By Sint Sint, Shweproperty.com
Updated at 4 December 2020
Unicode
တိုက်ခန်းပေါင်း ၃ဝဝဝကျော်ပါဝင်မည့် ဒုတိယမြောက် City Loft စီမံကိန်း တည်ဆောက်မည်
တိုက်ခန်းပေါင်း ၃ဝဝဝကျော်ပါဝင်မည့် ဒုတိယမြောက် City Loft စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုကောင်းမွန်သောမြို့နယ်ဒေသတွင် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ယင်း စီမံကိန်းတွင် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အဆောက်အအုံများ၊ အပန်းဖြေ နေရာများနှင့် ရုံး၊ ဈေးစသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“City Loft @ StarCity ကို စတင်မိတ်ဆက်ခဲ့ချိန်က ပထမဆုံးအကြိမ် အိမ်ခန်းဝယ်ယူ ပိုင်ဆိုင် လိုသူ တွေ အရမ်းများနေတယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။City Loft @ StarCity ကို ရောင်းချရမှုသည် ကျွန်တော်တို့ ယခင်က လုပ်ဆောင်ခဲ့တဲ့ အခြားစီမံကိန်းတွေထက် များစွာသာ လွန် ခဲ့ပါတယ်။
အိမ်ခန်းတွေကို ဝယ်ယူဖို့ အထူးလိုလား ကြတာကို ကြည့်ခြင်းအားဖြင့် လူလတ်တန်းစား လူငယ်တွေဟာ သူတို့ရဲ့ ပထမဆုံး ကိုယ်ပိုင်အိမ်ဝယ်ယူဖို့ စိတ်အား ထက်သန်နေတယ်ဆိုတာကို ဖော်ပြနေခြင်းဘဲဖြစ်ပါတယ်။
ဒုတိယမြောက် City Loft စီမံကိန်းကြောင့် ရန်ကုန်မြို့တွင် ကျွန်တော် တို့ရဲ့ စီမံကိန်းကို တိုးချဲ့နိုင်စေရုံသာမက မိမိတို့ရဲ့ အလုပ်ခွင်နေရာအနီးတွင် နေထိုင်လိုသူ များအ တွက်ပါ ပိုမို အဆင်ပြေလာစေမှာ ဖြစ်ပါတယ်” ဟု Yoma Strategic ၏ အမှုဆောင် ဥက္ကဌ ဖြစ်သူ Mr. Serge Pun က ပြောသည်။
City Loft အိမ်ရာစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ရန်ကုန်မြို့၏ အရှေ့ဘက် Star City တွင် စတင်ခဲ့ပြီး ၂၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ လာမည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ပြီးစီးနိုင်မည်
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီး လာမည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာတွင် တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးအောင် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို၏ ပြောကြားချက်အရ သိရသည်။
“ အခုကတော့ ဒလတံတားစီမံကိန်းက အပိုင်းသုံးပိုင်းစလုံး ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ပင်မတံတားအနေနဲ့ဆိုရင် နိုဝင်ဘာ နောက်ဆုံးပတ်က ဘိုးပိုင်တစ်လုံးက အားလုံးပြီးစီး၍ကွန်ကရစ်လောင်းတာတွေ လုပ်ကိုင်ပြီးဖြစ်ပါတယ်။
ပင်မတံတားမှ စုစုပေါင်း ဘိုးပိုင် ၄၆လုံးရှိတဲ့နေရာမှာ ၂ရလုံး ပြီးစီးလို့ ကွန်ကရစ်လောင်းပြီးဖြစ်ပါတယ်။ဒီတံတားကြီးတည်ဆောက်ရေးတွေအနေနဲ့ ရန်ကုန်ဘက်ခြမ်းရော၊ ဒလဘက်ခြမ်းမှာပါ ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီး ပင်မတံတား ရေလည်ခေါင်ဘိုးပိုင်တူးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပါတယ်။
လာမယ့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှာ စီမံကိန်း လုပ်ငန်းတွေအားလုံးပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ကိုဗစ်ကြောင့် နှောင့်နှေးသွားရတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို အချိန်မှီ ပြီးစီးနိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားသည်။
အဆိုပါ ဒလတံတားတည်ဆောက်ရေး လုပ်ငန်းများကို ကိုဗစ်ကာလအတွင်း ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ၂၀၂ဝပြည့်နှစ်၊နိုဝင်ဘာ ၅ ရက်က ကိုရီးယား-မြန်မာချစ်ကြည်ရေး (ရန်ကုန်-ဒလ) မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် COVID-19 ရောဂါဖြစ်ပွားနေသော ကာလအတွင်း တစ်လနီးပါးခန့် ယာယီရပ်နားထားခဲ့ရပြီး ယခုအခါ ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများနှင့် ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ ပြန်လည်စတင်နေကြောင်း သိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကို မြတ်နိုးသူဆောက်လုပ်ရေးက တာဝန်ယူဆောင်ရွက်နေသည့် ပထမအပိုင်းဖြစ်သော ဒလမြို့နယ် ရန်ကုန်မြစ်ဆိပ်ကမ်းအနီး ဗိုလ်မင်းရောင်လမ်းပေါ် ဒလဘက်အခြမ်း ချဉ်းကပ်တံတားအပိုင်းတွင် ကမ်းကပ်ခုံ A1 အပိုင်း Abutment Bored Pile တူးဖော်ခြင်း၊ ဘိုးပိုင်တူးဖော်ခြင်း၊ချဉ်းကပ်တံတား Bored Pile တူးဖော်ခြင်း၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ပါဝင်ပြီး ထိုအပိုင်းတွင် Pile တိုင် ၁၄ ခုတည်ဆောက်ခြင်း၊ လေးလမ်းသွား တံတားချဉ်းကပ်လမ်း တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်ဘက်ခြမ်းတံတားတည် ဆောက်ရေးတွင် ဒလဘက်မှ ဘုန်းကြီးလမ်းအတိုင်း နှစ်လမ်းသွား တံတားတစ်စင်း၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း ရန်ကုန်မြို့တွင်း ဆူးလေဘုရားဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်း ၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်ဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်း စုစုပေါင်း တံတားသုံးစင်း တည်ဆောက်သွားမည်ဖြစ်သည်။
နောက်ဆုံးရ သတင်းများ
COVID-19 ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းများကို အတိုးနှုန်း သက်သာသော ODA ချေးငွေဖြင့် ရောင်းချရာတွင် DUHD SALE HOUSING ၌ စာရင်းသွင်းရန် ကြေညာ
ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အပိုင်း (၁) မှ အဆန်လမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများ ပြီးစီးတော့မည်ဖြစ်ပြီး အစုန်လမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ၂၀၂၁ ခုနှစ်တွင် စတင်မည်
ရန်ကုန်ကနေ ဘန်ကောက်ကို ၉ နာရီကြာပဲ သွားနိုင်မယ့် လမ်းမကြီး စီမံကိန်း စတင်နေပါပြီ
Zawgyi
တိုက္ခန္းေပါင္း ၃ဝဝဝေက်ာ္ပါဝင္မည့္ ဒုတိယေျမာက္ City Loft စီမံကိန္း တည္ေဆာက္မည္ဆိုတဲ့သတင္းႏွင့္အတူ ကိုရီးယား-ျမန္မာ ခ်စ္ၾကည္ေရး (ရန္ကုန္-ဒလ) ျမစ္ကူးတံတားတည္ေဆာက္ေရး စီမံကိန္းလုပ္ငန္းသတင္း
တိုက္ခန္းေပါင္း ၃ဝဝဝေက်ာ္ပါဝင္မည့္ ဒုတိယေျမာက္ City Loft စီမံကိန္း တည္ေဆာက္မည္
တိုက္ခန္းေပါင္း ၃ဝဝဝေက်ာ္ပါဝင္မည့္ ဒုတိယေျမာက္ City Loft စီမံကိန္းကို ရန္ကုန္တိုင္းေဒသႀကီး၏ ဖြံ႕ၿဖိဳးမႈေကာင္းမြန္ေသာၿမိဳ႕နယ္ေဒသတြင္ တည္ေဆာက္ႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ယင္း စီမံကိန္းတြင္ လူမႈပတ္ဝန္းက်င္ဆိုင္ရာ အေဆာက္အအုံမ်ား၊ အပန္းေျဖ ေနရာမ်ားႏွင့္ ႐ုံး၊ ေဈးစသည္တို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
“City Loft @ StarCity ကို စတင္မိတ္ဆက္ခဲ့ခ်ိန္က ပထမဆုံးအႀကိမ္ အိမ္ခန္းဝယ္ယူ ပိုင္ဆိုင္ လိုသူ ေတြ အရမ္းမ်ားေနတယ္ ဆိုတာကို ကြၽန္ေတာ္တို႔ ေတြ႕ရွိခဲ့ရပါတယ္။City Loft @ StarCity ကို ေရာင္းခ်ရမႈသည္ ကြၽန္ေတာ္တို႔ ယခင္က လုပ္ေဆာင္ခဲ့တဲ့ အျခားစီမံကိန္းေတြထက္ မ်ားစြာသာ လြန္ ခဲ့ပါတယ္။
အိမ္ခန္းေတြကို ဝယ္ယူဖို႔ အထူးလိုလား ၾကတာကို ၾကည့္ျခင္းအားျဖင့္ လူလတ္တန္းစား လူငယ္ေတြဟာ သူတို႔ရဲ႕ ပထမဆုံး ကိုယ္ပိုင္အိမ္ဝယ္ယူဖို႔ စိတ္အား ထက္သန္ေနတယ္ဆိုတာကို ေဖာ္ျပေနျခင္းဘဲျဖစ္ပါတယ္။
ဒုတိယေျမာက္ City Loft စီမံကိန္းေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္ ကြၽန္ေတာ္ တို႔ရဲ႕ စီမံကိန္းကို တိုးခ်ဲ႕ႏိုင္ေစ႐ုံသာမက မိမိတို႔ရဲ႕ အလုပ္ခြင္ေနရာအနီးတြင္ ေနထိုင္လိုသူ မ်ားအ တြက္ပါ ပိုမို အဆင္ေျပလာေစမွာ ျဖစ္ပါတယ္” ဟု Yoma Strategic ၏ အမႈေဆာင္ ဥကၠဌ ျဖစ္သူ Mr. Serge Pun က ေျပာသည္။
City Loft အိမ္ရာစီမံကိန္းကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလက ရန္ကုန္ၿမိဳ႕၏ အေရွ႕ဘက္ Star City တြင္ စတင္ခဲ့ၿပီး ၂၅ ႏွစ္ အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္းလည္း သိရသည္။
ကိုရီးယား-ျမန္မာ ခ်စ္ၾကည္ေရး (ရန္ကုန္-ဒလ) ျမစ္ကူးတံတားတည္ေဆာက္ေရး စီမံကိန္းလုပ္ငန္းမ်ား လာမည့္ ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာတြင္ ၿပီးစီးႏိုင္မည္
ကိုရီးယား-ျမန္မာ ခ်စ္ၾကည္ေရး (ရန္ကုန္-ဒလ) ျမစ္ကူးတံတားတည္ေဆာက္ေရး စီမံကိန္းလုပ္ငန္းမ်ား ရာခိုင္ႏႈန္း ၂၀ ၿပီးစီးေနၿပီး လာမည့္ ၂၀၂၂ခုႏွစ္၊ ေအာက္တိုဘာတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား အားလုံးၿပီးစီးေအာင္ ေဆာင္႐ြက္ေနေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊တံတားဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ေကာင္းခ်ိဳ၏ ေျပာၾကားခ်က္အရ သိရသည္။
“ အခုကေတာ့ ဒလတံတားစီမံကိန္းက အပိုင္းသုံးပိုင္းစလုံး ျပန္လည္စတင္ေနၿပီျဖစ္ပါတယ္။ပင္မတံတားအေနနဲ႔ဆိုရင္ ႏိုဝင္ဘာ ေနာက္ဆုံးပတ္က ဘိုးပိုင္တစ္လုံးက အားလုံးၿပီးစီး၍ကြန္ကရစ္ေလာင္းတာေတြ လုပ္ကိုင္ၿပီးျဖစ္ပါတယ္။
ပင္မတံတားမွ စုစုေပါင္း ဘိုးပိုင္ ၄၆လုံးရွိတဲ့ေနရာမွာ ၂ရလုံး ၿပီးစီးလို႔ ကြန္ကရစ္ေလာင္းၿပီးျဖစ္ပါတယ္။ဒီတံတားႀကီးတည္ေဆာက္ေရးေတြအေနနဲ႔ ရန္ကုန္ဘက္ျခမ္းေရာ၊ ဒလဘက္ျခမ္းမွာပါ ရာခိုင္ႏႈန္း ၂၀ ၿပီးစီးေနၿပီး ပင္မတံတား ေရလည္ေခါင္ဘိုးပိုင္တူးတဲ့ လုပ္ငန္းကို ဆက္လက္ေဆာင္႐ြက္ေနပါတယ္။
လာမယ့္ ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာမွာ စီမံကိန္း လုပ္ငန္းေတြအားလုံးၿပီးစီးေအာင္ ေဆာင္႐ြက္ေနပါတယ္။ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးသြားရတဲ့ တည္ေဆာက္ေရးလုပ္ငန္းေတြကို အခ်ိန္မွီ ၿပီးစီးႏိုင္ေအာင္ လုပ္ေဆာင္ေနပါတယ္” ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊တံတားဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ေကာင္းခ်ိဳက The Daily Eleven သတင္းစာသို႔ ဒီဇင္ဘာ ၁ ရက္က ေျပာၾကားသည္။
အဆိုပါ ဒလတံတားတည္ေဆာက္ေရး လုပ္ငန္းမ်ားကို ကိုဗစ္ကာလအတြင္း ရပ္နားထားခဲ့ျခင္းျဖစ္ၿပီး ၂၀၂ဝျပည့္ႏွစ္၊ႏိုဝင္ဘာ ၅ ရက္က ကိုရီးယား-ျမန္မာခ်စ္ၾကည္ေရး (ရန္ကုန္-ဒလ) ျမစ္ကူးတံတား တည္ေဆာက္ေရး စီမံကိန္းလုပ္ငန္းမ်ား ျပန္လည္စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ ဘုန္းႀကီးလမ္းႏွင့္ ဒလၿမိဳ႕နယ္ ကမာကဆစ္ ရပ္ကြက္ ဗိုလ္မင္းေရာင္လမ္းမႀကီးတို႔သို႔ ဆက္သြယ္တည္ေဆာက္လ်က္ရွိေသာ ျမန္မာ-ကိုရီးယားခ်စ္ၾကည္ေရး ဒလျမစ္ကူးတံတား တည္ေဆာက္ေရး လုပ္ငန္းမ်ားအေနျဖင့္ COVID-19 ေရာဂါျဖစ္ပြားေနေသာ ကာလအတြင္း တစ္လနီးပါးခန႔္ ယာယီရပ္နားထားခဲ့ရၿပီး ယခုအခါ ခ်ဥ္းကပ္တံတားမ်ား ဘိုးပိုင္တူးေဖာ္ျခင္းလုပ္ငန္းမ်ားႏွင့္ ပင္မတံတား ေရလယ္တိုင္ ဘိုးပိုင္တူးေဖာ္ျခင္းလုပ္ငန္းမ်ား ျပန္လည္စတင္ေနေၾကာင္း သိရသည္။
ျမန္မာ-ကိုရီးယားခ်စ္ၾကည္ေရး ဒလတံတားကို ျမတ္ႏိုးသူေဆာက္လုပ္ေရးက တာဝန္ယူေဆာင္႐ြက္ေနသည့္ ပထမအပိုင္းျဖစ္ေသာ ဒလၿမိဳ႕နယ္ ရန္ကုန္ျမစ္ဆိပ္ကမ္းအနီး ဗိုလ္မင္းေရာင္လမ္းေပၚ ဒလဘက္အျခမ္း ခ်ဥ္းကပ္တံတားအပိုင္းတြင္ ကမ္းကပ္ခုံ A1 အပိုင္း Abutment Bored Pile တူးေဖာ္ျခင္း၊ ဘိုးပိုင္တူးေဖာ္ျခင္း၊ခ်ဥ္းကပ္တံတား Bored Pile တူးေဖာ္ျခင္း၊ ကြန္ကရစ္ေလာင္းျခင္းလုပ္ငန္းမ်ား ပါဝင္ၿပီး ထိုအပိုင္းတြင္ Pile တိုင္ ၁၄ ခုတည္ေဆာက္ျခင္း၊ ေလးလမ္းသြား တံတားခ်ဥ္းကပ္လမ္း တည္ေဆာက္ျခင္းတို႔ ပါဝင္ေၾကာင္း သိရသည္။
ရန္ကုန္ဘက္ျခမ္းတံတားတည္ ေဆာက္ေရးတြင္ ဒလဘက္မွ ဘုန္းႀကီးလမ္းအတိုင္း ႏွစ္လမ္းသြား တံတားတစ္စင္း၊ ဒလဘက္မွ ကမ္းနားလမ္းအတိုင္း ရန္ကုန္ၿမိဳ႕တြင္း ဆူးေလဘုရားဘက္သို႔ တစ္လမ္းေမာင္း တံတားတစ္စင္း ၊ ဒလဘက္မွ ကမ္းနားလမ္းအတိုင္း အလုံၿမိဳ႕နယ္ဘက္သို႔ တစ္လမ္းေမာင္း တံတားတစ္စင္း စုစုေပါင္း တံတားသုံးစင္း တည္ေဆာက္သြားမည္ျဖစ္သည္။
ေနာက္ဆုံးရ သတင္းမ်ား
COVID-19 ကာကြယ္ေရး ၫႊန္ၾကားခ်က္ႏွင့္အညီ လူစုလူေဝး မျဖစ္ေပၚေစရန္ တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ခန္းမ်ားကို အတိုးႏႈန္း သက္သာေသာ ODA ေခ်းေငြျဖင့္ ေရာင္းခ်ရာတြင္ DUHD SALE HOUSING ၌ စာရင္းသြင္းရန္ ေၾကညာ
ရန္ကုန္-မႏၲေလး မီးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္း အပိုင္း (၁) မွ အဆန္လမ္းပိုင္း အဆင့္ျမႇင့္တင္မႈလုပ္ငန္းမ်ား ၿပီးစီးေတာ့မည္ျဖစ္ၿပီး အစုန္လမ္းပိုင္း အဆင့္ျမႇင့္တင္မႈလုပ္ငန္းမ်ားကို ၂၀၂၁ ခုႏွစ္တြင္ စတင္မည္
ရန္ကုန္ကေန ဘန္ေကာက္ကို ၉ နာရီၾကာပဲ သြားႏိုင္မယ့္ လမ္းမႀကီး စီမံကိန္း စတင္ေနပါၿပီ
Credit : Nutritionalmenu and Tharaye
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties