By Sint Sint, Shweproperty.com
Updated at 19 November 2020
Unicode Version
အိမ်ဆိုတာ လုံခြုံမှုအကာအကွယ်ပေးထားတဲ့ အရိပ်အမြုံတခုလို့ လက်ခံယုံကြည်ထားကြပါတယ်။ အိမ်ပြန်ရောက်ရင် စိတ်ထဲလုံခြုံမှုကို ခံစားရသလို စိတ်လက်ပေါ့ပါးသွားကြတာ သဘာဝပါပဲ။ ဒါပေမယ့် ကိုယ့်အိမ်ထဲမှာ ရှိသမျှ အရာတွေအားလုံးက မိတ်ဆွေစစ်တွေ မဟုတ်ကြပါဘူး။ အကူအညီရတာ၊ အသုံးဝင်တာ မှန်ပေမယ့် အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ အိမ်တွင်းရန်သူတွေ ပါဝင်နေပါတယ်။ ပစ္စည်းအရွယ်အစား သေးငယ်ရင်တောင် သတိမမူမိရင် အသက်အန္တရာယ်အထိ ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိနိုင်ပါတယ်။
အိမ်မှာရှိနေကျပစ္စည်းတွေက အမြဲတမ်း ပုံမှန်ဆို ဘာမှမဖြစ်ပေမယ့် အခန့်မသင့်ရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိထားသင့်ပါတယ်။ ကိုယ့်မိသားစုမှာ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေရှိတယ်ဆို ပိုသတိထားရမှာပါ။ သတိဆိုတာ ပိုတယ်မရှိပါဘူး။
ဓာတ်ခဲပိစိလေးတွေ
အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ (ဥပမာ – နာရီဓာတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက်စတီးမျှင်ထွေးတွေလို သံသတ္တုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့််ပြီး မီးထလောင်နိုင်ပါတယ်။
တီဗွီ
ဘယ်သူမဆို ဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုသတိထားသင့်ပါတယ်။ တီဗွီတွေကို အောက်ခြေမငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့အပြင် လျပ်စစ်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗွီစင်တွေကိုလည်း သတိထားကိုင်တွယ်ပါ။
ဂက်စ်မီးဖို
ဂက်စ်မီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့ မီးဖိုချောင် အသုံးအဆောင်ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ်အတွက်ပါ သတိထားရမယ့်အထဲ ထိပ်ဆုံးက ပါဝင်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့နဲ့ ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ပြင်ပလေထုအတွက် လက်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် အလုံပိတ်အခန်းအတွင်း ချက်ပြုတ်ရတာ ပုံမှန်ထက် ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ် ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ ချက်တဲ့အခါ အိမ်ထဲမှာ (မီးဖိုနဲ့ မနီးကပ်ရပါ) ပန်ကာဖွင့်ထားပါ၊ ဖြစ်နိုင်ရင် အိမ်ရှေ့ပြတင်းပေါက်တွေ ဖွင့်ထားပါ။ မီးတောက်က ပြာလဲ့လဲ့ဖြစ်ရပါမယ်။ လိမ္မော်ရောင်သန်းနေခဲ့ရင် မီးဖိုကို သေချာစစ်ဆေးဖို့ လိုနေပါပြီ၊ အရည်အသွေး စိတ်ချရတဲ့ မီးဖိုနဲ့ ဂက်စ်အိုးတွေကိုပဲ သုံးပါ၊ ဂက်စ်အိုးနားမှာ မီးနဲ့ပတ်သက်တာ မယူလာပါနဲ့ (ဥပမာ ဖယောင်းတိုင်)၊ ဂက်စ်အိုးနဲ့ ပိုက်တွေ လုံမလုံ၊ ယိုစိမ့်မှုရှိသလား အမြဲစစ်ဆေးပါ။
ဓား
ဓားမ၊ ဓားချွန်၊ ဓားအသေး စသည်ဖြင့် ဓားအမျိုးပေါင်းစုံကို စနစ်တကျမထားဘဲ တနေရာစီ ပစ်ထားမယ်ဆိုရင် အန္တရာယ်များနိုင်ပါတယ်။ အဲလောက်ဓားတွေများဖို့ မလိုအပ်ဘဲ ဓားထည့်စင်နဲ့ စီပြီးထားတာလည်း မတော်တဆ တိုက်ချမိတာမျိုး သတိထားပါ။ ကလေးတွေမမီတဲေ နေရာမှာ ထားပါ။
ရေကန်
ရေကူးကန် သို့မဟုတ် ရေတွင်း၊ ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ရေတွင်း၊ ရေကန်တွေ တဝိုက်မှာ ရေညှိတွေနဲ့ ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက် လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှ လူကြီးတွေပါ အန္တရာယ်ကင်းနိုင်မှာပါ။
ဆေး
အိမ်မှာ ဆေးတွေဆောင်ထားသင့်တယ် ဆိုပေမယ့် သိမ်းဆည်းတဲ့နေရာက အရေးကြီးပါတယ်။ ဆေးအမျိုးအစားတွေကို သီးခြား သပ်ရပ်စွာ ထားရှိပြီး ကလေးတွေမမီတဲ့နေရာမှာ ထားသင့်ပါတယ်။ မိသားစုထဲက တယောက်ယောက်က ဆေးမှားသောက်လိုက်တာ၊ ရက်လွန်ဆေးတွေကို မစွန့်ပစ်မိလို့ သောက်လိုက်မိတာ၊ ကလေးက ယူသောက်လိုက်တာတွေက ကိစ္စကြီးသွားစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ဖို့၊ ဆေးခန်းကပေးလိုက်တာ ဆိုလည်း တခြားမိသားစုဝင်တွေ ရမ်းမသောက်မိစေဖို့ သီးခြားထားသင့်ပါတယ်။
မှို
မှိုအမှုန်သေးသေးလေးတွေက လေထုထဲ ပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ ပန်းနာရင်ကျပ်နဲ့ တခြား ဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်ကမှိုလဲဆိုတော့ အိမ်က အစားအသောက်မှာ တက်တဲ့မှို၊ အမှိုက်တွေမှာ တက်တဲ့မှို၊ အိမ်မျက်နှာကြက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာဖြစ်တဲ့မှို ဖြစ်ပါတယ်။ အရောင်စုံဖြစ်လာတတ်တဲ့ မှိုအမှုန်လေးတွေက ကျန်းမာရေးအတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာ ရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ၊ ရက်လွန်အစားအစာတွေကို လွှင့်ပစ်ပါ၊ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ပါ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကျန်းမာရေးအတွက် ကောင်းမွန်သော အိမ်တွင်းစိုက်ပျိုးသင့်တဲ့ အပင်( ၁၀ )မျိုး
သင့်အိမ်ထဲမှာ အညံ့တွေ ကင်းစင်ချင်ရင် လုံးဝ မထားသင့်တဲ့ ပစ္စည်း (၅) မျိုး
ရေခဲသေတ္တာထဲထည့်ပြီး မစားသင့်တဲ့အစားအစာများ
အဲကွန်းသုံးတဲ့ အိမ်တိုင်း ၊ဆိုင်တိုင်း သတိထားရမည့် ကောင်းကျိုး ဆိုးကျိုးများ
Zawgyi Version
အိမ္ဆိုတာ လုံၿခဳံမႈအကာအကြယ္ေပးထားတဲ့ အရိပ္အၿမဳံတခုလို႔ လက္ခံယုံၾကည္ထားၾကပါတယ္။ အိမ္ျပန္ေရာက္ရင္ စိတ္ထဲလုံၿခဳံမႈကို ခံစားရသလို စိတ္လက္ေပါ့ပါးသြားၾကတာ သဘာဝပါပဲ။ ဒါေပမယ့္ ကိုယ့္အိမ္ထဲမွာ ရွိသမွ် အရာေတြအားလုံးက မိတ္ေဆြစစ္ေတြ မဟုတ္ၾကပါဘူး။ အကူအညီရတာ၊ အသုံးဝင္တာ မွန္ေပမယ့္ အခ်ိန္မေ႐ြး အႏၲရာယ္ေပးႏိုင္တဲ့ အိမ္တြင္းရန္သူေတြ ပါဝင္ေနပါတယ္။ ပစၥည္းအ႐ြယ္အစား ေသးငယ္ရင္ေတာင္ သတိမမူမိရင္ အသက္အႏၲရာယ္အထိ ျဖစ္လာႏိုင္တဲ့ အေနအထားေတြ ရွိႏိုင္ပါတယ္။
အိမ္မွာရွိေနက်ပစၥည္းေတြက အၿမဲတမ္း ပုံမွန္ဆို ဘာမွမျဖစ္ေပမယ့္ အခန႔္မသင့္ရင္ ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြကို သတိထားသင့္ပါတယ္။ ကိုယ့္မိသားစုမွာ အသက္ႀကီးသူေတြနဲ႔ ကေလးငယ္ေတြရွိတယ္ဆို ပိုသတိထားရမွာပါ။ သတိဆိုတာ ပိုတယ္မရွိပါဘူး။
ဓာတ္ခဲပိစိေလးေတြ
အီလက္ထေရာနစ္ပစၥည္းေတြမွာ ပါတဲ့ ဓာတ္ခဲေသးေသးေလးေတြ (ဥပမာ – နာရီဓာတ္ခဲအျပားေလးေတြ) ကို ကေလးငယ္ေတြ မ်ိဳခ်မိႏိုင္ပါတယ္။ Nine-volt ဓာတ္ခဲေတြဟာလည္း ပါကင္ေဖာက္ၿပီး ျပင္ပမွာ စကၠဴညႇပ္ေတြ၊ အိုးတိုက္စတီးမွ်င္ေထြးေတြလို သံသတၱဳေတြနဲ႔ ထိေတြ႕မိရင္ အပူရွိန္ျမင့္္ၿပီး မီးထေလာင္ႏိုင္ပါတယ္။
တီဗြီ
ဘယ္သူမဆို ျဖစ္ႏိုင္ေပမယ့္ အထူးသျဖင့္ ကေလးငယ္ေတြအတြက္ ပိုသတိထားသင့္ပါတယ္။ တီဗြီေတြကို ေအာက္ေျခမၿငိမ္တဲ့ ပရိေဘာဂေတြေပၚ တင္မထားပါနဲ႔။ အခန႔္မသင့္လို႔ ျပဳတ္က်ခဲ့ရင္ အႏၲရာယ္ရွိတဲ့အျပင္ လ်ပ္စစ္အႏၲရာယ္လည္း စိုးရိမ္ရပါတယ္။ အံဆြဲေတြပါတဲ့ တီဗြီစင္ေတြကိုလည္း သတိထားကိုင္တြယ္ပါ။
ဂက္စ္မီးဖို
ဂက္စ္မီးဖိုေတြက အိမ္ေတြမွာ အသုံးဝင္တဲ့ မီးဖိုေခ်ာင္ အသုံးအေဆာင္ျဖစ္ေပမယ့္ က်န္းမာေရးအတြက္ေရာ၊ မီးေဘးအႏၲရာယ္အတြက္ပါ သတိထားရမယ့္အထဲ ထိပ္ဆုံးက ပါဝင္ပါတယ္။ ကာဗြန္မိုေနာက္ဆိုဒ္ဓာတ္ေငြ႕နဲ႔ ေဖာ္မယ္လ္ဒီဟိုက္ေတြ ထြက္ရွိတဲ့ႏႈန္းက ပုံမွန္အသုံးဆို သိပ္မမ်ားေပမယ့္ ႏိုက္ထ႐ိုဂ်င္ေအာက္ဆိုဒ္ ထုတ္လႊတ္မႈက ျပင္ပေလထုအတြက္ လက္ခံႏိုင္တဲ့ အတိုင္းအတာထက္ ေက်ာ္လြန္ေနတယ္လို႔ သဘာဝပတ္ဝန္းက်င္ကာကြယ္ေရး အဖြဲ႕အစည္းက ထုတ္ျပန္ထားပါတယ္။ ဒါ့ေၾကာင့္ အလုံပိတ္အခန္းအတြင္း ခ်က္ျပဳတ္ရတာ ပုံမွန္ထက္ ပိုမ်ားတဲ့ စားဖိုမႉးေတြမွာ ဒီအႏၲရာယ္ ပိုစိတ္ပူရတာပါ။
ဒါ့ေၾကာင့္ ဂက္စ္မီးဖိုနဲ႔ ခ်က္တဲ့အခါ အိမ္ထဲမွာ (မီးဖိုနဲ႔ မနီးကပ္ရပါ) ပန္ကာဖြင့္ထားပါ၊ ျဖစ္ႏိုင္ရင္ အိမ္ေရွ႕ျပတင္းေပါက္ေတြ ဖြင့္ထားပါ။ မီးေတာက္က ျပာလဲ့လဲ့ျဖစ္ရပါမယ္။ လိေမၼာ္ေရာင္သန္းေနခဲ့ရင္ မီးဖိုကို ေသခ်ာစစ္ေဆးဖို႔ လိုေနပါၿပီ၊ အရည္အေသြး စိတ္ခ်ရတဲ့ မီးဖိုနဲ႔ ဂက္စ္အိုးေတြကိုပဲ သုံးပါ၊ ဂက္စ္အိုးနားမွာ မီးနဲ႔ပတ္သက္တာ မယူလာပါနဲ႔ (ဥပမာ ဖေယာင္းတိုင္)၊ ဂက္စ္အိုးနဲ႔ ပိုက္ေတြ လုံမလုံ၊ ယိုစိမ့္မႈရွိသလား အၿမဲစစ္ေဆးပါ။
ဓားမ၊ ဓားခြၽန္၊ ဓားအေသး စသည္ျဖင့္ ဓားအမ်ိဳးေပါင္းစုံကို စနစ္တက်မထားဘဲ တေနရာစီ ပစ္ထားမယ္ဆိုရင္ အႏၲရာယ္မ်ားႏိုင္ပါတယ္။ အဲေလာက္ဓားေတြမ်ားဖို႔ မလိုအပ္ဘဲ ဓားထည့္စင္နဲ႔ စီၿပီးထားတာလည္း မေတာ္တဆ တိုက္ခ်မိတာမ်ိဳး သတိထားပါ။ ကေလးေတြမမီတဲေ ေနရာမွာ ထားပါ။
ေရကန္
ေရကူးကန္ သို႔မဟုတ္ ေရတြင္း၊ ေရကန္ေတြဟာ ကေလးေတြအတြက္ အႏၲရာယ္ျဖစ္ပါတယ္။ ေရတြင္း၊ ေရကန္ေတြ တဝိုက္မွာ ေရညႇိေတြနဲ႔ ေခ်ာမေနဖို႔၊ သန႔္ရွင္းေနဖို႔ အၿမဲဂ႐ုစိုက္ လုပ္ေဆာင္ေနသင့္ပါတယ္။ ဒါမွ လူႀကီးေတြပါ အႏၲရာယ္ကင္းႏိုင္မွာပါ။
ေဆး
အိမ္မွာ ေဆးေတြေဆာင္ထားသင့္တယ္ ဆိုေပမယ့္ သိမ္းဆည္းတဲ့ေနရာက အေရးႀကီးပါတယ္။ ေဆးအမ်ိဳးအစားေတြကို သီးျခား သပ္ရပ္စြာ ထားရွိၿပီး ကေလးေတြမမီတဲ့ေနရာမွာ ထားသင့္ပါတယ္။ မိသားစုထဲက တေယာက္ေယာက္က ေဆးမွားေသာက္လိုက္တာ၊ ရက္လြန္ေဆးေတြကို မစြန႔္ပစ္မိလို႔ ေသာက္လိုက္မိတာ၊ ကေလးက ယူေသာက္လိုက္တာေတြက ကိစၥႀကီးသြားေစႏိုင္ပါတယ္။ ဆရာဝန္ၫႊန္ၾကားခ်က္လိုတဲ့ ေဆးေတြကို ကိုယ့္သေဘာနဲ႔ကိုယ္ မေသာက္ဖို႔၊ ေဆးခန္းကေပးလိုက္တာ ဆိုလည္း တျခားမိသားစုဝင္ေတြ ရမ္းမေသာက္မိေစဖို႔ သီးျခားထားသင့္ပါတယ္။
မႈိ
မႈိအမႈန္ေသးေသးေလးေတြက ေလထုထဲ ပ်ံ႕ႏွံ႔သြားတဲ့အခါ အသက္ရႉလမ္းေၾကာင္း ျပႆနာေတြ၊ ပန္းနာရင္က်ပ္နဲ႔ တျခား ဓာတ္မတည့္မႈေတြ ျဖစ္လာႏိုင္ပါတယ္။ ဘယ္ကမႈိလဲဆိုေတာ့ အိမ္က အစားအေသာက္မွာ တက္တဲ့မႈိ၊ အမႈိက္ေတြမွာ တက္တဲ့မႈိ၊ အိမ္မ်က္ႏွာၾကက္ သို႔မဟုတ္ ၾကမ္းျပင္ေထာင့္မွာျဖစ္တဲ့မႈိ ျဖစ္ပါတယ္။ အေရာင္စုံျဖစ္လာတတ္တဲ့ မႈိအမႈန္ေလးေတြက က်န္းမာေရးအတြက္ သိပ္အႏၲရာယ္ႀကီးပါတယ္။ ဒါ့ေၾကာင့္ အိမ္မွာ ေရစိမ့္တာလိုမ်ိဳး ယိုစိမ့္မႈေတြ၊ အစိုျပန္ျခင္းေတြကို အျမန္ဆုံးေျဖရွင္းပါ၊ ရက္လြန္အစားအစာေတြကို လႊင့္ပစ္ပါ၊ အမႈိက္ေတြကို စနစ္တက်စြန႔္ပစ္ပါ။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
က်န္းမာေရးအတြက္ ေကာင္းမြန္ေသာ အိမ္တြင္းစိုက္ပ်ိဳးသင့္တဲ့ အပင္( ၁၀ )မ်ိဳး
သင့္အိမ္ထဲမွာ အညံ့ေတြ ကင္းစင္ခ်င္ရင္ လုံးဝ မထားသင့္တဲ့ ပစၥည္း (၅) မ်ိဳး
ေရခဲေသတၱာထဲထည့္ၿပီး မစားသင့္တဲ့အစားအစာမ်ား
အဲကြန္းသုံးတဲ့ အိမ္တိုင္း ၊ဆိုင္တိုင္း သတိထားရမည့္ ေကာင္းက်ိဳး ဆိုးက်ိဳးမ်ား
Credit : Burmese DVB
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties