်ားၾကပါတယ္။ပန္ကာလည္ႏႈန္း ျမင့္ေလ မီတာစားႏႈန္း ျမင့္ေလမို႔ စဖြင့္ဖြင့္ခ်င္း Fan Speed ကို တင္ခ်င္ တင္ၿပီး ေအးလာတာနဲ႔ အနိမ့္ဆုံးမွာ ျပန္ခ်ထားျခင္းဟာလည္း က်န္းမာေရးအတြက္ေရာ မီတာခ သက္သာေရးအတြက္ေရာ အေထာက္အကူ ျဖစ္ေစပါတယ္။
ခ်မ္းသာတဲ့ ဥေရာပႏိုင္ငံေတြ၊ ေျမာက္အေမရိက ႏိုင္ငံေတြ၊ အာရွက ဂ်ပန္တို႔ ကိုရီးယားတို႔ဟာ အလြန္ေအးတဲ့ ႏိုင္ငံေတြ ျဖစ္လို႔ သူတို႔ ႏိုင္ငံသားေတြဟာ အပူကို အရမ္းေၾကာက္ပါတယ္။ဒါေပမဲ့ သူတို႔ဆီက ဘတ္စ္ကားေတြ၊ ေလယာဥ္ပ်ံေတြ၊ ႐ုံးေတြ ေက်ာင္းေတြမွာ ေႏြရာသီမွာေတာင္ အဲကြန္းကို အပူခ်ိန္ ၂၅ ဒီဂရီေလာက္မွာပဲ ခ်ိန္ထား လုပ္ထားပါတယ္။
အမွန္က လူ႔အေရျပားဟာ ၂၀ နဲ႔ ၂၅ ဒီဂရီ စင္တီဂရိတ္ ၾကားက အပူခ်ိန္မွာ ေနလို႔ ထိုင္လို႔ အေကာင္းဆုံးပါ။ဒီေတာ့ အဲကြန္းကို ဖြင့္တဲ့အခါမွာ ၂၅ ဒီဂရီမွာ အပူခ်ိန္ကို ထိန္းညႇိထားလိုက္ျခင္းဟာ မီတာခ အရမ္းသက္သာသြားသလို က်န္းမာေရးကိုလည္း မထိခိုက္ေစေတာ့ပါဘူး။
လူအမ်ားစုက အဲယားကြန္းတပ္ဆင္ေတာ့မယ္ဆိုရင္ ေဈးႏႈန္းအေနအထားနဲ႔ စက္ရဲ႕ ခံႏိုင္ရည္အားကို ၾကည့္ၿပီး ဝယ္ယူတတ္ၾကပါတယ္။ ပုံမွန္အားျဖင့္ စနစ္တက် တြက္ခ်က္ၿပီးမွ အဲယားကြန္းတလုံးကို ဝယ္ ယူသင့္ပါတယ္။
အဲယားကြန္းကို စနစ္တက် တြက္ခ်က္သင့္တဲ့ အခ်က္ေတြကေတာ့ မိမိရဲ႕ အခန္းအက်ယ္နဲ႔ အဲယားကြန္းရဲ႕ စြမ္းေဆာင္ရည္ကို အခ်ိဳးက် ျပန္ၾကည့္ၿပီးမွ မိမိဝယ္ယူမယ့္ အမွတ္တံဆိပ္နဲ႔ ေဈးႏႈန္းကို ဝယ္ယူရမွာ ျဖစ္ပါတယ္။
အခန္းအက်ယ္ကို လုံလုံေလာက္ေလာက္ အေအးဓာတ္မေပးႏိုင္တဲ့ အဲယားကြန္းကို ဝယ္မိရင္ အဆင္မေျပႏိုင္သလို အခန္းက်ဥ္းက်ဥ္းမွာ စြမ္းေဆာင္ရည္ျမင့္တဲ့ အဲယားကြန္းကို ဝယ္မိရင္လည္း အေအးဓာတ္မ်ားေနတာေၾကာင့္ အၿမဲအပူခ်ိန္ တင္ၿပီး ဖြင့္ေနရမွာ ျဖစ္ပါတယ္။ ဒီလိုျဖစ္ေနတာက ေရရွည္မွာ က်န္းမာေရးအတြက္ ေကာင္းမွာမဟုတ္ပါဘူး။
အဲယားကြန္းဝယ္ရင္ ပထမဆုံး စနစ္တက် တြက္ခ်က္သင့္တဲ့ အခ်က္ကေတာ့ British Thermal Unit ဆိုတဲ့ BTU ျဖစ္ပါတယ္။ အေအးဓာတ္ ထုတ္လႊတ္ေပးႏိုင္မႈႏႈန္းကို BTU နဲ႔ တိုင္းတာပါတယ္။ ပုံမွန္အားျဖင့္ တြက္ခ်က္မယ္ဆိုရင္ မိမိ အသုံးျပဳမယ့္အခန္း အက်ယ္အဝန္းကို တြက္ခ်က္ၿပီး အဲယားကြန္းရဲ႕ BTUနဲ႔ ဝယ္ယူရမွာ ျဖစ္ပါတယ္။
မိမိသုံးမယ့္ အခန္းအက်ယ္အဝန္းကို စတုရန္းေပ ရေအာင္ တြက္လိုက္ပါ။ (၁ဝ) ေပ ပတ္လည္ အိပ္ခန္းအတြက္ အဲယားကြန္းတစ္လုံး ထားမယ္ဆိုရင္ အဲ့ဒီအိပ္ခန္းရဲ႕ စတုရန္းေပက (၁၀၀) စတုရန္းေပ ျဖစ္ပါလိမ့္မယ္။ ေပ (၂၀) ပတ္လည္ဧည့္ခန္းမွာ အဲယားကြန္းတပ္ဆင္မယ္ဆိုရင္ေတာ့ ဧည့္ခန္းရဲ႕ စတုရန္းေပက (၄၀၀) အထိ ရွိလာမွာ ျဖစ္ပါတယ္။
မွတ္သားထားရမယ့္ အခ်က္ေတြကေတာ့ စတုရန္းေပ (၁၅၀) ကေန (၃၅ဝ) အၾကား ဆိုရင္ BTU (၅ဝဝဝ) ကေန ၈ဝဝဝအတြင္းရွိ အဲယားကြန္းတပ္ရင္ အဆင္ေျပပါတယ္။ စတုရန္းေပ (၃၅၀) ကေန (၅၅ဝ) အၾကားရွိရင္ေတာ့ BTU (၈ဝဝဝ) မွ (၁၂၀၀၀) အတြင္းရွိ အဲယားကြန္းကို သုံးလို႔ရပါတယ္။
အခန္းအက်ယ္အဝန္း (၁၀၅၀) စတုရန္းေပ ကေန (၁၆၀၀) စတုရန္းေပ အတြင္းဆိုရင္ေတာ့ BTU (၁၈၅ဝဝ) မွ (၂၅ဝဝဝ) အတြင္းရွိ အဲယားကြန္းကို တပ္ဆင္သင့္ပါတယ္။ စတုရန္းေပ (၁၆၀၀) ထက္ ပိုမို က်ယ္ဝန္းတဲ့ အခန္းရင္ေတာ့ BTU (၁၈၅၀၀) ရွိတဲ့ အဲယားကြန္း (၂)လုံးကို ထည့္သြင္း အသုံးျပဳႏိုင္ပါတယ္။
အဲယားကြန္း ဝယ္ယူေတာ့မယ္ဆိုရင္ ေလေအးျဖန႔္က်က္ႏိုင္မႈ၊ စိုထိုင္းဆ၊ အဲယားကြန္းစနစ္ သန႔္ရွင္းႏိုင္မႈ လြယ္ကူျခင္း၊ အရည္အေသြး၊ ေရရွည္စိတ္ခ်ရမႈနဲ႔ ေဈးႏႈန္းမ်ားကို အေသးစိတ္ၾကည့္ရႈကာ ဝယ္ယူႏိုင္ပါတယ္။
အခုလို ပူေလာင္အိုက္စပ္တဲ့ ေႏြရာသီမွာ အဲကြန္း (Air Conditioner) ေတြဟာ အိမ္တိုင္းနဲ႔ လုပ္ငန္းခြင္တိုင္းမွာ မရွိမျဖစ္ ေနရာယူလာပါတယ္။ ရာသီဥတုေၾကာင့္ ပူေလာင္ေနတဲ့ အေျခအေနတခုကို အဲကြန္းေတြက ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ အပူဒဏ္ကေန သက္သာတယ္ဆိုေပမယ့္ အဲကြန္းခန္းထဲမွာပဲ အေနၾကာလာရင္ေတာ့ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။
ဒါေၾကာင့္မို႔လို႔ အဲကြန္းခန္းထဲမွာပဲ အေနမ်ားသူေတြအေနနဲ႔ က်န္းမာေရးဆိုးက်ိဳးေတြ မျဖစ္ေပၚရေအာင္ သတိျပဳလိုက္နာသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ေရမ်ားမ်ားေသာက္ပါ
(၂) အဲကြန္းခန္းထဲကေန ခ်က္ခ်င္း ေနပူထဲ ထြက္တာမ်ိဳးနဲ႔ ဝင္တာမ်ိဳးကို မျပဳလုပ္ပါနဲ႔
(၃) ေလေကာင္းေလသန႔္ ထြက္ရႉေပးပါ
(၄) အဲကြန္းသန႔္ရွင္းေရးကို ပုံမွန္ျပဳလုပ္ေပးပါ
အဲကြန္းေတြဟာ အသုံးျပဳတာၾကာလာတာနဲ႔အမွ် ဘက္တီးရီးယားနဲ႔ မႈိေတြကို ေပါက္ဖြားေစႏိုင္တာေၾကာင့္ အဲကြန္းသန႔္ရွင္းျပဳလုပ္ဖို႔ကို မေမ့ေလ်ာ့သင့္ပါဘူး။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
အလွေမြးငါးကန္ျဖင့္ လာဘ္ေခၚျခင္းႏွင့္ ဖုန္းေ႐ႊနည္းအရ ေနအိမ္အလွဆင္ျခင္း
ေရခဲေသတၱာအသုံးျပဳလွ်င္ ေရွာင္ရန္၊ ေဆာင္ရန္ ႏွင့္အႏၲရာယ္မရွိေအာင္ ထိန္းသိမ္းနည္း
ေခါင္းအုံးေအာက္ ၾကက္သြန္ျဖဴ ထားအိပ္ရင္ဘာျဖစ္ႏိုင္လဲႏွင့္ၾကက္သြန္ျဖဴ၏ ေကာင္းက်ိဳးမ်ား
Credit : SOE Electronic & Summit Air conditioner
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties