By The Trade Times, Shweproperty.com
Updated at 7 August 2015
အဆောက်အအုံများဆောက်လုပ်ရာတွင် မြေချန်ထားရှိမှု ပုံစံများအား စက်တင်ဘာလ ၁ရက်မှ စတင်ကာ ပြောင်းလဲသတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။ ပေ ၄၀ - ၆၀ အထက် မြေကွက်များ၌ အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ဘေးတစ်ဖက်တစ်ချက် သုံးပေစီချန်ကာ တည်ဆောက်ရပါမည်။ ပေ ၄၀ - ၆၀ အောက် မြေကွက်များတွင် အဆောက်အအုံ တည်ဆောက်ပါက အခန်းတွဲ နှစ်တွဲ အထိသာ ခွင့်ပြုသွားမည် ဖြစ်ပါသည်။ ပေ ၃၉ - ၆၀ နှင့်ပေ ၂၆ - ၅၀ ကြား ရှိသည့် မြေကွက်များတွင် အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ဘေးတစ်ဖက်တစ်ချက်စီ၌ တစ်ပေခွဲခန်. ချန်ကာ တည်ဆောက်ရမည် ဖြစ်ပါသည်။
ပေ ၂၅ - ၅၀ အောက် ရှိတဲ့ မြေကွက်တွေကိုတော့ တစ်ပေစီချန်ပြီး တည်ဆောက်ရပါမည်။ မြို.လယ်ကောင် မြို.နယ် ခြောက်ခုက လွဲရင် ကျန်မြို.နယ်တွေ အားလုံး ပါဝင်ပါတယ်။
ထိုစနစ်ကို ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီ အီးစီအဖွဲ.၏ ဆုံးဖြတ်ချက်ဖြင့် စင်တင်ဘာလ ၁ရက်နေ.မှ စတင် ကျင့်သုံးသွားမှာ ဖြစ်ပါသည်။
မြို.လယ်ကောင်ရှိ လေးထပ်မှ ရှစ်ထပ်အထိ အဆောက်အအုံများ တည်ဆောက်ရာတွင် ရှေ.နှင့်ဘေးနှစ်ဖက်အား မြေပြန်.ထားရှိကာာ နောက်ဘက် နောက်ဖေးလမ်းကြားရှိပါက တစ်ပေစီ ချန်ရမည် ဖြစ်သည်။ တခြားမြို.နယ်များတွင်တော့ ရှေ.ဘက် မြေညီထပ်အား ငါးပေ၊ ကျန်အထပ်များအား Cantilever လေးပေ ပြန်ထုတ်ပြီး တစ်ပေချန်ကာ ဘေးနှစ်ဖက် အမိုးစွန်းမှ အနည်းဆုံး တစ်ပေ ချန်ရမည်ဖြစ် သကဲ့သို. နောက်ဘက်တွင် နောက်ဖေးလမ်းကြား ရှိပါက တစ်ပေစီချန်၍ နောက်ဖေးလမ်းကြား မရှိပါက မြေညီထပ်အား ခြောက်ပေချန်ကာ ကျန်အထပ်များ သုံးပေချန်ရမည် ဖြစ်သည်။
အထပ်နိမ့် အဆောက်အအုံများ ဆောက်လုပ်ခွင့် တင်ပြရာတွင် လိုက်နာရမည့် မြေကျန်များမှာ အနည်းဆုံး ပေ ၄၀ - ၆၀ ကျယ်ဝန်းသည့် မြေကွက်အတွက် သုံးထပ်နှင့် အောက် အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြရာတွင် အရှေ.ဘက်၌ ၁၂ပေ၊ လက်ဝဲဘက် အမိုးစွန်း၌ သုံးပေ၊ နောက်ဘက်၌ နောက်ဖေးလမ်းကြားရှိပါက တစ်ပေ၊ နောက်ဖေးလမ်းကြား မရှိပါက မြေညီထပ်အား ခြောက်ပေနှင့် ကျန်အထပ်များ သုံးပေစီ မြေချန်လှပ် တည်ဆောက်ရမည် ဖြစ်ပြီး မိမိခြံနှင့် ကပ်လျက် အိမ်၏ ထောက်ခံချက်ဖြင့် တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာန၏ သတ်မှတ်ချက်များအရ သိရသည်။
ရန်ကုန်နယ်နိမိတ်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ ဖြစ်သော ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်းတို.၌ မည်သည့် အဆောက်အအုံမဆို ဆောက်လုပ်မည်ဆိုပါက ပင်မအဆောက်အအုံ၏ ရှေ.ဘက်တွင် မိမိပိုင် နယ်နိမိတ်အတွင်းမှ ပေ၂၀ ချန်၍ တင်ပြရမည် ဖြစ်ကြောင်း၊ ထိုမြေပေါ်တွင် မိမိခြံကို ဖောက်၍ ဆိုင်ခန်းဆောက်လုပ်လိုပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ.၏ သဘောထားမှတ်ချက်ဖြင့် ပိုင်ရှင်များက ပူးတွဲတင်ပြနိုင်ကြောင်း၊ ထိုသို. တင်ပြလာမှုအပေါ် ရန်ကုန် မြို.တော်စည်ပင်သာယာရေး ကော်မတီက စိစစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties