By The Trade Times, Shweproperty.com
Updated at 17 August 2015
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်း ကုန်းမြို့နယ်၌ တည်ဆောက်မည့် ဒုတိယ စီးပွားရေးဇုံအား ငါးနှစ် အတွင်း အပြီးသတ်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။
အဆိုပါ ဒုတိယစီးပွားရေးဇုန် စီမံကိန်းအား ၂ဝ၁၃ ခုနှစ်မှ စတင် ကာ ဆောင်ရွက်ရန် စီစဉ်ခဲ့ကြပြီး ၂ဝ၁၄ ခုနှစ်အတွင်း တင်ဒါခေါ်ယူခဲ့ ရာ ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လအတွင်း ၌ ကုမ္ပဏီတစ်ခု တင်ဒါအောင်မြင်ခဲ့ ကြောင်း သိရသည်။
”တင်ဒါအောင်မြင်တာက ပြီးခဲ့ တဲ့ နှစ်ကတည်းက။ အခုတော့ မြေစမ်းနေပြီ။ အဆင့်ဆင့် လုပ် ဆောင်မှုတွေ ရှိနေတဲ့အပြင် ကုမ္ပဏီ တစ်ခုတည်းလည်း ဖြစ်တာကြောင့် နည်းနည်းကြာနေတာပါ” ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော် မတီ၊ အင်ဂျင်နီယာ (အဆောက် အအုံ) ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒုတိယစီးပွားရေးဇုန် စီမံကိန်း အား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်း ကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေ ၃၈ ဧက ပေါ်တွင် ဖော်ဆောင်သွားမည်ဖြစ်ပြီး လုပ်ဆောင်ခွင့် ရရှိသည့် တင်ဒါ အောင်မြင်ပြီးသား ကုမ္ပဏီမှာ Myanmar V-Pile Group of Co., Ltd ဖြစ်ကာ ယင်းကုမ္ပဏီသည် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ် ကြောင်း သိရသည်။
ယခုစီမံကိန်းသည် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ နှင့် Myanmar V-Pile Group of Co., Ltd တို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်မည့်လုပ်ငန်းဖြစ်ပြီး လက်ရှိ တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (Myanmar Investment Commission-MIC) ထံ ရင်းနှီးမြှုပ်နှံ ခွင့် တင်ထားပြီးဖြစ်ကာ မြေသား စမ်းသပ်မှုများ လုပ်ကိုင်လျက်ရှိပြီး အဆိုပါ စီမံကိန်းကို ငါးနှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယ စီးပွားရေးဇုံ စီမံကိန်း အတွင်း စီးပွားရေးအဆောက်အအုံ များအပြင် လူနေကွန်ဒိုများ၊ ဆေးရုံ၊ ဈေးဝယ်စင်တာ၊ ရုံးခန်းများ၊ ဟိုတယ်များ အစရှိသည်တို့ ပါဝင်နေ မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တင်ဒါအောင်မြင် ထားသည့် Myanmar V-Pile Group of Co.,Ltd အနေဖြင့် ၁၂ ထပ်အမြင့် ရှိသည့် စီးပွားရေးအဆောက်အအုံ နှစ်လုံး၊ ငါးထပ်အမြင့်ရှိသည့် ဈေး ဝယ်စင်တာတစ်လုံး၊ ၁၂ ထပ် အမြင့် ရှိသည့် ကုမ္ပဏီရုံးခန်းများသာ ပါဝင် သော အဆောက်အအုံတစ်လုံး၊ ငါးထပ်အမြင့် ရှိသည့် Conversation Center အစရှိသည့် အဆောက် အအုံများကို ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာန မှ သိရသည်။
”ဒီစီးပွားရေးဇုန် ပြီးသွားရင် တော့ မြို့လယ်ကောင်မှာ ဖြစ်နေတဲ့ ယာဉ်ကြောကျပ်တာတွေ၊ လူနေ သိပ်သည်းတာတွေ၊ မြို့လယ်တစ်ခု တည်း ဖွံ့ဖြိုးတိုးတက်နေတာတွေ မဟုတ်တော့ဘဲ ရန်ကုန်မြို့နေရာ အနှံ့ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ် တယ်”ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံ ကိန်း ညွှန်ကြားရေးမှူး ဦးတိုးအောင် က ပြောသည်။
အဆိုပါဒုတိယ စီးပွားရေးဇုန် စီမံကိန်းသည် JICA နှင့် မြို့တော် စည်ပင် ပူးပေါင်းရေးဆွဲခဲ့သည့် ရန်ကုန်မြို့တော် ၂ဝ၄ဝ City Plan အတွင်းပါရှိကြောင်း သိရသည်။
ဒုတိယစီးပွားရေး ဇုန်အဖြစ် အကောင်အထည်ဖော်ရန် အဆိုပါ နေရာကို ရွေးချယ်ခဲ့ရခြင်းမှာလည်း ယင်းနေရာသည် လူအသွားအလာ ကျဲပါးခြင်း၊ ခရီးသည် တင်ယာဉ်လိုင်း များ ဖြတ်သန်းသွားမှု မရှိခြင်းနှင့် လက်ရှိ အဆိုပါ တည်နေရာသည် စီးပွားရေးဇုန်အဖြစ် အကောင် အထည်ဖော် လုပ်ကိုင်ရန် အထူး ကောင်းမွန်သည့်နေရာ ဖြစ်နေခြင်း စသည့် အချက်များကြောင့် ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
”စီးပွားရေးဇုန်လို့ စခဲ့တဲ့ အချိန် ကတည်းက မြေဈေးနှုန်းတွေ အဆ မတန် မြင့်တက်လာခဲ့တာလေ။ အဓိကက မင်းဓမ္မလမ်း အနီးတစ် ဝိုက်၊ တောင်ဥက္ကလာ ပါရမီလမ်း တစ်လျှောက်၊ ဝေဇယန္တာလမ်းတစ် လျှောက် ဈေးတွေ နှစ်ဆ၊ သုံးဆ နီးပါး မြင့်တက်ခဲ့တယ်။ အခုလည်း ဈေး တွေကတော့ အမြင့်ဈေးမှာ ရှိနေပြီး အရောင်းအဝယ်တွေကတော့ ရပ်နေ တယ်” ဟု Lucky Star အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ ဦးညီညီက ပြောသည်။
အဆိုပါ စီးပွားရေးဇုန် စီမံကိန်း ကြောင့် ဖွံ့ဖြိုးတိုးတက်ရန်နှောင့်နှေး နေသည့် မြို့နယ်အများစု ဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်လာ နိုင်သည့် မြို့နယ်များမှာ တောင် ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ ပိုင်း၊မြောက်ပိုင်း၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်၊ မင်္ဂလာဒုံမြို့နယ်အစရှိသည့် မြို့နယ်များ ဖြစ်ကြောင်း၊ ယင်း မြို့နယ်များ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှု နှင့်အတူ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်း များ စသည်တို့လည်း ပိုမိုတိုးတက် လာနိုင်မည် ဖြစ်ကြောင်း သိရ သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties