By Myanmar Builders Guide, Shweproperty.com
Updated at 13 January 2020
ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် မြေကွက်များကို Infrastructure ကြေး ထပ်မံပေးဆောင်စရာ မလိုပဲ ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဟံထွန်းကပြောသည်။
ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် မြေကွက်များကို ယခင်က ၆ လ အရစ်ကျစနစ် မှ ယခု ၂လ အရစ်ကျစနစ်ဖြင့် ဝယ်ယူရန် ဦးဟံထွန်းက မေတ္တာရပ်ခံခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက်ရှိ မြေကွက် ၁၅၅ ကွက်ကို ငွေကျပ် (၆၆) သိန်းဝန်းကျင်မှ ငွေကျပ် သိန်း (၁၃ဝ) အထိ ဈေးနှုန်းများ သတ်မှတ်ထားသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပေ (၄ဝ×၄ဝ) မြေကွက်များကို ငွေကျပ် သိန်း (၇ဝ) ဝန်းကျင်မှ ငွေကျပ် သိန်း (၁ဝဝ) အထိ ရပ်ကွက်အလိုက် ပေါက်ဈေးများရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များမှ တစ်ဆင့် သိရသည်။
အဆိုပါမြေကွက်များကို ယခင်က ၉၅ ရာခိုင်နှုန်း အခြေခံလိုအပ်ချက်များဖြစ်သော လမ်း၊ မီး၊ ရေ စသည့် ကုန်ကျစရိတ်များကို မြေကွက်ဝယ်ယူခွင့် ရရှိသူမှ ကျသင့်ငွေကို ထပ်တိုးပေးချေရမည်ဖြစ်ပြီး ယခုအခါ မြေကွက်များကို Infrastructureကြေး ထပ်မံကောက်ခံခြင်း မပြုဘဲ မျက်မြင်အခြေအနေတိုင်းသာ ရောင်းချသွားမည်ဟု တိုင်းအစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဟံထွန်းမှ ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် မြေကွက်များကို မဲစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး နှစ်လအရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties